လွတ်ရက်စေ့ မွတ်ဆလင်တွေကို စစ်သင်တန်းပေးတာမရှိဘူးလို့ စစ်တပ်သတင်းမှားဖြန့်

လွတ်ရက်စေ့ မွတ်ဆလင်တွေကို စစ်သင်တန်းပေးတာမရှိဘူးလို့ စစ်တပ်သတင်းမှားဖြန့်

ဒီကနေ့မှာတော့ “အင်းစိန်အကျဉ်းထောင်မှ ခေါ်ထုတ်သွားတဲ့ လွတ်ရက်စေ့ မွတ်ဆလင်တွေကို စစ်သင်တန်းပေးတာ မရှိဘူး” ဆိုပြီး စစ်ကောင်စီဘက်က သတင်းအမှား ဖြန့်ချိနေတဲ့အကြောင်းကို စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။

ဒီအကြောင်းကို စစ်ကောင်စီ ဝါဒဖြန့်သတင်းစာတွေအပါအဝင် တပ်လော်ဘီတွေရဲ့ တယ်လီဂရမ်ချန်နယ်တွေမှာ မတ် ၃ ရက်နေ့ကစပြီး ဓာတ်ပုံတွေနဲ့တကွ စတင်ဖြန့်ဝေနေတာပါ။

ဖြစ်စဉ်မှာတော့ အင်းစိန်အကျဉ်းထောင်ကနေ စစ်တွေသို့ ပြန်ပို့ခံရတဲ့  မွတ်ဆလင်တွေအထဲက လူငယ်တွေနဲ့  လူလတ်ပိုင်းတွေကို စစ်မှုထမ်းဖို့ ပြင်ဆင်နေတဲ့ သတင်းအချက်အလက်ကို လွတ်လပ်သော သတင်းဌာနတွေမှာ ဖော်ပြထားပါတယ်။

ဒေသတွင်း သတင်းဌာနတစ်ခုဖြစ်တဲ့ နိရဉ္စရာမှာတော့ အင်းစိန်ထောင်က အမျိုးသမီးနဲ့ ကလေးငယ်တွေအပါအဝင် လွတ်မြောက်လာသူ မွတ်ဆလင် ၉ဝဝ ကျော်ဟာ ဖေဖော်ဝါရီ ၁၉ ရက်နေ့က စစ်တွေကို ရောက်ရှိလာခဲ့တာလို့ ဖော်ပြထားပါတယ်။

လက်ရှိမှာ သူတို့ကို စစ်ကောင်စီ တပ်ရင်းတွေမှာ နေရာချပေးထားပြီး အရွယ်ကောင်းသူတွေကိုတော့  ၄၅ ရက် စစ်သင်တန်းပေးကာ စစ်တွေမှာ လက်ရှိဖြစ်နေတဲ့ AA နဲ့ တိုက်ပွဲတွေအတွင်း  အသုံးချဖို့ စစ်ကောင်စီက ပြင်ဆင်နေတယ်လို့ စစ်ကောင်စီ အုပ်ချုပ်ရေးအဖွဲ့နဲ့နီးစပ်တဲ့ ရခိုင်အမျိုးသားတစ်ဦးရဲ့ ပြောဆိုချက်ကို နိရဉ္စရာမှာ ဆက်လက်ဖော်ပြထားပါတယ်။

နိရဉ္စရာ သတင်းဌာနမှာ ဖော်ပြထားတဲ့လင့်>>> https://shorturl.at/6uRpx

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၉ ရက်နေ့က အင်းစိန်အကျဉ်းထောင်ကနေ ခေါ်ထုတ်သွားတဲ့  ရိုဟင်ဂျာ ၉၀၀ ကျော်ဟာ စစ်တွေမြို့သို့ ရောက်ရှိလာပြီးနောက် အဲဒီထဲက အမျိုးသား ၅၀၀ ကျော်ကို စစ်တွေမြို့အခြေစိုက် ဒေသကွပ်ကဲမှုစစ်ဌာနချုပ်သို့ ခေါ်ဆောင်ကာ စစ်သင်တန်းပေးဖို့ စီစဉ်နေတယ်လို့ မြို့ခံသတင်းရင်းမြစ်များရဲ့ ပြောဆိုချက်ကို  လူထုနွေဦးသတင်းဌာနမှာလည်း  ဖော်ပြထားပါတယ်။

ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တောနဲ့ စစ်တွေမြို့နယ်တွေက ဒုက္ခသည်စခန်းတွေ၊ ကျေးရွာတွေနဲ့ ရပ်ကွက်တွေမှာ စစ်ကောင်စီက ရိုဟင်ဂျာတွေကို စစ်မှုထမ်းဖို့ ဖိအားပေးနေပြီး ရွာကြီးလျှင် ဒေသခံလူငယ်၊ လူလတ်အယောက် ၁၀၀၊ ရွာငယ်တွေမှာ အယောက် ၅၀ အထိ စစ်တပ်က အတင်း လူသစ်စုဆောင်းခိုင်းတာတွေ လုပ်နေတယ်လို့ ဒေသခံတွေနဲ့ ရိုဟင်ဂျာအရေး တက်ကြွလှုပ်ရှားသူတွေက ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီနဲ့ မတ်လကတည်းက လွတ်လပ်သောသတင်းဌာနတွေမှာ  ထုတ်ဖော်ပြောပြထားပါတယ်။

People's Spring သတင်းဌာနလင့်>>> https://shorturl.at/qhtpe

RFAသတင်းဌာနမှာ ဖော်ပြထားတဲ့လင့်>>> https://www.youtube.com/watch?v=XVrd6HTj88M

သံလွင်တိုင်းမ်သတင်းဌာနမှာ ဖော်ပြထားတဲ့လင့်>>> https://shorturl.at/jfp6J

ဒီအချက်တွေကြောင့် စစ်တပ်ဝါဒဖြန့် မီဒီယာတွေမှာ ဖော်ပြထားတာတွေဟာ သတင်းအမှားဖြစ်တယ်လို့ သံလွင်တိုင်းမ်က စိစစ်ဖော်ပြပေးလိုက်ရပါတယ်။

ဓာတ်ပုံ – MOI
August 21, 2026
စစ်အုပ်စုတပ်၏ တပ်ချုပ်သစ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၏ ထိုင်းခရီးစဉ်အတွင်း နှစ်နိုင်ငံ...
ဓာတ်ပုံ - BGF
August 21, 2026
ကရင်ပြည်၊ ဖာပွန်စစ်ဆင်ရေးအတွင်း စစ်အုပ်စုတပ်ကို ကူညီပေးနေပြီး စစ်အုပ်စုတပ် လက်အောက်ခံအဖြစ်...
ဓာတ်ပုံ - CJ / Crd
August 20, 2026
မွန်ပြည်တွင် စစ်အုပ်စုတပ် အသွင်ပြောင်း ပြည်နယ်အစိုးရ အပြောင်းအလဲ ဖြစ်ပေါ်ခဲ့ပြီး ၄ လကျော် ကာလ...
(ဓာတ်ပုံ - CJ)
August 19, 2026
မွန်ပြည်နယ် လွှတ်တော်တွင် လောင်းကစားဝိုင်းများ ပိတ်သိမ်းရေးအဆို အတည်ပြုထားသော်လည်း စစ်အုပ်စု...