ဆီဆိုင်မြို့နယ် ဒေသခံ ၆၀ ခန့် စစ်ကောင်စီပြန်မလွှတ်သေး

ဆီဆိုင်မြို့နယ် ဒေသခံ ၆၀ ခန့် စစ်ကောင်စီပြန်မလွှတ်သေး

သျှမ်းပြည် ဆီဆိုင်မြို့နယ် ရေဖြူကျေးရွာမှ ဒေသခံ ၆၀ ခန့်ကို စစ်ကောင်စီက ဖမ်းဆီးထားပြီး တစ်ပတ်ကြာသည့် အထိ ပြန်လွှတ်လာခြင်းမကြားရသေးကြ PNLO ဘက်ကပြောသည်။

ပြီးခဲ့သည့် ဇွန်လ ၁၀ ရက်တွင် ဆီဆိုင်မြို့နယ် ရေဖြူကျေးရွာ ဒေသခံ ၅၉ ဦးကို ဓားစာခံအဖြစ် စစ်ကောင်စီက ဖမ်းဆီးထားပြီး ကျေးရွာရှိခန်းမ၌ ထိန်းသိမ်းထားခြင်းဖြစ်သည်။

“အဲ့ဒီဒေသခံတွေတော့ ပြန်လွှတ်မြောက်လာတာမျိုးလည်း ကျနော်တို့မကြားရသေးဘူး။ ဘယ်လိုမျိုး အခြေအနေရှိလဲ ဆိုတာကို ကျနော်တို့လည်း ဆက်လက်စုံစမ်းနေတယ်။ အခုက တောထဲမှာကျန်နေတဲ့သူတွေ ကိုလည်း ပြန်လာကြဖို့၊ အကုန်လုံးပြန်လာမှ လွှတ်ပေးမယ်ဆိုတဲ့ ပုံစံမျိုးတော့တွေ့နေရတာ။ တိမ်းရှောင်နေတဲ့သူတွေ အကုန်လုံး ပြန်လာနေကြဖို့ ခြိမ်းခြောက်၊ အကြပ်ကိုင်နေတာမျိုးတော့ရှိတယ်” ဟု PNLO ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက ပြောသည်။

ဖမ်းဆီးခံရသူ ၅၉ ဦးအနက် ဦးရေ တစ်ဝက်မှာ အမျိုးသမီးများဖြစ်ကြပြီး မည်သို့ နေထိုင်စားသောက်နေရသည့် အခြေအနေ အသေးစိတ်ကိုမသိရှိရကြောင်း ဆိုသည်။

ထို့အပြင် စစ်ကောင်စီသည် ရွာသားကို အတင်းနေရပ်ပြန်ခိုင်းနေသည်မှာ ဒေသခံများကို ဓားစာခံ၊ ဒိုင်းကာအဖြစ် အသုံးချရန်အကွက်ဆင်နေကြောင်း PNLO ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက ဆက်ပြောသည်။

“သူတို့ရှိနေတဲ့အခါကျတော့ ရွာသားတွေလည်း မပြန်ရဲဘူး။ စစ်ကောင်စီရဲ့ အကျင့်တွေက တစ်နိုင်ငံလုံးသိတဲ့ အတိုင်းပဲ။ ဒါပေမဲ့ စစ်ကောင်စီကတော့ ဒေသခံပြည်သူလူထုကို အတင်းပြန်ခိုင်းတယ်။ အဓိက တစ်ခုခုဖြစ်လာပြီဆိုရင်လည်း လူထုကိုကာဗာလုပ်လို့ရအောင်၊ လူသားဒိုင်းလုပ်လို့ရအောင် ဆိုတဲ့အကွက်လေးပုံစံတွေ့နေရတယ်”ဟု ခွန်ရိန်းယံက ထပ်လောင်းပြောသည်။

ပြီးခဲ့သည့် မေလ ၆ ရက်တွင်လည်း ရေဖြူရွာက အမျိုးသမီးအပါအဝင် ဒေသခံ ၉ ဦးကို လက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့များကို ထောက်ပံ့ပေးသည်ဟု စွပ်စွဲပြီး စစ်ကောင်စီက ဖမ်းဆီးစစ်ဆေးမှု ပြုလုပ်ခဲ့သည်။

အလားတူ ဇွန်လ ၂ ရက်တွင် ဆီဆိုင်မြို့နယ် ကယန်းလေးကျေးရွာနေ အသက် ၅၀ နှစ်အရွယ် ဦးဂျော့လောင် (ခ) ဖြူးစွူးကိုလည်း စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ် PNO တို့က ဖမ်းဆီးသွားပြီး ပန်တိုင်းကျေးရွာအနီး၌ ညှင်းဆဲနှိပ်စက်သတ်ဖြတ်ခဲ့သည်။

Most read this week

မိုင်းပျဉ်း ၁၆ မိုင်ဂိတ်တွင် မြင်တွေ့ရသည့်ပုံ / Crd
September 4, 2026
သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ် – မိုင်းရှူး လမ်းတစ်လျှောက်ရှိ စစ်အုပ်စုတပ်...
ဖယ်ခုံမြို့နယ်အတွင်း စစ်အုပ်စုတပ် မီးရှို့ခဲ့သည့် နေအိမ်များ။
September 3, 2026
သျှမ်း - ကရင်နီ (ကယား) နယ်စပ်ဖြစ်သည့် မိုးဗြဲနှင့် ဖယ်ခုံဘက်တွင် စစ်အုပ်စုတပ်နှင့်...
ဓာတ်ပုံ - (ပုံဟောင်း / Crd)
September 2, 2026
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်အုပ်စုတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲ...
ဓာတ်ပုံ - (ညောင်ရွှေမြို့နယ် စစ်ဆေးရေးဂိတ်တစ်ခု - ပုံဟောင်း / Crd)
August 31, 2026
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့ပေါ်နှင့် အင်းလေးဒေသဘက်တွင် လှုပ်ရှားဆောင်ရွက်နေသည့်...