တောင်ကုတ်တက္ကသိုလ်ထဲ လက်နက်ကြီးကျည်ကျပြီး နေအိမ်နှင့် ကားတစ်စီးပျက်စီး

တောင်ကုတ်တက္ကသိုလ်ထဲ လက်နက်ကြီးကျည်ကျပြီး နေအိမ်နှင့် ကားတစ်စီးပျက်စီး

ရခိုင်ပြည်၊တောင်ကုတ်မြို့ တောင်ကုတ်တက္ကသိုလ်ဝင်းထဲ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး တက္ကသိုလ်သင်တန်းရေးရာဌာနမှူးနေအိမ်နှင့် ကားတစ်စီးပျက်စီးသွားကြောင်းသတင်းရရှိသည်။

ဇွန်လ ၁၇ ရက်၊ နေ့လည်တစ်နာရီခွဲတွင် စကခ(၅)လက်အောက်ခံတပ်ရင်းများက တောင်ကုတ် တက္ကသိုလ်နောက်ကျော တိမ်းချောင်းဒေသဘက်ကို လက်နက်ကြီးလှမ်းပစ်ခတ်ရာမှ တက္ကသိုလ်ဝင်းထဲ ကျရောက် ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း တောင်ကုတ်မြို့ခံတစ်ဦးကပြောသည်။

" စကခ ၅ ရဲ့တပ်ရင်းတွေက တက္ကသိုလ်နောက်ကျောဘက်ကို လက်နက်ကြီးလှမ်းပစ်တာ။ တက္ကသိုလ် ဝင်းထဲ ကျကွဲတယ်။ သင်တန်းရေးရာဌာနမှူးရဲ့အိမ်နဲ့ရှေ့မှာရပ်ထားတဲ့ ကား ပျက်စီးသွားတယ်" ဟု သူကပြောသည်။

လက်နက်ကြီးကျပျက်စီးသွားသည့်ကားမှာ သင်တန်း ရေးရာဌာနမှူး ဦးအောင်စိုး၏ ကားဖြစ်ကြောင်း၊ လူအထိအခိုက် မရှိကြောင်း သိရသည်။

တောင်ကုတ်တက္ကသိုလ်နောက်ဘက် တိမ်းချောင်းတွင် အထိုင်ချထားသည့် စစ်ကောင်စီ လက်နက်ကြီးတပ်ကို အာရက္ခတပ်တော် AA က ဇွန်လ ၁၅ ရက်ညပိုင်းကစတင်ပြီး ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီက လေကြောင်းဗုံးကြဲ၊ လက်နက်ကြီးပစ်ကူများဖြင့် အပြင်းအထန် ခုခံနေသည်။

တိုက်ပွဲနှင့်မသက်ဆိုင်သည့် နေရာများသို့လည်း လေကြောင်းဗုံးကြဲတိုက်ခိုက်မှု၊ လက်နက်ကြီး ပစ်ခတ်မှုနှင့် တိုက်ခိုက်ရေးဒရုန်းများဖြင့် ဗုံးကြဲတိုက်ခိုက်မှုပြုလုပ်နေပြီး ဇွန်လ ၁၅ ရက်ညအချိန်က တောင်ကုတ်မြို့၊ရွာသစ်ကေကျေးရွာမှာ အသက် (၁၇)နှစ်အရွယ် မောင်အောင်လှိုင်ဝင်းမှာ ဝမ်းဗိုက်ဗုံးစထိမှန်ပြီး သေဆုံးသွားခဲ့သည်။

February 13, 2026
ကျော်သီဟ — ရခိုင်ပြည်၊ ကျောက်တော်မြို့နှင့် မြောက်ဦးမြို့တို့ ယမန်နေ့တစ်ညတည်းတွင်...
February 12, 2026
(တိုက်ပွဲများအတွင်း စစ်တပ်မှ (၉၆) ဦးသေဆုံး၊ (၃၈) ဦး ထိခိုက်ဒဏ်ရာရကာ စစ်တပ်အဖွဲ့ဝင်ပေါင်း (၁၀၁)...
February 11, 2026
ကျော်သီဟ — ရခိုင်ပြည်၊ မြောက်ဦးပြည်သူ့ဆေးရုံ ပြန်လည်တည်ဆောက်နိုင်ရေးအတွက် တစ်ဦးချင်း...
February 10, 2026
ကျော်သီဟ — ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်တွင် လောင်စာအဖြစ် ထင်းကိုအသုံးပြုမှု များလာနေပြီး...