ရခိုင်မှ ရန်ကုန်သို့ ကျပ် (၁၆) သိန်းပေးကာ ပွဲစားအဆက်အသွယ်ဖြင့်သွားသူ ဖမ်းဆီးခံရပြီး စစ်မှုထမ်းရန် ပို့ဆောင်ခံရ

ရခိုင်မှ ရန်ကုန်သို့ ကျပ် (၁၆) သိန်းပေးကာ ပွဲစားအဆက်အသွယ်ဖြင့်သွားသူ ဖမ်းဆီးခံရပြီး စစ်မှုထမ်းရန် ပို့ဆောင်ခံရ

ရခိုင်ပြည်၊ အမ်းမြို့နယ်မှ ကလေး ၃ ယောက်၏ ဖခင် အသက် ၃၀ ကျော်အရွယ် အမျိုးသားတစ်ဦးသည် ပွဲစားအဆက်အသွယ်ဖြင့် ကျပ် (၁၆) သိန်းပေးပြီး ရန်ကုန်သို့သွားရာ ပြည်ဂိတ် န၀ဒေးတံတားတွင် ဖမ်းဆီးခံရပြီး စစ်မှုထမ်းရန် ပို့ဆောင်ခံလိုက်ရသည်ဟု သတင်းရရှိသည်။

၎င်းသူမှာ အမ်းမြို့နယ်၊နွားရုံတောင်အုပ်စု၊ နွားရုံတောင်ရွာမှ ကိုနေဇော်ထက် (၃၈) နှစ် (ဘ) အဖ ဦးခိုင်စောအောင်ဖြစ်ကြောင်း သိရသည်။

အဆက်အသွယ်မရရှိသည်မှာ တစ်လနီးပါးခန့်ရှိနေပြီဖြစ်သဖြင့် မိသားစုများအနေဖြင့် အထူးစိုးရိမ်နေကြသည်ဟုဆွေမျိုးတော်စပ်သူတစ်ဦးက ပြောဆိုသည်။

“ဖမ်းခံရတာက မေ ၂၇ ရက်နေ့မှာ ပြည်ဂိတ် န၀ဒေးတံတားမှာ ဖမ်းဆီးခံရပါတယ်။ ပွဲစားက မောင်လူကြီးပါ။ တစ်ရွာတည်းနေသူပါ။ ငွေ ၁၆ သိန်းနဲ့ ရန်ကုန်ကို ပို့တာပါ။ ကားသမားနဲ့ ပွဲစားတွေက စစ်တပ်လက်ကို အပ်လိုက်တယ်လို့ သိရပါတယ်” ဟု ပြောကြားသည်။

၎င်းနောက် သူ့အား အတင်းဓမ္မပြည်သူ့စစ်မှုထမ်းရန် ခေါ်ဆောင်သွားသည်ဟု ၎င်းက ပြောဆိုသည်။

ကိုနေဇော်ထက်မှာ ကလေး ၃ ယောက်၏ ဖခင်ဖြစ်ကြောင်း သိရသည်။

ဓါတ်ပုံ - Arakan Princess Media
September 11, 2026
ရခိုင် (အာရက္ခ) ပြည်၊ ဂွမြို့နယ်၊ ကျိန္တလီမြို့ကို စစ်အုပ်စုတပ်က လေကြောင်းမှ...
စစ်တွေမြို့ပေါ်ရှိ စစ်ဘေးရှောင် ဒုက္ခသည်စခန်းတစ်ခုမှ စစ်ဘေးရှောင် ပြည်သူအချို့။ / Narinjara
September 10, 2026
ရခိုင်ပြည်၊ စစ်တွေမြို့ပေါ်ရှိ ရခိုင် စစ်ရှောင်ဒုက္ခသည်စခန်းများသို့ ပြည်တွင်း၊ ပြည်ပ...
September 9, 2026
ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ ရိုးတောင်ကျော်လမ်းရှိ ညောင်ကျိုးနှင့် ပွိုင့် ၆၆၆ ကုန်း...
စစ်အုပ်စုတပ်သားအချို့ / AFP
September 8, 2026
ညီနောင်မဟာမိတ် (၃) ဖွဲ့၏ ‘၁၀၂၇ စစ်ဆင်ရေး’ ကို အားကျပြီး အတုယူပြုလုပ်သော စစ်အုပ်စုတပ်၏ ‘၄၉၂၆...