ဖားကန့်မှာလက်နက်ကြီးကျလို့ မိခင်ဖြစ်သူသေဆုံး၊ ကလေးငယ် ၂ ဦးဒဏ်ရာပြင်းထန်

ဖားကန့်မှာလက်နက်ကြီးကျလို့ မိခင်ဖြစ်သူသေဆုံး၊ ကလေးငယ် ၂ ဦးဒဏ်ရာပြင်းထန်

ကချင်ပြည်နယ် ဖားကန့်မြို့ လုံးခင်းအုပ်စုမှာ မနေ့ညက လက်နက်ကြီးကျရောက်ပေါက်ကွဲလို့ အသက် ၃၇ နှစ်အရွယ် ကလေးနှစ်ယောက်ရဲ့ မိခင်သေဆုံးခဲ့ရပါတယ်။

လုံးခင်းကျေးရွာအုပ်စု မှော်စီစာကျေးရွာအပိုင်ဖြူစင်ကုန်းက နေအိမ်တချို့ပေါ်ကျရောက်ပေါက်ကွဲခဲ့တာဖြစ်ပြီး အသက် ၁၅ နှစ်အရွယ်သမီးဖြစ်သူရဲ့လက်လည်း ဖြတ်လိုက်ရသလို ၁၃ နှစ်အရွယ် သားဖြစ်သူကတော့ အပြင်းအထန်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ဖြစ်စဥ်ကတော့ မနေ့ကညပိုင်း ၈ နာရီကျော်လောက်မှာဖြစ်ပွားခဲ့တာဖြစ်ပြီးတော့ ဒီလက်နက်ကြီးဟာ စစ်ကောင်စီရဲ့ ဗျူဟာကုန်းကနေ ပစ်ခတ်တာဖြစ်နိုင်တယ်လို့ ဒေသခံအမျိုးသားတစ်ဦးကခန့်မှန်းပြောပြပါတယ်။

“ဗျူဟာကုန်းကနေ ပစ်လိုက်တယ်လို့ ယူဆရပါတယ်။ ဘာလို့ဆို မီးခိုးတန်းကြီးက အဲ့ဘက်နေ ထွက်လာတာဆိုတော့လေ။ အဲ့ဒီလက်နက်ကြီးက လုံးခင်းအုပ်စုက Wifi သုံးတဲ့ ဆိုင်ပေါ်ကျတာ။ အဲ့ဒီအိမ်ထဲမှာ လိုင်းသုံးနေသူတွေရော အဲ့ဘေးပတ်ဝန်းကျင်ကသူတွေရော ထိပြီး တစ်ဦးသေဆုံးသွားတာပေါ့” လို့ ပြောပါတယ်။

တစ်ဖက်မှာ အသက် ၂၀ ကျော်နဲ့ ၃၀ကျော်အရွယ် နောက်ထပ်အမျိုးသားနှစ်ဦးလည်းထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ်တစ်ချို့ထိခိုက်ပျက်ဆီးခဲ့ရတယ်လို့ဒေသခံတွေကပြောပါတယ်။

ဖားကန့်ဒေသမှာ လက်လွတ်လိုက်ရတဲ့နေရာတွေကို ပြန်ရဖို့အတွက် စစ်ကောင်စီတပ်က ပြီးခဲ့တဲ့ မေလ နောက်ဆုံးအပတ်ကစတင်ပြီး စစ်အင်အားအလုံးအရင်းနဲ့စစ်မျက်နှာနှစ်သုတ်ခွဲပြီး ဝင်ရောက်လာနိုင်ခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင်မကြာခဏ နှစ်ဖက်တပ်တွေထိတွေ့တိုက်ပွဲဖြစ်လေ့ရှိသလို စစ်ကောင်စီတပ်ကလည်း လေကြောင်းအသုံးပြု တိုက်ခိုက်တာတွေပါရှိတဲ့အခြေနေလို့ ဒေသခံတွေကပြောပါတယ်။

“စစ်ရေးအခြေနေကတော့ တအားကြီးပြင်းထန်နေတဲ့ အနေအထားတော့မဟုတ်ဘူး။ ဒီတိုင်းပဲ စစ်ဆိုင်နေတဲ့အနေအထားဟုတ်တယ်။ မထင်ရင် မထင်သလိုတော့ ရှေ့တိုးလာရင် ပစ်လိုက် အဲ့လိုအနေအထားတွေတော့ ရှိပါတယ်” လို့ ဖားကန့်မြို့ရဲ့ လက်ရှိအခြေနေကို အထက်ပါဒေသခံက ဆက်ပြောပြပါတယ်။

