မောင်တော‌တောင်ပိုင်း မြင်းလွှတ် နခခ(၉)ကို AA ထပ်မံသိမ်းပိုက်

မောင်တော‌တောင်ပိုင်း မြင်းလွှတ် နခခ(၉)ကို AA ထပ်မံသိမ်းပိုက်

ရခိုင်ပြည်၊ မောင်တော-အငူ‌မော်လမ်း ပေါ် ရှိ မြင်းလွှတ် နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ နခခ(၉) စခန်းကြီးအား အာရက္ခတပ်တော် (AA) မှ ယနေ့ ဇွန်လ ၇ ရက် နံနက်ပိုင်း၌ အပြီးသတ်သိမ်း ပိုက်လိုက်ပြီဖြစ်ကြောင်း ခိုင်လုံသည့် သတင်းရင်းမြစ်များအရသိရသည်။

"ဒီနေ့မနက်မှာသိမ်းပိုက်နိုင်ခဲ့တယ်။ မနက် အာရုဏ်ကတည်းက တိုက်ပွဲကပြင်းထန်‌နေခဲ့တာ။ နယ်ခြားစောင့် အများစုက မောရဝတီဖက်ကို ထွက်ပြေးကြတာများတယ်။ လက်နက်ချတာ။ ဖမ်းမိတာတွေလည်း ရှိတယ် "ဟုပြောကြားသည်။

မောင်တော-အငူမော်သွားလမ်းပေါ်ရှိ နယ်ခြားစောင့်တပ်ဖွဲ့ခွဲ များဖြစ်ကြသည့်  နခခ(၆) အင်းဒင်စခန်းကြီးနှင့် နခခ(၉) မြင်းလွှတ်စခန်းကြီးများအား အာရက္ခတပ်တော် ‌‌ အေအေမှ ဇွန်လ ၅ ရက်‌ နေ့မနက်မှစပြီး စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်။

ဇွန်လ ၆ ရက်နေ့က  နခခ(၆) အင်းဒင်စခန်းကြီးအား သိမ်းပိုက်ခဲ့ပြီးနောက်  နခခ(၉) မြင်းလွှတ်စခန်းကြီးအား ဇွန်လ ၇ ရက်နေ့တွင် ထပ်မံသိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။

မြင်းလွှတ် အခြေစိုက်နယ်ခြားစောင့်တပ်ဖွဲခွဲနခခ(၉) မကျစေဖို့ ပင်လယ်ပြင်ရှိ နေဗီများမှ လက်နက်ကြီး ပစ်ကူပေးခဲ့သလို လေကြောင်းမှလည်းပစ်ကူပေးခဲ့ကြောင်း ကျောက်ပန္ဒူဒေသခံများက ပြောဆိုသည်။

" ဒီနေ့မနက် အာရုဏ်ကတည်းက  တိုက်ပွဲကပြင်းထန်နေခဲ့တာ။ အေအေဖက်က ဒရုန်း ၁၀ စီးနဲ့ တစ်ပြိုင်းတည်း ဗုံးချတိုက်ခိုက်ခဲ့ကြတာ။ ရန်သူဖက်ကဘယ်လို့မှမကာကွယ်နိုင်ခဲ့ကြဘူ။ စစ်တပ် ရေကြောင်းက လက်နက်ကြီးပစ်ကူတယ်။ လေကြောင်းကလာ‌ပြီးဗုံးကြဲချတိုက်ခိုက်တယ်။ အဲ့ဒီကြားက ဒီနေ့ မနက်ပိုင်းမှာမြင်းလွှတ်စခန်းတစ်ခု လုံးကိုတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြတယ်လို့ သိရတယ် "ဟု ပြောဆိုသည်။

မြင်းလွှတ်နယ်ခြားစောင့်ရဲတပ်ဖွဲ့(ခွဲ) နခခ(၉)စခန်းကို ၂၀၂၃ ခုနှစ်တွင် စတင် တည်ဆောက် ထားခြင်းဖြစ်ပြီး မောင်တော-အငူမော်ကားလမ်း ဘေးပင်လယ်ကမ်း‌‌ခြေဖက်တွင် တည်ရှိသည့် တပ်စခန်းတစ်ခုလည်ဖြစ်သည်။

မောင်တောမြို့နယ်တွင် စစ်ကောင်စီတပ်စခန်းဖြစ်ကြတဲ့ နခခ(၄)မောရတီ၊ နယ်မြေ(၇) အလယ်သံကျော်၊ နခခ(၂) ၄မိုင်နှင့် နခခ(၅)မြို့သူကြီး စသည့် စခန်းကြီး ၄ ခုသာ  ကျန်ရှိတော့ပြီး အာရက္ခတပ်တော်(AA)မှ ၁၆၈ မိုင် ရှည်လျားတဲ့ မြန်မာ- ဘင်္ဂလားဒေ့ရှ် နယ်စပ်အား အပြီးသတ် ထိန်းချုပ်နိုင်တော့မည် ဖြစ်သည်။

Most read this week

July 22, 2026
ရခိုင်ပြည်၏ မြို့တော်၊ စစ်တွေမြို့၊ ဆင်ကူးလမ်းရပ်ကွက်ရှိ ဆင်ကူးလမ်းကျောင်း စစ်ဘေးရှောင်စခန်းမှ...
July 20, 2026
ရခိုင်ပြည်၊ သံတွဲ၊ မအီနှင့် ပုဏ္ဏားကျွန်းမြို့များကို ဇူလိုင်လ ၁၉ ရက်နေ့ တစ်ရက်တည်းအတွင်း...
July 18, 2026
ဧရာဝတီတိုင်းအတွင်း ခိုလှုံနေကြသည့် ရခိုင်စစ်ဘေးရှောင်များနှင့် ရခိုင်မှတ်ပုံတင် (၁၁/---)...
July 17, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ် တောင်မော်ဦးရေတပ်အနီးတွင် အာရက္ခတပ်တော် (AA) နှင့် စစ်တပ်တို့အကြား...