ကော်သူးလေ ပြည်သူများအား KNU က မုန်တိုင်း သတိပေးချက် ထုတ်ပြန်

ကော်သူးလေ ပြည်သူများအား KNU က မုန်တိုင်း သတိပေးချက် ထုတ်ပြန်

ကော်သူးလေတွင် နေထိုင်ကြသည့် ပြည်သူများအနေဖြင့် မုန်တိုင်းရန် ကာကွယ်ရေးအတွက် ကြိုတင်ပြင်ဆင်မှု များကို လုပ်ဆောင်ထားရန် ကရင်အမျိုးသား အစည်းအရုံး KNU က ဇူလိုင်လ ၂၃ ရက်နေ့တွင် ထုတ်ပြန်ပြောဆို လိုက်သည်။

မုန်တိုင်းရန် ကာကွယ်ရန် ကြိုတင်ပြင်ဆင်ထားရမည့် အရာများနှင့် ပတ်သက်၍ KNU က “ပြည်သူများ အားလုံးကို ဤမုန်တိုင်းတိုက်ခိုက်မှု ဖြစ်နိုင်ခြေနှင့် ပတ်သက်၍ ချက်ချင်းသတိမူ၍ ဆောင်ရွက်ရန် တောင်းဆိုအပ်ပါသည်။ ရေသန့်၊ အစားအစာခြောက်၊ ဆေးဝါးများ၊ ဓာတ်မီးများ၊ ဘက်ထရီများနှင့် အရေးကြီး စာရွက် စာတမ်းများကို ရေစိုခံအိတ်များတွင် သိမ်းဆည်းထားသည့် အရေးပေါ်ကိရိယာအစုံကို ပြင်ဆင်ထားရန် တိုက်တွန်း အပ်ပါသည်။ သင့်မိသားစုနှင့် အတူ ရွှေ့ပြောင်းရေး လမ်းကြောင်းကို စီစဉ်ထားကာ အမြန်ပြောင်းရွှေ့ရန် လိုအပ်ပါက အနီးဆုံးဘေးကင်းလုံခြုံသောနေရာသို့ ပြောင်းရွှေ့ပါ။ သင်းမွေးမြူထားသော တိရစ္ဆာန်များနှင့် အဖိုးတန် ပစ္စည်းများကို ပိုမိုလုံခြုံသောနေရာများသို့ ရွှေ့ပြောင်း ခြင်းဖြင့် ကာကွယ်ပါ။” ဟု ပြောသည်။

ထို့အပြင် ဒေသတွင်း ရေဒီယိုများ၊ သို့မဟုတ် ယုံကြည်ရသော သတင်းရင်းမြစ်များကို နားဆင်ခြင်းဖြင့် အချက်အလက်များကို ရယူရန်နှင့် အိမ်နီးချင်းများ အထူးသဖြင့် သက်ကြီးရွယ်အိုများ၊ မသန်စွမ်းများနှင့် ကလေးသူငယ် များရှိသော မိသားစုများကို ဂရုစိုက်၍ တစ်ဦးနှင့် တစ်ဦး ဘေးကင်းလုံခြုံအောင်နေဖို့ အသိပေးကြရန်လည်း KNU က တိုက်တွန်းသည်။

ဝီဖာဆိုင်ကလုန်းမုန်တိုင်း(Cyclone Wipha) သည် ကော်သူလေးအပါအဝင် မြန်မာနိုင်ငံ အရှေ့တောင်ဘက်သို့ ဇူလိုင်လ ၂၃ ရက်နှင့် ၂၄ ရက်နေ့တို့တွင် ဝင်ရောက်တိုက်ခိုက် လာနိုင်သည့်အပြင်  ပိုမိုအားကောင်းပြီး ရပ်ရွာများအတွက် အလွန်အန္တရာယ်များနိုင်သည်ဟု KNU က ဆိုသည်။

ဝီဖာဆိုင်းကလုန်းမုန်တိုင်းကြောင့် အလွန်ပြင်းထန်သော မိုးရွာခြင်း၊ လေပြင်းတိုက်ခြင်းနှင့် ရေလွှမ်းမိုးခြင်းများ ကို ဖြစ်စေနိုင်ပြီး  မြေနိမ့်ပိုင်ဒေသများ၊ မြစ်များအနီးရှိ နေရာများနှင့် တောင်ကုန်းများတွင် ရုတ်တရတ်ရေကြီး ခြင်းနှင့် မြေပြိုခြင်းများ၊ ကြုံတွေ့ရနိုင်သည်ဟု ဆိုသည်။

ထို့အပြင် လေပြင်းတိုက်ခတ်မှုများကြောင့် နေအိမ်များ၊ ဓာတ်အားလိုင်းများ၊ သစ်ပင်များနှင့် လယ်ယာများ ပျက်စီးနိုင်ပြီး ဘေးကင်းရေး၊ အစားအသောက်ထောက်ပံ့မှုနှင့် သယ်ယူပို့ဆောင်ရေးတို့ကို အကြီးအကျယ် ထိခိုက်စေနိုင်သည်ဟု KNU က ပြောသည်။

ထိုအခြေအနေများကြောင့် သတိပေးထုတ်ပြန်ချက်များကို အလေးထားရန်နှင့် ဘေးအန္တရာယ် ကာကွယ်ရေး အတွက် ယခုကတည်းက စတင်လုပ်ဆောင်ခြင်းဖြင့် အသက်များကို ကယ်တင်ကြရန် တိုက်တွန်းသည်ဟု KNU က ဆိုသည်။

Most read this week

March 10, 2026
ကရင်နီ (ကယား) ပြည်တွင် စက်သုံးဆီပြတ်လပ်မှု အကျပ်အတည်း ဆိုးရွားလာနေပြီး တစ်လီတာ ကျပ်တစ်သောင်းအထိ...
March 9, 2026
ချင်းမိုင်မြို့၊ ဟန်းဒေါင်းမြို့နယ်တွင် အသက် ၂၂ နှစ်အရွယ် စားပွဲထိုးအမျိုးသမီးငယ်တစ်ဦး...
March 6, 2026
ကရင်နီပြည်၊ မယ်စဲ့မြို့နယ်အတွင်းရှိ စစ်သုံ့ပန်းမိသားစုဝင်များ ထိန်းသိမ်းရာစခန်းကို စစ်ကော်မရှင်က...
March 5, 2026
မြန်မာနိုင်ငံတစ်ဝန်းတွင် စစ်အင်အားပြုန်းတီးမှုနှင့် ရင်ဆိုင်နေရသည့် စစ်ကော်မရှင်သည် မွန်၊...