စစ်တွေ ကျပ်တောပြင်မှ လူငယ် ၆ ဦးကို စစ်ကောင်စီ ဖမ်းဆီး

စစ်တွေ ကျပ်တောပြင်မှ လူငယ် ၆ ဦးကို စစ်ကောင်စီ ဖမ်းဆီး

ရခိုင်ပြည်၊ စစ်တွေမြို့နယ်၊ ကျပ်တောပြင်ကျေးရွာမှ  လူငယ်  ၆ ဦးကို ဇွန်လ ၄ ရက် ညအချိန်က စစ်ကောင်စီမှ ဖမ်းဆီးသွားကြောင်း သတင်းရရှိသည်။

ဖမ်းဆီးခံရသူများမှာ ကိုထွန်းနိုင်ဝင်း အသက် (၂၄)နှစ်၊  အောင်တိုင် ကျေးရွာမှ ကိုမိုးဒီ အသက် (၂၄)နှစ်ခန့်၊ ကိုမောင်ပြား အသက် (၃၀)နှစ်ခန့်၊  ကိုကျော်ကျော် အသက် (၂၃)နှစ်၊ ကိုထွန်းလင်း အသက် (၂၅)နှစ်နှင့်  ကို ငြိမ်းငြိမ်းလင်း အသက် (၂၁)နှစ်တို့ ဖြစ်သည်။

စစ်တွေမြို့နယ် မှ ဒေသခံတစ်ဦးက  " အခုစစ်တွေမှာ စစ်ကောင်စီက အာဏာပြနေတာကြာပြီ။ ရွာက လူတွေကို အကြောင်းမဲ့ သူတို့ ဧည့်စာရင်း စစ်တယ်။ ဟိုမေးဒီ‌‌ မေး မသင်္ကာရင် မထင်ရင် မထင်သလို ဖမ်းတယ်။ မနေ့ကညက အောင်တိုင်ရွာမှာ တပ်စွဲထားတဲ့ စစ်သားတွေ ရွာတွေကို ဝင်‌မွှေပြီး ဖမ်းသွားတာ။ အကုန်လုံးက အသက် ၂၀ကျော်။ ၃၀ လောက်တစ်ယောက်ပါတယ်။  "  ဟု  နိရဉ္စရာ သတင်းဌာနကို ပြောသည်။

ယမန်နေ့ ဇွန်လ ၄ ရက်‌ ည အချိန် ၉ နာရီတွင်  အောင်တိုင်ရွာတွင် တပ်စွဲထားသည့် စစ်ကြောင်းမှ စစ်အင်အား ၅၀ နီးပါးခန့်သည်  ရွာထဲသို့   ဧည့်စာရင်း စစ်သည့်ဟန်ပြုလုပ်ကာ ဝင်ရောက်လာပြီး ၎င်းတို့ ၆ ယောက်ကို  လာရောက်ဖမ်းဆီးသွားသည်။

“သူတို့က ရွာမှာ အေးအေးဆေးနေကြတဲ့သူတွေပါ။ ဘာနိုင်ငံရေး လက်နက်ကိုင်အဖွဲ့အစည်းနဲ့မှလည်း မပတ်သက်ပါ။ အခု ရခိုင်လူငယ်တွေဆိုရင် သူတို့က မသင်္ကာဘူး။ အေးအေးဆေးဆေးနေတဲ့ လူငယ်တွေကိုလည်း ဖမ်းတယ်။ ရိုက်နှိပ်စစ်ဆေးတယ်။ ထောင်ချတယ် အေသလိုလုပ်နေတာ” ဟု ပြောဆိုသည်။

စစ်တွေမှ ဖမ်းဆီးခံရသူအများစုမှာ ခလရ(၂၀)နှင့် မြို့မရဲစခန်းတွင် ထိန်းသိမ်းခံရပြီး  တချို့မှာ ငွေကြေးပေးလျှင် ‌ပြန်လွတ်ပေးသည်ဟု စစ်တွေမြို့ခံတစ်ဦးက နိရဉ္စရာ သတင်းဌာနကိုပြောသည်။

" ခလရ (၂၀)ကိုခေါ်သွားရင် အဆက်အသွယ်ပြတ်တာများတယ်။ မြို့မရဲစခန်းမှာ ထားရင်တော့ ပိုက်ဆံပေးရင်လွတ်တယ်။ အခုဖမ်းနေတာက လည်း စစ်တွေမှတ်ပုံတင်မဟုတ်တာကို အကြောင်းပြပြီးဖမ်းတာပဲ။ တချို့ကလည်း အေအေနဲ့ဆက်စပ်မလား စစ်ဆေးတာတွေရှိတာပေါ့" ဟုပြောသည်။

ပြီးခဲ့သည့် မေလ ၁၅ရက်နှင့် ၁၆ ရက်ကလည်း စစ်တွေမြို့တွင် ဘုန်းတော်ကြီးကျောင်းများကို စစ်ကောင်စီက ဧည့်စာရင်းစစ်ဆေးပြီး စစ်တွေမှတ်ပုံတင် ၁၁/ စတန (နိုင်) မဟုတ်သူများ ရဟန်း၊သံဃာအပါအဝင်  အယောက် ၁၀၀ကျော်ဖမ်းဆီးခံပြီး တချို့မှာ ပြန်လွတ်လာပြီး အများစုမှာ အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေ ေကြောင်း သိရသည်။

ပြီးခဲ့သည့် မေလ ၂၉ ရက်နေ့ မှ ၃၁ ရက်နေ့အထိ စစ်တွေမြို့နယ် ဗျိုင်းဖြူရွာမှ ပြည်သူ ၇၆ ဦးတို့စစ်‌ ကောင်စီမှ ဖမ်းဆီးသတ်ဖြတ်ခဲ့ပြီး အမျိုးသား ၁၀၀နီးပါးကိုလည်း စစ်ကောင်စီ ခလရ (၂၀)သို့ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။

Most read this week

July 22, 2026
ရခိုင်ပြည်၏ မြို့တော်၊ စစ်တွေမြို့၊ ဆင်ကူးလမ်းရပ်ကွက်ရှိ ဆင်ကူးလမ်းကျောင်း စစ်ဘေးရှောင်စခန်းမှ...
July 20, 2026
ရခိုင်ပြည်၊ သံတွဲ၊ မအီနှင့် ပုဏ္ဏားကျွန်းမြို့များကို ဇူလိုင်လ ၁၉ ရက်နေ့ တစ်ရက်တည်းအတွင်း...
July 18, 2026
ဧရာဝတီတိုင်းအတွင်း ခိုလှုံနေကြသည့် ရခိုင်စစ်ဘေးရှောင်များနှင့် ရခိုင်မှတ်ပုံတင် (၁၁/---)...
July 17, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ် တောင်မော်ဦးရေတပ်အနီးတွင် အာရက္ခတပ်တော် (AA) နှင့် စစ်တပ်တို့အကြား...