တစ်ဖက်မှာ ဖားကန့်မြို့မှာ ကုန်စည်ဈေးနှုန်းတွေကလည်းဆက်လက်မြင့်တက်နေဆဲဖြစ်ပြီး ဖားကန့်မြို့ကို ဝင်ရောက်နိုင်တဲ့ လမ်းကြောင်းတစ်ခုက အင်းတော်ကြီးဒေသမှာလည်း ကချင်လွတ်လပ်ရေးတပ်မတော် KIA 

ပူးပေါင်းတပ်တွေနဲ့ ရှမ်းနီအမျိုးသားတပ်မတော် SNA ပူးပေါင်းတပ်တွေအကြား တိုက်ပွဲတွေပြင်းထန်နေပါတယ်။

ဖားကန့်ဒေသထဲကို ကုန်စည်စီးဆင်းနေတဲ့ ကားမိုင်း – နန့်ယားလမ်းကြောင်းနဲ့ အင်းတောင်းကြီး – ဂွေခါလမ်းကြောင်း နှစ်ခုစလုံးကို စစ်ကောင်စီဘက်က ဖြတ်သန်းခွင့်ပိတ်ထားဆဲဖြစ်ပါတယ်။

ကားမိုင်း – နန့်ယား ကားလမ်းပိုင်းကို ပြီးခဲ့တဲ့ ဧပြီလကတည်းက ဖားကန့်ဒေသထဲကို စစ်ကောင်စီတပ်တွေ စစ်ကြောင်း ဝင်ရောက်လာချိန် KIA က သွားလာခွင့်ပိတ်လိုက်ပြီး ဇူလိုင်လ ၁၆ ရက်နေ့ ပြန်ဖွင့်ပေးလိုက်တာ ဖြစ်ပါတယ်။

အခုလို KIA ဘက်ကနေ လမ်းကြောင်းကို ပြန်ဖွင့်ပေးခဲ့ပေမဲ့ နန့်တိန့်ကျေးရွာအထက်ပိုင်းကနေ ဖားကန့် လုံးခင်းကျေးရွာအထိ စစ်တပ်က ထိန်းချုပ်ထားတာကြောင့် ယနေ့အထိ သွားလာခွင့်ပိတ်ထားဆဲလို့ သိရပါတယ်။

တိုက်ပွဲဖြစ်ပွားကတည်းက ဖားကန့်ဒေသထဲကို အင်းတော်ကြီး – ဖားကန့် ဂွေခါလမ်းတစ်ခုတည်းကနေ ကုန်ကားတွေ သွားလာခွင့်ရရှိနေပေမယ့် အဲဒီလမ်းပိုင်းမှာအဓိက စစ်ရေးလှုပ်ရှားနေတဲ့ စစ်တပ်နဲ့ ရှမ်းနီ SNA တပ်တွေက လမ်းပိုင်းကို ဖွင့်လိုက် ပိတ်လိုက်နဲ့ ကန့်သတ်ချက်တွေနဲ့ သွားလာနေရတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

February 9, 2026
ကချင်ပြည်နယ်ထဲက ဗန်းမော်အပါအဝင် ဝိုင်းမော်၊ ဖားကန့်နဲ့ အင်းတော်ကြီးဒေသစတဲ့မြို့နယ် ၄ခုမှာ...
February 6, 2026
ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ လျှပ်စစ်မီး ရရှိမှု တစ်ရက်ထက်တစ်ရက် ပိုလျော့နည်းလာတယ်လို့...
Photo-မြစ်ကြီးနား၊ ပူတာအိုကားလမ်းပိုင်း
February 5, 2026
ကချင်ပြည်နယ် မြစ်ကြီးနား– ပူတာအိုကားလမ်းပိုင်းမှာရှိတဲ့စစ်ကောင်စီတပ်ရဲ့ဂိတ်တွေမှာ ကုန်ကားကြီး...
February 4, 2026
ကချင်ပြည်နယ်၊ ချီဖွေခရိုင် ဆော့လော်မြို့နယ် လန်ဆယ်ရှိ ရွှေတူးဖော်တဲ့ကုမ္ပဏီလုပ်ငန်းဆိုက်...