နတ်ရေကန်လေကြောင်းရန်ကာကွယ်ရေးတပ်ကနေ ဆုတ်ခွာလာတဲ့စစ်ကောင်စီယာဉ်တန်းကို CDF–Asho ကြားဖြတ်တိုက်ခိုက်

နတ်ရေကန်လေကြောင်းရန်ကာကွယ်ရေးတပ်ကနေ ဆုတ်ခွာလာတဲ့စစ်ကောင်စီယာဉ်တန်းကို CDF–Asho ကြားဖြတ်တိုက်ခိုက်

- မကွေးတိုင်း ငဖဲမြို့နယ် နတ်ရေကန်လေကြောင်းရန်ကာကွယ်ရေးတပ်ကနေ လက်နက်ခဲယမ်းတွေတင်ဆောင်ပြီး ဆုတ်ခွာလာတဲ့ စစ်ကောင်စီယာဉ်တန်းကို တိုက်ခိုက်ရာမှာ စစ်ယာဉ် ၂ စီးပျက်စီးကာ ထိခိုက်သေဆုံးမှုများပြားခဲ့တယ်လို့ ချင်းကာကွယ်ရေးတပ်-အရှို(CDF–Asho)က ပြောပါတယ်။

- မြို့သိမ်းစစ်ဆင်ရေးတွေနဲ့တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေတဲ့ ချင်းပြည်မြောက်ပိုင်း ဖလမ်းမြို့မှာ စစ်ကောင်စီရဲ့လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူ့ဆေးရုံကြီး မီးလောင်ပျက်စီးခဲ့ရပါတယ်။

- ချင်းပြည် ဟားခါးမြို့နယ် ဟာသာကျေးရွာကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် ကလေးငယ် ၂ ဦးအပါအဝင် အရပ်သား ၅ ဦး ထိခိုက်ဒဏ်ရာရရှိကာ နေအိမ် ၃ လုံးထိခိုက်ပျက်စီးခဲ့ပါတယ်။

January 20, 2026
- စစ်ကော်မရှင်က ပြည်ပထုတ်ပစ္စည်းတွေကို ဆက်တိုက်ဆိုသလိုဖမ်းဆီးနေတာကြောင့် ကုန်ပစ္စည်းတွေ...
January 19, 2026
- အမျိုးသမီးတွေဟာ စစ်ရာဇဝတ်မှုတွေရဲ့သားကောင် ဘယ်လိုဖြစ်နေသလဲဆိုတာ မြန်မာ့အမျိုးသမီးသမဂ္ဂ-BWU က...
January 19, 2026
- လူငယ်ငြိမ်းချမ်းရေးဖိုရမ်မှာ တက်ရောက်ခဲ့တဲ့ လူငယ်ကိုယ်စားလှယ်တွေထဲမှာ...
January 18, 2026
- သုံးရက်လောက် သေနတ်သံတွေ ငြိမ်သက်နေရာကနေ သေနတ်ပစ်ခတ်သံတွေကို မြို့ပေါ်ကနေ ကြားလာနေရတဲ့...