၂၀၂၅ ခုနှစ် နှစ်လတာအတွင်း CNF က စစ်ကောင်စီတပ်သား ၃၀ ခန့်ကို ရှင်းလင်း၊ စစ်သုံ့ပန်း ၂၀ ဦးကိုဖမ်းဆီး

၂၀၂၅ ခုနှစ် နှစ်လတာအတွင်း CNF က စစ်ကောင်စီတပ်သား ၃၀ ခန့်ကို ရှင်းလင်း၊ စစ်သုံ့ပန်း ၂၀ ဦးကိုဖမ်းဆီး

-  ၂၀၂၅ ခုနှစ် နှစ်လတာအတွင်းမှာ စစ်ကောင်စီတပ်ဖွဲ့ရဲ့စခန်းတချို့ကို သိမ်းပိုက်ရာမှာ စစ်ကောင်စီတပ်သား ၃၀ ခန့်ကို ရှင်းလင်းနိုင်ပြီး စစ်သုံ့ပန်း ၂၀ ဦးကို ဖမ်းဆီးနိုင်ခဲ့သလို လက်နက်ခဲယမ်း ၈၀ ခန့်ကိုလည်း သိမ်းဆည်းနိုင်ခဲ့တယ်လို့ ချင်းအမျိုးသားတပ်ဦး-CNF က ပြောပါတယ်။

 

- ချင်းပြည်နယ်မြောက်ပိုင်းက ဇိုမီးမျိုးနွယ်စုတွေနေထိုင်ရာဒေသမှာ CNA ၊ ZRA အပါအဝင် ချင်းလက်နက်ကိုင်တပ်ဖွဲ့တွေအနေနဲ့ အရပ်သားပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်မှု ဆက်လက်ကျူးလွန်လာရင် အရေးယူဆောင်ရွက်သွားမယ်လို့ ZFU/ PDF – Zoland က ပြောပါတယ်။

 

- ချင်းပြည်နယ် ဟားခါးမြို့မှာ ကုန်တင်ကားတွေပုံမှန်မရောက်နိုင်တာကြောင့် အခြေခံစားသောက်ကုန်တွေ ဈေးမြင့်တက်နေပြီး ဆန်တစ်အိတ် ကျပ် ၂ သိန်းကျော်အထိ ဈေးတက်သွားတယ်လို့ သိရပါတယ်။

Most read this week

September 16, 2026
- နန့်ယား-ဖားကန့်ကားလမ်းတစ်လျှောက်မှာ မိုးရွာသွန်းမှုများတာကြောင့် လမ်းပျက်စီးမှုတွေ...
September 16, 2026
- ရွှေကုက္ကိုလ်ဘက်က တရုတ်ကျားဖြန့်တွေ ကေအဲန်ယူ တပ်မဟာ (၇) နယ်မြေထဲကို တဖြည်းဖြည်း...
September 15, 2026
- စစ်တပ်ရဲ့ တိုက်ခိုက်ဖျက်ဆီးမှုကြောင့် ရခိုင်မှာ သမိုင်းဝင်ဘုရားပုထိုးတွေ...
September 15, 2026
- ရှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ်မှာ ဒေသထွတ် ရှမ်းစက္ကူပြုလုပ်ရောင်းချသူတွေ...