ပလက်၀မြို့နယ်က ရေဘေးသင့်ပြည်သူ ၆၇၀ လောက် အရေးပေါ် အကူအညီလိုအပ်

ပလက်၀မြို့နယ်က ရေဘေးသင့်ပြည်သူ ၆၇၀ လောက် အရေးပေါ် အကူအညီလိုအပ်

- အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ လောင်တလိုင်ခရိုင်ထဲ မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးရေလျှံတာကြောင့် ပလက်ဝမြို့နယ်က စစ်ဘေးရှောင်တွေရဲ့နေအိမ် ၉၀ နီးပါး လုံးဝ ပျက်စီးသွားပြီး ရေဘေးသင့်ပြည်သူ ၆၇၀ လောက် အရေးပေါ်အကူအညီတွေ လိုအပ်နေတယ်လို့ သိရပါတယ်။ 

- ချင်းပြည်နယ်၊ မတူပီမြို့နယ်အခြေစိုက် ချင်းကာကွယ်ရေးတပ်ဖွဲ့နှစ်ဖွဲ့ ပြန်လည်သင့်မြတ်နိုင်ရေးအတွက် ဘာသာရေးဆရာ၊ ရပ်မိရပ်ဖတွေရဲ့ ညှိနှိုင်းပေးမှုနဲ့ သဘောတူညီချက် ၈ ချက် ရရှိခဲ့ကြတယ်လို့ သိရပါတယ်။

- စစ်ကိုင်းတိုင်း၊ ကလေးမြို့ကနေ ချင်းတောင်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကြောင့် အိုးအိမ်စွန့်ခွာ စစ်ဘေးရှောင်နေရတဲ့ တီးတိန်ဒေသခံပြည်သူ ၁,၃၀၀ ကျော် အခြေခံစားနပ်ရိက္ခာ၊ အမိုးအကာနဲ့ ဆေးဝါးတွေ လိုအပ်နေတယ်လို့ သိရပါတယ်။ 

September 16, 2026
- နန့်ယား-ဖားကန့်ကားလမ်းတစ်လျှောက်မှာ မိုးရွာသွန်းမှုများတာကြောင့် လမ်းပျက်စီးမှုတွေ...
September 16, 2026
- ရွှေကုက္ကိုလ်ဘက်က တရုတ်ကျားဖြန့်တွေ ကေအဲန်ယူ တပ်မဟာ (၇) နယ်မြေထဲကို တဖြည်းဖြည်း...
September 15, 2026
- စစ်တပ်ရဲ့ တိုက်ခိုက်ဖျက်ဆီးမှုကြောင့် ရခိုင်မှာ သမိုင်းဝင်ဘုရားပုထိုးတွေ...
September 15, 2026
- ရှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ်မှာ ဒေသထွတ် ရှမ်းစက္ကူပြုလုပ်ရောင်းချသူတွေ...