တောင်ကုတ်-အမ်း ကားလမ်းမပေါ်ရှိ ရွှေကွမ်းစမ်း‌ ချောင်းကူးတံတားကို စစ်ကောင်စီဖျက်ဆီး

တောင်ကုတ်-အမ်း ကားလမ်းမပေါ်ရှိ ရွှေကွမ်းစမ်း‌ ချောင်းကူးတံတားကို စစ်ကောင်စီဖျက်ဆီး

ရခိုင်ပြည်တောင်ဘက်ပိုင်း တောင်ကုတ်မြို့ကို အာရက္ခစစ်သည်တော်များ ဝင်ရောက်တိုက်ခိုက်မည်ကို စိုးရိမ်သဖြင့် ကားလမ်းပေါ်ရှိ ကွမ်းစမ်းတံတားကို စစ်ကောင်စီ ဖျက်ဆီးလိုက်ပြီဖြစ်ကြောင်း သတင်းရရှိသည်။

တောင်ကုတ်မြို့နှင့် (၈)မိုင်ခန့်အကွာအဝေးတွင်ရှိသည့် ၎င်းရွှေကွမ်းစမ်းတံတားကို ဇွန် ၁၀ ရက် နေ့ည အချိန်က တောင်ကုတ်မြို့ပေါ်မှ စစ်ကောင်စီတပ်က လာရောက်ဖျက်ဆီးသွားခဲ့သည်ဟု  တောင်ကုတ် မြို့နယ်မှ ဒေသခံတစ်ဦးက နိရဉ္စရာ ကိုပြောသည်။

"ဖျက်တာက ညဖက်ဖျက်တာ။ တံတားက သံနဲ့သစ်သားနဲ့လုပ်ထားတာ။  သူတို့ကသစ်သားတွေအကုန် ဖြုတ်ပြီး လွင့်ပစ်ထားတယ်။ အခု တံတားကို အသုံးပြုလို့မရတော့ဘူး" ဟုပြောသည်။

ယခုတံတားအား အသုံးပြုပြီး အာရက္ခတပ်တော် တောင်ကုတ်မြို့ထဲသို့ ထိုးစစ်ကို ကြောက်၍  စစ်ကောင်တပ်သည် လမ်းနှင့်တံတားဖျက်ဆီးခဲ့ခြင်းဟု ဆိုသည်။

စစ်ကောင်စီတပ်သည် အကြောက်တရားလွမ်းမိုးနေသဖြင့်  ယခုကဲ့သို့ အများပြည်သူ သွားလာမှုပြုသည့် လမ်းကို ဖျက်ဆီးခြင်းဖြစ်သည်ဟု တောင်ကုတ်မြို့မှ လူမှုရေးလှုပ်ရှားသူတစ်ဦးက ပြောသည်။

"  တောင်ကုတ်ဖက်မှာ လမ်းတွေကိုဘတ်ဟိုးတူးတာတွေ အရင်လတွေကလည်း မကြာမကြာ လုပ်တယ်။ အခုတံတားတွေကိုပါ ဖျက်ဆီးနေပြီ။ တောင်ကုတ်မြို့ကို မကြာခင် တိုက်တော့မယ်ဆိုတာ စိုးရိမ်နေတာကြောင့် လမ်းတွေ၊ တံတားတွေကိုလိုက်ဖျက်နေတာ။ သူတို့က အေအေ ဝင်လာနိုင်တဲ့ လမ်းတွေ၊ တံတားတွေကို ဖျက်ဆီးနေတာ" ဟုပြောသည်။

၎င်းတံတားသည် ရွှေကွမ်းစမ်းရွာ၊ ကင်း တောင်၊ ရွာမ စသည့် ကျေးရွာများမှ ဒေသခံများ အသုံးပြုလျက်ရှိသည့်  ပေါင်းကူးတံတားဖြစ်သည်ဟု ဒေသခံများကပြောသည်။

တောင်ကုတ်မြို့နယ် ဒုံရွာနှင့် မီးကျောင်းထိုးရွာကို ဆက်သွယ်ထားသည့် ရွာချင်းဆက်လမ်းကိုလည်း ပြီးခဲ့သည့် ဧပြီ ၂၃ရက်နေ့က တောင်ကုတ်မြို့မရဲစခန်းမှ ရဲများအပါအဝင် စစ်ကောင်စီအင်အား ၁၀ ယောက်ကျော်ဖြင့် ရောက်ရှိလာပြီး ဘတ်ဟိုးတစ်စီးဖြင့် ဖျက်ဆီးသွားသည်ဟု ဒေသခံများက ပြောသည်။

