ကူမင်းဆွေးနွေးပွဲ မအောင်မြင်၍ စစ်ကောင်စီမှ TNLA ထိန်းချုပ်နယ်မြေများကို ဗုံးဆက်တိုက်ကြဲ

ကူမင်းဆွေးနွေးပွဲ မအောင်မြင်၍ စစ်ကောင်စီမှ TNLA ထိန်းချုပ်နယ်မြေများကို ဗုံးဆက်တိုက်ကြဲ

သျှမ်းပြည်မြောက်ပိုင်း၊ နောင်ချိုမြို့အပါဝင် TNLAထိန်းချုပ်ထားသည့် မြို့နယ်များကို ကူမင်းဆွေးနွေးပွဲ အပြီး စစ်ကောင်စီမှ ဗုံးကြဲတိုက်ခိုက်မှု ဆက်တိုက်ပြုလုပ်နေကြောင်း သိရှိရသည်။

ယမန် မေလ (၃) ရက်နေ့ နှင့် မေလ (၂) ရက်နေ့ ညနေပိုင်းတွင် မန္တလေးတိုင်း၊ မိုးကုတ်မြို့အပါဝင် နောင်ချိုမြို့ကို စစ်ကောင်စီမှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် ဓမ္မာရုံနှင့် ပြည်သူနေအိမ် (၆) လုံး ပျက်စီးသွားပြီး အရပ်သား ထိခိုက်သေဆုံးမှုရှိခဲ့သည်ဟု TNLA မှ ထုတ်ပြန်ထားသည်။

“ဟုတ်တယ် မနေ့ညကနောင်ချိုကို လေယာဉ်နဲ့ လာဗုံးကြဲတာ။နေအိမ်တွေတော့ ပျက်စီးကုန်တယ်။ လူတော့ ထိခိုက်မှုမရှိဘူး။ ဒါပေမဲ့ မိုးကုတ်ဖက်ကိုလည်း မနေ့ကလေယာဉ်နဲ့ လာကြဲသွားတယ်ပြောတယ်။သူတို့ဖက်တော့ လူထိခိုက်မှု ရှိတယ်လို့ ကြားတယ်” ဟု မြေပြင်သတင်းရင်းမြစ်တစ်ဦး ယမန်နေ့ ညပိုင်းတွင် ပြောသည်။

အဆိုပါ ဗုံးကြဲတိုက်ခိုက်မှုကြောင့် မိုးကုတ်မြို့ အနောက်ပိုင်း၊ ကသဲရပ်ကွက်ရှိ အနောက်ကျောင်းဘက်တွင် ဒေသခံတစ်ဦးသေဆုံးပြီး တစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု အဆိုပါ TNLA ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပြီးခဲ့သည့် ဧပြီလ (၃၀) ရက်တွင်လည်း မိုးကုတ်မြို့ အနောက်ပိုင်း၊ သစ်စိမ့်ကုန်းနှင့် ကျောက်ပုတ်ကျေးရွာကြားတွင် စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ပေါင် (၂၅၀) ဗုံး (၂) လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့သည်ဟု TNLA ထုတ်ပြန်ချက်အရ သိရသည်။

ထို့အပြင် ပြီးခဲ့သည့် ဧပြီလ (၂၈) ရက်မှ (၂၉) နေ့အထိ တရုတ်နိုင်ငံ ကူမင်းမြို့တွင်ပြုလုပ်သော စစ်ကောင်စီနှင့် TNLA တို့ ဆွေးနွေးပွဲတွင် စစ်ကောင်စီမှ ထိန်းချုပ်ထားသည့် နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ မိုးကုတ်နှင့် မိုးမိတ် စသည့် နယ်မြေများအားလုံးမှ ဆုတ်ခွာပေးရန် တောင်းဆိုမှုကြောင့် TNLA မှ လက်မခံ၍ ဆွေးနွေးမှု မအောင်မြင်ဘဲ ပြီးဆုံးခဲ့ရသည်။

စစ်ကောင်စီတပ်မှ ကူမင်းဆွေးနွေးပွဲအပြီး TNLA ထိန်းချုပ်ဒေသဘက်တွင် စစ်အင်အားဖြည့်တင်းခြင်း ထိုးစစ်ဆင်ခြင်းများ ပြုလုပ်ခြင်း၊ အရပ်သားပစ်မှတ်ထား၍ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်းများ ပြုလုပ်နေခြင်းကြောင့် မိဘပြည်သူများအနေဖြင့် စစ်ကောင်စီ၏ လေကြောင်းရန်ကို ရှောင်ရှားရန် အမြဲသတိရှိရန် လိုအပ်ကြောင်း TNLA မှ အသိပေးထုတ်ပြန်ထားသည်။

March 14, 2026
သျှမ်းပြည်တောင်ပိုင်း၊ ပင်းတယမြို့သို့ လာရောက် စစ်ဘေးရှောင်နေသော သျှမ်းမြောက် စစ်ရှောင်အချို့...
March 13, 2026
ခေတ်သစ်စစ်ပွဲများနှင့် လက်ရှိ ကမ္ဘာ့အရေးအခင်းများကို လေ့လာလျှင် ဝေဟင်စိုးမိုးမှုရယူနိုင်ခြင်းသည်...
March 12, 2026
စိုင်းခွမ်မိန်း — သျှမ်းပြည် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုတွင် စစ်ကော်မရှင်တပ်နှင့် SSPP...
March 11, 2026
စိုင်းဟန်လင်း — သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ရှိ အမှတ် (၂) သံမဏိစက်ရုံ (ပင်းပက်) တွင်...