ရခိုင်တွင် တစ်ပတ်အတွင်း မိုင်းနင်း၍ အရပ်သားတစ်ဦးသေ၊ နှစ်ဦး ပြင်းထန်ဒဏ်ရာရ

ရခိုင်တွင် တစ်ပတ်အတွင်း မိုင်းနင်း၍ အရပ်သားတစ်ဦးသေ၊ နှစ်ဦး ပြင်းထန်ဒဏ်ရာရ

ရခိုင်ပြည်တွင် တစ်ပတ်အတွင်း မိုင်းနင်း၍ အရပ်သားတစ်ဦးသေဆုံးပြီး နှစ်ဦး ပြင်းထန်ဒဏ်ရာရရှိသွားခဲ့သည်ဟု သိရသည်။

သေဆုံးသွားသူမှာ တောင်ကုတ်မြို့၊ သိမ်တောင်ရပ်ကွက်မှ ဦးသိန်းဝင်း (၄၅) နှစ်ဖြစ်သည်။

ပြင်းထန်ဒဏ်ရာရသွားသူများမှာ တောင်ကုတ်မြို့၊ ကံပိုင်ရပ်ကွက်မှ ဦးစိုးနိုင် (၃၈) နှစ်နှင့် ကျောက်ဖြူမြို့နယ်၊ ဂုံးချွိန်တိုက်နယ်၊ စေပုတ်ကေထောင့်ကျေးရွာမှ ဒေါ်သိန်းမြကြည် (၆၁) နှစ်ဖြစ်သည်။

သူတို့သည် ဇွန်လ ၂၅ ရက်မှ ဇွန်လ ၃ဝ ရက်အတွင်း မိုင်းနင်းမိ၍ ထိခိုက်ခဲ့ကြခြင်းဖြစ်သည်။

သေဆုံးသွားသူ ဦးသိန်းဝင်းသည် ဇွန်လ ၂၆ ရက်၊ ညနေပိုင်းက ယခင် စစ်ကောင်စီအခြေစိုက်ခဲ့သည့် အမှတ် (၅) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၅) အနီးရှိ လယ်ကွင်းတွင် လယ်ထွန်စဉ် မြေမြှုပ်မိုင်းတစ်လုံးကို နင်းမိရာမှ ပေါက်ကွဲမှုဖြစ်ကာ ဒဏ်ရာအပြင်းအထန်ရရှိခဲ့သည်ဟု သိရသည်။

သူ၏ ခန္ဓာကိုယ်အနှံ့တွင် ဒဏ်ရာ ပြင်းပြင်းထန်ထန်ရရှိခဲ့သည့်အတွက် ဆေးကုသမှုခံယူနေစဉ် ဇွန်လ ၂၇ ရက်၌ သေဆုံးသွားခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

နောက်ထပ် ပြင်းထန်ဒဏ်ရာရရှိသွားသူနှစ်ဦးအနက် တောင်ကုတ်မြို့၊ ကံပိုင်ရပ်ကွက်မှ ဦးစိုးနိုင် (၃၈) နှစ်သည် ယနေ့ ဇွန်လ ၃ဝ ရက်၊ နံနက်ပိုင်းက ဟင်းရှာသွားစဉ် စကခ-၅ အနီးသို့အရောက်တွင် မိုင်းနင်းမိခဲ့ခြင်းဖြစ်သည်။

ယင်းဖြစ်စဉ်ကြောင့် ဦးစိုးနိုင်တွင် ညာဖက် ခြေထောက် ဒူးဆစ်အောက်မှ ပြတ်ထွက်သွားခဲ့သည်ဟု သိရသည်။

မိုင်းအန္တရာယ်ကြောင့် တောင်ကုတ်ရှိ စကခ (၅) အပါအဝင် စစ်ကောင်စီတပ်စွဲခဲ့သည့်နေရာများအနီး သွားလာခြင်းမပြုကြရန် အာရက္ခတပ်တော် (AA) က တားမြစ်ထားသည်ဟုလည်း သိရသည်။