၎င်းအပြင် လွန်ခဲ့သည့် မတ်လအတွင်းကလည်း ရခိုင်နှင့် ပြည်မဆက်သွယ်ထားသည့် အမ်း-စစ်တွေ လမ်းပိုင်း အမ်း-တပ်တောင်လမ်းပိုင်းနှင့် အမ်း-မအီလမ်းပိုင်းတို့ဖြစ်သည့် အမ်းမြို့အဝင် ကားလမ်း သုံးခုကို ဘတ်ဟိုးများဖြင့် တူးကာ ကားများဖြင့် သွားလာ၍ မရအောင်ဖျက်ဆီးခဲ့ကြောင်း အမ်းမြို့ ဒေသခံများ၏ ပြောပြချက်အရသိရသည်။

စစ်ကောင်စီသည် ပြီးခဲ့သည် မတ်လ ၁၉ ရက်မနက်ပိုင်းတွင် လည်း တောင်ကုတ်- အမ်းလမ်းဖြစ်သည့် တောင်ကုတ်တက္ကသိုလ်အနီး စစ်ဆေးရေးဂိတ်နှင့် မဟော်သဓာ ကိုယ်ပိုင်အထက်တန်းကျောင်းကြား လမ်းမကြီးကိုဖြတ်၍ ဆည်ဖို့ပစ်လိုက်ပြီး စစ်ဆေးရေးဂိတ်အနီးတွင်လည်း လမ်းကိုဘက်ဟိုးနှင့် တူး၍ ဖျက်ဆီးပစ်ခဲ့ကြောင်း တောင်ကုတ်မြို့ဒေသခံများ၏ ပြောပြချက်အရသိရသည်။

ရခိုင်ပြည်တွင် ပြည်သူများသွားလာရေး အဓိကကျသော တံတားများဖြစ်သည့် စစ်တွေ အမြင့်ကျွန်း ကျေးရွာ အနီးရှိ မင်းချောင်းတံတားနှင့် မောင်တောမြို့နယ်မှ ပန်းဇင်းမော်တံတား၊ လှဘော်ဇားတံတား၊ ၃ မိုင်တံတား၊ မအီတံတား၊ ကျောက်ကြီးပေါက်တံတား၊ အလယ်သံကျော် ကွန်ကရစ် တံတားကြီး အပါအဝင် တံတားပေါင်း ၁၀ ကျော်ကို စစ်ကောင်စီက ဖျက်ဆီးထားခဲ့ပြီဖြစ်သည်။

ရခိုင်စစ်ပွဲ (၆) လကျော်အတွင်း လူနေအိမ် ၈၄၅၁ဆောင်၊ စာသင်ကျောင်း ၁၉ကျောင်း၊ ဆေးရုံ ၉ ဆောင်၊ သာသနိကအဆောက်အအုံ ၆၁ဆောင် နှင့် တံတား ၁၃စင်း ဖျက်ဆီးခံခဲ့ရသည်ဟု ပြောသည်။

Most read this week

September 5, 2026
ယခုရက်ပိုင်းအတွင်း ရခိုင်ပြည်၊ စစ်တွေနှင့် ကျောက်ဖြူမြို့နယ်တို့တွင် တိုက်ပွဲများ...
ဩဂုတ်လ ၁၃ ရက်၊ ညက ကျိန္တလီမြို့အား စစ်တပ် ဗုံးကြဲမှုကြောင့် သေဆုံးသွားသူများ / AA Info Desk
September 4, 2026
လေကြောင်း တိုက်ခိုက်မှုများ အပါအဝင် စစ်အုပ်စုတပ်၏ လက်ချက်ကြောင့် ဩဂုတ်လအတွင်း ကလေးငယ် များ၊...
ဓာတ်ပုံ - (ပုံဟောင်း / Crd)
September 4, 2026
ရခိုင်ပြည်၊ စစ်တွေမြို့တွင် အာဏာသိမ်း စစ်အုပ်စုတပ်က ဖမ်းဆီးထားသည့် ဒေသခံ ရခိုင်နှင့် မွတ်ဆလင်...
ဓာတ်ပုံ - (ပုံဟောင်း / Crd)
September 2, 2026
မကွေးတိုင်း၊ ပဒါန်းမြို့နယ်ရှိ နတ်ရေကန်ဗျူဟာကုန်းသို့ စစ်ကူထိုးလာသည့် စစ်အုပ်စုတပ်ကို AA က...