တိုက်ပွဲအတွင်းပိတ်မိနေသည့် သံတွဲမြို့ ဂေါ့ကျေးရွာမှ ရွာသား ၄၀၀ ကျော်ကို အာရက္ခတပ်တော်မှ ကယ်ထုတ်

တိုက်ပွဲအတွင်းပိတ်မိနေသည့် သံတွဲမြို့ ဂေါ့ကျေးရွာမှ ရွာသား ၄၀၀ ကျော်ကို အာရက္ခတပ်တော်မှ ကယ်ထုတ်

တိုက်ပွဲအတွင်း ပိတ်မိနေသည့် ရခိုင်ပြည်နယ် သံတွဲမြို့နယ် ငပလီကမ်းခြေ  ဂေါ့ကျေးရွာမှ ရွာသား ၄၀၀ ကျော်ကို အာရက္ခတပ်တော်မှ ကယ်ထုတ်ထားကြောင်း ဒေသခံများထံမှသိရသည်။

အာရက္ခတပ်တော်နှင့် စစ်ကောင်စီတပ် တို့တိုက်ပွဲ ဖြစ်ပွားနေသောကြောင့် ဂေါ့ကျေးရွာသားများ ပိတ်မိလျက်ရှိရာ ဇွန်လ ၈ ရက်နှင့် ၉ ရက်နေ့တို့တွင် အရက္ခတပ်တော်မှ ကယ်ထုတ်သွား ခြင်း ဖြစ်ကြောင်း ဒေသခံများကပြောသည်။

“ ကယ်ထုတ်လာတဲ့ လမ်းကြောင်းကို လုံခြုံရေး အရပြောလို့ မရဘူး။ စစ်တပ်က ဗုံးကြဲ တာတွေ၊ ရွာပတ်ဝန်းကျင်တွေ နဲ့ရွာသားတွေ ပိတ်မိနေ တာလေ။  အေအေက ကယ်ထုတ်ပြီး အခု ထိန်းချုပ် နေရာတွေမှာ ကူညီပေးနေပါတယ်။ စားနပ်ရိက္ခာနဲ့ နေစရာတော့ လိုတာပေါ့။  မိုးရာသီလည်း ရောက်လာပြီဆိုတော့” ဟု အကူအညီပေးနေသူတစ်ဦးကပြောသည်။

ထိုသို့ အေအေက ကယ်ထုတ်လာသည့် ဂေါ့ကျေးရွာသားများအား ကျေးရွာအချို့တွင် စောင့်ရှောက် ထားသော်လည်း  ရေရှည် စားဝတ်နေရေး ခက်ခဲနိုင်ကြောင်း ဒေသခံများထံမှသိရသည်။

“ စစ်ရှောင်တွေကို ဒေသခံတွေက အလှူခံပြီးထောက်ပံ့နေပါတယ်။ ဆရာတော်တွေက ကောင်းပါတယ်။ ရှိတာနဲ့ကျွေးမွေးတယ်။  စစ်ရှောင်တွေက စိတ်တွေဘယ်ကောင်းကြမလဲ။  အိမ်တွေကိုထား ခဲ့ရတယ်။

စိုက်ခင်းတွေ၊ လယ်တွေ၊ ပစ္စည်းတွေထားခဲ့ရတယ်။ သူတို့ ပြန်ချင်ကြတယ်။  နောက်တိမ်းရှောင်နေတဲ့ ရွာတွေကို စစ်ကောင်စီကဗုံးကြဲမှာလည်း ကြောက်နေကြရတယ်” ဟု စစ်ရှောင်ကူညီသူ တစ်ဦးမှပြောသည်။

အာရက္ခတပ်တော် ထိန်းချုပ်ထား သည့်ရွှေလှေတိုက် နယ်တွင် ဂေါ့ကျေးရွာ အပါအဝင် ဒေါ်မြ၊ ကျောင်းကုန်း၊ ပုရစ်၊ ရေကောက်၊ နတ်တောင်မော် ကျေးရွာတို့မှ စစ်ရှောင်းစုစုပေါင်း တစ်ထောင်ကျော် ရှိကြောင်း ကူညီပေးနေသူများထံမှ သိရသည်။

ငပလီကမ်းခြေမြောက်ဘက်၊ ဂေါ့တောင်အနီးဝန်းကျင်၌ အာရက္ခတပ်တော်(အေအေ)နှင့် စစ်ကောင်စီ တပ်ဖွဲ့ကြား တိုက်ပွဲဖြစ်ပွားခဲ့ရာမှာ စစ်ကောင်စီ၏ စပီဘုတ်(Speed Boat) တစ်စီးကို အေအေ တပ်ဖွဲ့ဝင်များက တိုက်ခိုက်နစ်မြှုပ်ခဲ့သည်ဟု AA က ဇွန် ၇ ရက် ထုတ်ပြန်သည်။

တိုက်ပွဲဖြစ်ပွားနေသောနေရာများသည် သံတွဲ၊ ငပလီ (မဇင်) လေယာဉ်ကွင်း၏ အနောက် မြောက်ဘက် (၂.၆) ကီလိုမီတာနှင့် (၆.၅) ကီလိုမီတာခန့်သာ ကွာဝေးသည်ဟု သိရသည်။

အာရက္ခတပ်တော်သည် သံတွဲလေယာဉ်ကွင်းအား ဦးတည်တိုက်ခိုက်လျက်ရှိပြီး စစ်ကောင်စီကလည်း ကြည်း၊ရေ၊ လေတပ်ပေါင်းစုံဖြင့် အကြီးအကျယ်အင်အားသုံကာ ခုခံကာကွယ်နေသည်ဟု သိရသည်။

February 13, 2026
ကျော်သီဟ — ရခိုင်ပြည်၊ ကျောက်တော်မြို့နှင့် မြောက်ဦးမြို့တို့ ယမန်နေ့တစ်ညတည်းတွင်...
February 12, 2026
(တိုက်ပွဲများအတွင်း စစ်တပ်မှ (၉၆) ဦးသေဆုံး၊ (၃၈) ဦး ထိခိုက်ဒဏ်ရာရကာ စစ်တပ်အဖွဲ့ဝင်ပေါင်း (၁၀၁)...
February 11, 2026
ကျော်သီဟ — ရခိုင်ပြည်၊ မြောက်ဦးပြည်သူ့ဆေးရုံ ပြန်လည်တည်ဆောက်နိုင်ရေးအတွက် တစ်ဦးချင်း...
February 10, 2026
ကျော်သီဟ — ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်တွင် လောင်စာအဖြစ် ထင်းကိုအသုံးပြုမှု များလာနေပြီး...