မြင်းခြံတွင် ဖမ်းဆီးခံရသူ ၂၀၀ အနက် ကျပ်သိန်း ၁၀၀ ဖြင့် ရွေးယူသည့် ၆ ဦးသာ လွှတ်မြောက်သေး

မြင်းခြံတွင် ဖမ်းဆီးခံရသူ ၂၀၀ အနက် ကျပ်သိန်း ၁၀၀ ဖြင့် ရွေးယူသည့် ၆ ဦးသာ လွှတ်မြောက်သေး
မန္တလေးတိုင်းတနေရာရှိ လမ်းပေါ်တွင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလက စစ်ကောင်စီတပ်သားများ စစ်ဆေးမှုများ ပြုလုပ်နေပုံ (ဓါတ်ပုံ-AFP)
မန္တလေးတိုင်းတနေရာရှိ လမ်းပေါ်တွင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလက စစ်ကောင်စီတပ်သားများ စစ်ဆေးမှုများ ပြုလုပ်နေပုံ (ဓါတ်ပုံ-AFP)

မန္တလေးတိုင်း၊ မြင်းခြံမြို့ပေါ်သို့ လာရောက်ဈေးဝယ်ယူသူများနှင့် ကားသမားများအပါအဝင် လူ ၂၀၀ ကျော်ကို စစ်ကောင်စီက ဖမ်းဆီးထားရာ ၎င်းတို့အနက် ၆ ဦးသာ ငွေကျပ် သိန်း ၁၀၀ ဖြင့် ပြန်ရွေးယူရကြောင်း ဒေသခံ သတင်းရင်းမြစ်များထံက သိရသည်။

ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် အောက်တိုဘာလမှ ၂၀၂၅ ခုနှစ် ဧပြီလ သင်္ကြန်မတိုင်ခင်အထိ ၆ လတာကာလအတွင်း စစ်ကောင်စီက ဖမ်းဆီးခဲ့သည့် ၎င်းလူ ၂၀၀ သည် သတင်းအစအနပျောက်နေခြင်းဖြစ်ပြီး ယခု မေလရက်ပိုင်းအတွင်း ငွေဖြင့်ပြန်ရွေးယူသည့် ၆ ဦးသာ လွှတ်မြောက်လာခြင်းဖြစ်ကြောင်း သိရသည်။

“၂၀၀ မှာ ကျန်တဲ့သူတွေက သေလားရှင်လားဆိုတာ အကုန်သိရဖို့ စုံစမ်းရတာ တော်တော်ခက်ခဲတယ်လေ။ အခု လက်လှမ်းမှီသလောက် ကောက်ထားတာ လွတ်လာတဲ့ ၆ ယောက်က ရွာလေးရွာကသူတွေ။ သိန်း ၁၀၀ တောင်းပြီး ငွေညစ်တာ” ဟု ဒေသခံသတင်းရင်းမြစ်က မဇ္ဈိမကိုပြောသည်။

ထို့အပြင် စစ်ကောင်စီနှင့် နီးစပ်သူများထံ စုံစမ်းထားချက်အရ ၂၀ ဦးမှာ သေဆုံးသွားပြီဟုသိရကြောင်း ၎င်းကဆိုသည်။

စစ်ကောင်စီက မြင်းခြံကျေးရွာဘက်မှ မြို့ပေါ်သို့ လာရောက်စျေးဝယ်သူနှင့် ကားသမား ဦးရေ ၂၀၀ ဝန်းကျင်ကို ၎င်းတို့ဖွင့်လှစ်ထားသည့် စစ်ဆေးရေးဂိတ် ဖြတ်သန်းစစ်ဆေးစဥ်က ဖမ်းဆီးခံထားခြင်းဖြစ်သည်။

အဆိုပါဖမ်းဆီးခံရသူများမှာ အသက်မပြည့်သေးသူများ၊ သက်လတ်ပိုင်းအမျိုးသားများ၊ အမျိုးသမီးများ၊ အသက် ၅၀ နှစ်အထက် သက်ကြီးပိုင်းများ ပါဝင်ကြောင်း သိရသည်။

ဖမ်းဆီးခံထားရသူများမှာ ရဲစခန်းအချုပ်နှင့် အကျဥ်းထောင်တွင် ပို့ဆောင်ထားခြင်းမရှိကြောင်း မိသားစုဝင်များထံက သိရသည်။

