စစ်ကောင်စီ နျူကလီးယား ဓါတ်အားပေးစီမံကိန်း ဒေသတွင်း လုံခြုံရေး ထိပါးနိုင်

စစ်ကောင်စီ နျူကလီးယား ဓါတ်အားပေးစီမံကိန်း ဒေသတွင်း လုံခြုံရေး ထိပါးနိုင်
ပုံဟောင်း (MWD)
ပုံဟောင်း (MWD)

စစ်ကောင်စီ၏ နျူကလီးယား ဓာတ်အားပေးစက်ရုံ စီမံကိန်းမှာ ဒေသတွင်းနိုင်ငံများ၏ လုံခြုံရေးနှင့် တည်ငြိမ်ရေးကို ထိပါးလာနိုင်သည့်အတွက် အထူးအလေးထား တုံ့ပြန်ဆောင်ရွက်ကြရန် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ဒေသတွင်းနိုင်ငံများကို သတိပေးပြောဆိုလိုက်သည်။

ဒေသတွင်းနိုင်ငံများ၏ လုံခြုံရေးနှင့် တည်ငြိမ်ရေးကို ထိပါးလာနိုင်သည့် စစ်ကောင်စီ၏ နျူကလီးယား ဓာတ်အားပေးစက်ရုံ စီမံကိန်းကို အလေးထား တုံ့ပြန်ဆောင်ရွက်ကြရန် NUG က သတိပေးပြောဆိုလိုက်ခြင်း ဖြစ်သည်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က

“ဒီလိုလုပ်ရပ်မျိုးတွေဟာ နောင်တစ်ချိန်မှာ မြန်မာနိုင်ငံနဲ့ မြန်မာနိုင်ငံသူ နိုင်ငံသားတွေသာမက ဒေသတွင်း နိုင်ငံတွေနဲ့ အဲဒီနိုင်ငံတွေရဲ့ ပြည်သူလူထုတွေရဲ့ လုံခြုံရေးနဲ့ တည်ငြိမ်အေးချမ်းရေးကိုပါ ထိပါးလာနိုင်တဲ့ အခြေအနေမျိုးဖြစ်တာကြောင့် ဒေသတွင်း နိုင်ငံတွေအနေနဲ့ မြန်မာပြည်သူလူထုနဲ့အတူ တော်လှန်ရေး အင်အားစုတွေနဲ့အတူ ရပ်တည်ပြီး အထူးအလေးထား တုံ့ပြန်ဆောင်ရွက်ကြဖို့ ပြောကြားလိုပါတယ်” ဟု ပြောသည်။

NUG က မေလ ၁၃ ရက်နေ့တွင် လုပ်ခဲ့သည့် ပြည်သူလူထုနှင့် နိုင်ငံတကာကို သတင်းစကားပြောကြားခြင်း (Press Briefing) အစီအစဉ်၌ ပြောလိုက်ခြင်းဖြစ်သည်။

စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြီးခဲ့သည့် မတ်လအတွင်း ရုရှားနိုင်ငံခရီးစဉ်၌ အသေးစား နျူကလီးယားဓာတ်အားပေးစက်ရုံ တည်ဆောက်ရေးကို နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ကြရန် သဘောတူ လက်မှတ်ရေးထိုးခဲ့သည်။

စစ်ကောင်စီက နျူကလီးယား ဓာတ်အားပေးစက်ရုံကို ပဲခူးတိုင်း အလယ်ပိုင်းနှင့် ထိုင်းနိုင်ငံနယ်စပ် တနင်္သာရီတိုင်း ထားဝယ်ဒေသရှိ ထားဝယ် အထူးစီးပွားရေးဇုန်၌ တည်ဆောက်မည်ဟု ထီးခီးစစ်ရေးအခြေအနေနှင့်ပတ်သက်၍ ကရင်အမျိုးသားအစည်းအရုံး KNU ကလည်း မေလ ၉ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

စစ်ကောင်စီက နျူကလီးယားစက်ရုံ တည်ဆောက်မည့် အခြေအနေကြောင့် ဒေသတွင်း ပြည်သူများနှင့် ထိုင်းပြည်သူများ၏ လုံခြုံရေး၊ အန္တရာယ်ကင်းရှင်းမှုနှင့် ကောင်းမွန်သည့် ဘဝနေထိုင်မှုအတွက် အလွန်စိုးရိမ်ပူပန်မိသည်ဟု KNU က ပြောသည်။

အဆိုပါ စီမံကိန်းမှာ ရည်ရွယ်ချက် မမှန်ဘူးဟု ဦးနေဘုန်းလတ်က ဆက်ပြောသည်။

“အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ အပေါင်းအပါ တစ်စုဟာ သူတို့ရဲ့ အာဏာတည်မြဲရေး တစ်ခု သာ ရှေးရှု့ပြီး ပြည်သူလူထုရဲ့ အခွန်ဘဏ္ဍာတွေကို ထင်သလို အသုံးပြုနေသလို အချို့သော နိုင်ငံတွေနဲ့ နျူက လီးယား စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ တည်ဆောက်ခြင်းစတဲ့ လုပ်ငန်းစာချုပ်တွေ ချုပ်ဆိုပြီး တိုင်းပြည် ကိုလည်း အမြော်အမြင် ကင်းမဲ့စွာ အသုံးချ လျက်ရှိနေပါတယ်”

အဆိုပါ အသေးစား နျူကလီးယား ဓာတ်အားပေးစက်ရုံကို ရှရှားနိုင်ငံက တည်ဆောက်ပေးမှာဖြစ်ပြီး မဂ္ဂါဝပ် ၁၁၀ အသေးစား နျူးကလီးယား ဓာတ်ပေါင်းဖိုကို မဂ္ဂါဝပ် ၃၃၀ အထိ စွမ်းဆောင်ရည် ထပ်မံတိုးချဲ့နိုင်ရန်လည်း သဘောတူညီခဲ့ကြသည်ဟု ရှရှားသတင်းဌာနများက ဖော်ပြကြသည်။

Most read this week

မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံး ရန်ကုန် ရန်ကင်း (Facebook)
March 28, 2026
နိုင်ငံကူးလက်မှတ် ဥပဒေသစ်ဖြင့် နိုင်ကျဉ်းဟောင်းများကို စစ်ကော်မရှင်က...
Indaw Revolution (IR)
March 26, 2026
လူပေါင်း ၈၀ ခန့် သေဆုံးခဲ့ရသည့် တိုက်ခိုက်မှု နောက်ပိုင်း စစ်ကိုင်းတိုင်း ဒေသကြီး၊ ကသာမြို့တွင်...
ဓာတ်ပုံ - (ပုံဟောင်း)
March 25, 2026
ရှမ်းမြောက် နမ့်ခမ်းမှ ကိုးကန့်တပ် (MNDAA) တပ်ဖွဲ့ဝင်များ ဆုတ်ခွာသွားပြီး ၁၀၅ မိုင်တွင်လည်း...
March 24, 2026
ရှမ်းပြည် မြောက်ပိုင်းတွင် နယ်မြေအငြင်းပွားမှုများကြောင့် တိုက်ပွဲများအထိ ဖြစ်ပွားခဲ့သည့်...