အလားတူ ကျောက်ဖြူမြို့နယ်၊ ဂုံးချွိန်တိုက်နယ်၊ စေပုတ်ကေထောင့်ကျေးရွာမှ ဒေါ်သိန်းမြကြည် (၆၁) နှစ်သည်လည်း ဇွန်လ ၂၅ ရက်က လမ်းလျှောက်ထွက်စဉ် ယခင် စစ်ကောင်စီတပ်စွဲခဲ့သည့် ခမရ (၅၄၃) တပ်ရင်းအနီး တောလမ်းတွင် ထောင်ထားသည့်မိုင်းကို နင်းမိရာမှ ဘယ်ဖက်ခြေထောက်တစ်ဖက် ပြတ်ထွက်သွားခဲ့သည်ဟု သိရသည်။

ယခုလို ရခိုင်တွင် မိုင်းပေါက်ကွဲမှုနှင့်ကြုံနေရမှုအပေါ် ဒေသခံအမျိုးသားတစ်ဦးက “ရခိုင်မှာက အများအားဖြင့် အစကနေ ဆင်းရဲကြတယ်။ အဲဒီလူအများစုဟာ တောတောင်ကိုမှီခိုပြီး ရှာဖွေစားသောက်ကြတယ်။ စကစနဲ့ စစ်ရေးအရပြင်ဆင်ခဲ့တဲ့နေရာအများစုက မြို့ပတ်ဝန်းကျင်ဖြစ်တယ်။ အဲဒီအနားတွေမှာ သူတို့ရဲ့ ကာမိုင်းတွေကို လျှို့ဝှက်စနစ်နဲ့ထောင်ထားတယ်။ စကစမရှိတဲ့နောက်မှာ AA က မိုင်းရှင်းရင်လည်း အိမ်ခြံမြေတစ်ကွက်တည်းမှ မဟုတ်တာ။ အကျယ်ကြီးဆိုတော့ လက်မကျဘူး။ ဖွက်ထောင်ထားခဲ့တဲ့နေရာတွေ ကျန်ခဲ့တယ်။ ဘယ်လောက်ပဲ မိုင်းအန္တရာယ်ကို ကာကွယ်ဖို့နည်းလမ်းပေးပေး၊ ဆိုင်းဘိုးတင်တင် ငတ်လာတဲ့ဆင်းရဲသားဟာ ဘာနဲ့တူလဲဆိုရင် ကလေးမရတတ်တဲ့ မိဘနဲ့ တူတယ်။ သားလေးနေမကောင်းရင် ဆေးရတဲ့နေရာကို ပြောလိုက်။ ကျားရှိရင်လည်း သွားမှာပဲ" ဟု ပြောသည်။

ရခိုင်တွင် မိုင်းအန္တရာယ်အသိပညာပေးခြင်းများကို AA က တစိုက်မတ်မတ်ဆောင်ရွက်နေသော်လည်း မိုင်းပေါက်ကွဲမှုကြောင့် အရပ်သားပြည်သူများ သေဆုံး၊ ဒဏ်ရာရမှုမှာ ဆက်လက်ရှိနေဆဲဖြစ်သည်ဟု သိရသည်။

Most read this week

September 5, 2026
ယခုရက်ပိုင်းအတွင်း ရခိုင်ပြည်၊ စစ်တွေနှင့် ကျောက်ဖြူမြို့နယ်တို့တွင် တိုက်ပွဲများ...
ဩဂုတ်လ ၁၃ ရက်၊ ညက ကျိန္တလီမြို့အား စစ်တပ် ဗုံးကြဲမှုကြောင့် သေဆုံးသွားသူများ / AA Info Desk
September 4, 2026
လေကြောင်း တိုက်ခိုက်မှုများ အပါအဝင် စစ်အုပ်စုတပ်၏ လက်ချက်ကြောင့် ဩဂုတ်လအတွင်း ကလေးငယ် များ၊...
ဓာတ်ပုံ - (ပုံဟောင်း / Crd)
September 4, 2026
ရခိုင်ပြည်၊ စစ်တွေမြို့တွင် အာဏာသိမ်း စစ်အုပ်စုတပ်က ဖမ်းဆီးထားသည့် ဒေသခံ ရခိုင်နှင့် မွတ်ဆလင်...
ဓာတ်ပုံ - (ပုံဟောင်း / Crd)
September 2, 2026
မကွေးတိုင်း၊ ပဒါန်းမြို့နယ်ရှိ နတ်ရေကန်ဗျူဟာကုန်းသို့ စစ်ကူထိုးလာသည့် စစ်အုပ်စုတပ်ကို AA က...