ဖမ်းဆီးခံထားရသူအချို့ကို ပျုစောထီးခေါင်းဆောင် သီတာယုမွန်အဖွဲ့က စစ်ကောင်စီနှင့် ပူးပေါင်းဖမ်းဆီးခြင်းဖြစ်ကြောင်း၊ ဖမ်းဆီးခံရသူများကို မြင်းခြံမြို့ပေါ်အခြေစိုက် ခမရ (၁၅) တပ်သို့ပို့ဆောင်ထားကြောင်းနှင့် အများစုမှာ သတင်းအစအနပျောက်နေကြောင်းလည်း မြင်းခြံ ခရိုင်ထောက်ပို့တပ်ဖွဲ့ဝင်တဦးက ဆိုသည်။

မြင်းခြံမြို့ပေါ်ရှိ ပျူစောထီးခေါင်းဆောင် သီတာယုမွန် လက်အောက်ခံအဖွဲ့များနှင့် ခမရ (၁၅) မှစစ်ကောင်စီတပ်သားများက မြို့ပေါ်သို့ ဈေးဝယ်ပြီးပြန်လာသူများ ဂိတ်ကိုဖြတ်စဉ် ဖမ်းဆီးနေခြင်းဖြစ်ကာ ကြိုးတုပ်ရိုက်နှက်ပြီး ခေါ်ဆောင်သွားလေ့ရှိကြောင်း သိရသည်။

ကားအစီးလိုက် မထင်လျှင်မထင်သလို ဖမ်းဆီးပြီး အစအနပျောက်နေခြင်းကြောင့် မြို့ပေါ်သို့ ဈေးလာရောက်ဝယ်ယူသူ နည်းပါးသွားသည်ကိုတွေ့ရကြောင်း မြင်းခြံမြို့ခံများက ပြောသည်။

မြင်းခြံခရိုင်တွင် မြို့ပေါ်၌ စစ်ကောင်စီတပ်နှင့် ပျူစောထီးများက အုပ်ချုပ်ထားပြီး ကျေးရွာများတွင် ကာကွယ်ရေးတပ်ဖွဲ့ဝင်များက စိုးမိုးထားသည်။

ဒေသတွင်းကာကွယ်ရေးတပ်ဖွဲ့များမှာ မြို့နှင့်အနီးတဝိုက်တွင် ကင်းလှည့်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ ပျူစောထီးအဖွဲ့များကို ပြောက်ကျားတိုက်ခိုက်ရာ နှစ်ဘက် အပြန်အလှန်ပစ်ခတ်မှုများ မကြာခဏဖြစ်ပွားလျက်ရှိသည်။

ဓာတ်ပုံ - မဇ္ဈိမ / (ပုံစာ - ကရင်နီ တော်လှန်ရေး ရဲဘော်အချို့။)
September 12, 2026
ရှမ်းပြည်တောင်ပိုင်းနှင့် ကရင်နီပြည်အစပ်၊ မိုးဗြဲမြို့တွင် စက်တင်ဘာလ ၁၁ ရက်နေ့က စစ်အုပ်စုနှင့်...
မကွေးတိုင်း၊ မင်းလှမြို့နယ်ရှိ ရေနံမြေ မြင်ကွင်းတစ်ခုအား ၂၀၁၉ ခုနှစ် မတ်လ ၁၀ ရက်နေ့က တွေ့ရစဉ်။ (AFP)
September 11, 2026
မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းရှိ ရေနံမှော်များကို စစ်အုပ်စုတပ်က မိုင်းခွဲဖျက်ဆီးခြင်းနှင့်...
September 11, 2026
ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်တာဘောင်အား ပြုပြင်ပြီးနောက် ပြန်လည်ကျိုးပေါက်သွားခဲ့ရာ...
ရှမ်းပြည်အတွင်းရှိ စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၁၂) သို့ ပို့ဆောင်ခံရသည့် တပ်သားစု ဆောင်းခံရ သူများကို ၂၀၂၅ ခုနှစ်၊ ဧပြီလအတွင်းက တွေ့ရစဉ်။ / (Photo: MOI)
September 10, 2026
ရန်ကုန်မြို့တွင် မြို့တွင်း၌ နေ့ခင်းဘက်ပါ ဖမ်းဆီးမှုများ ပြုလုပ်နေသဖြင့် တပ်သားစုဆောင်းမှု...