(၉) လနီးပါး ပိတ်ထားတဲ့ မန္တလေး-အင်းတော် လမ်းပိုင်းကို ပြန်လည်ဖြတ်သန်းခွင့်ပြု

(၉) လနီးပါး ပိတ်ထားတဲ့ မန္တလေး-အင်းတော် လမ်းပိုင်းကို ပြန်လည်ဖြတ်သန်းခွင့်ပြု

အင်းတော်မြို့သိမ်းတိုက်ပွဲအတွင်း မီးလောင်ပျက်စီးခဲ့သည့် မြို့မစျေး /Credit

စစ်ကိုင်းတိုင်းအတွင်းရှိ KIA+PDF ပူးပေါင်းတပ်ဖွဲ့များ သိမ်းပိုက်ရရှိထားတဲ့ အင်းတော်မြို့လမ်းပိုင်းကို (၉) လနီးပါးအကြာ ပိတ်ထားပြီးတဲ့နောက်မှာ မနေ့က မေလ (၄) ရက်နေ့မှာ ပြန်လည်ဖွင့်လှစ် ဖြတ်သန်းခွင့်ပေးလိုက်ကြောင်း ဒေသခံများထံမှ သိရပါတယ်။

“ဖွင့်နေပြီဗျ လမ်းဖွင့်တော့ အဆင်ပြေသွားတာပေါ့ဗျာ မဟုတ်ရင် ကုန်စျေးနှုန်းနဲ့ သေရချည်ရဲ့ ဒါပေမယ့် အင်းတော်မှာ နေခွင့်တော့မပေးသေးဘူး မိုင်းရှင်းတာတွေလုပ်နေတုန်းမို့” ဟု မော်လူးမြို့အတွင်းနေထိုင်သူ လူငယ်တစ်ဦးက အခုလိုပြောပြပါတယ်။

အင်းတော်မြို့ကို မြို့သိမ်းတိုက်ပွဲဆင်နွှဲနေတာကြောင့် လမ်းပိုင်းဖြတ်သန်းခွင့်ပိတ်ထားတာဖြစ်ပြီး မကြာသေးမီ ဧပြီလ (၂၅) ရက်နေ့ကမှ စစ်ကောင်စီထံမှ ပူးပေါင်းတပ်ဖွဲ့များ မြို့ကို အပြီးသတ်သိမ်းပိုက်ရရှိခဲ့တာဖြစ်ပါတယ်။

လမ်းပိုင်း ပြန်လည်ဖွင့်လှစ်ထားပေမယ့် မြို့အတွင်းကိုတော့ နေထိုင်ခွင့်ပေးခြင်းမရှိသေးဘဲ မိုင်းရှင်းလင်းရေးများ လုပ်ဆောင်နေသလို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်လာမည်ကိုလည်း စိုးရိမ်မှုများရှိနေကြကြောင်း အင်းတော်မြို့ကနေ မော်လူးမြို့မှာ စစ်ဘေးတိမ်းရှောင်နေတဲ့ အင်းတော်မြို့ခံတစ်ဦးက ဆိုပါတယ်။

“အဓိက က လေကြောင်းရန်ကို ကြောက်နေရတုန်းလေ တော်ကြာ ပြည်သူတွေက အိမ်တွေဘာတွေ ပြန်ဆောက်နေ ပြန်ဝင်နေပြီးမှ ဗုံးလာပြန်ကြဲနေရင် ပြည်သူတွေပဲ သေကြပြန်မှာဆိုတော့ကာ နေခွင့်ပေးလဲ မနေရဲကြသေးပါဘူး ဘယ်သူကမှတော့”

အင်းတော်ဖြတ်လမ်းပိုင်းကနေ မြစ်ကြီးနားမြို့ကနေ မန္တလေးမြို့ကို တစ်ရက်ခရီးသာ ကြာမြင့်တာဖြစ်ပြီး ပြီးခဲ့တဲ့လပိုင်းတွေက ကွင်းလမ်းဖြတ်သန်းသွားလာရမှုတွေကြောင့် တစ်ညအိပ်ခရီး (သို့မဟုတ်) တစ်ပတ်နီးပါးကြာ သွားလာနေကြရတာလည်းဖြစ်ပါတယ်။

အင်းတော်မြို့သိမ်းတိုက်ပွဲကို ၂၀၂၄ ခုနှစ်ကုန်ပိုင်းမှာ စတင်ခဲ့တာဖြစ်ပြီး ၂၀၂၅ ခုနှစ် ဧပြီလ (၂၅) မှာ အပြီးသတ်သိမ်းပိုက်ခဲ့ကာ (၈) လနီးပါးအကြာ တိုက်ခိုက်ခဲ့ရတာလည်းဖြစ်ပါတယ်။

May 16, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် မိုးဗြဲ-ဖယ်ခုံ လမ်းပိုင်းတကြောကို စစ်ကော်မရှင်တပ်...
May 15, 2026
သျှမ်းပြည်အရှေ့ပိုင်း မက်မန်းမြို့နယ်အတွင်းရှိ သံလွင်မြစ်အနီးတွင် အွန်လိုင်းလိမ်လည်လောင်းကစားမှု...
May 14, 2026
မန္တလေး- မြစ်ကြီးနား ဗျူဟာလမ်းပိုင်းတစ်လျှောက်ကို စစ်တပ်က အပြည့်အဝပြန်လည်...
May 14, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် အရှေ့ပိုင်း ကျိုင်းတုံမြို့ နှင့် မိုင်းဖြတ်မြို့ကြား...