သျှမ်းမြောက်တွင် စက်သုံးဆီဝယ်လျှင် ရပ်ကွက်ထောက်ခံစာပါမှ ဝယ်ခွင့်ပြုမည်ဟုဆို

သျှမ်းမြောက်တွင် စက်သုံးဆီဝယ်လျှင် ရပ်ကွက်ထောက်ခံစာပါမှ ဝယ်ခွင့်ပြုမည်ဟုဆို

သျှမ်းမြောက်တွင် စစ်ကောင်စီမှ စက်သုံးဆီဝယ်သူများကို ရပ်ကွက် ထောက်ခံစာပါမှသာ ရောင်းချပေးရန် ထုတ်ပြန်လာကြောင်း သတင်းရရှိသည်။

မေလ ၃၁ ရက်မှ စပြီး စက်သုံးဆီရောင်းချသူများကို ပုံး၊ ပေပါဖြင့်ရောင်းချခြင်း မပြုရန်ရန်နှင့် စက်သုံးဆီအရောင်းဆိုင်များမှ အခြားဆိုင်နှင့် လုပ်ငန်းများကို တိုက်ရိုက်ရောင်းချ ခြင်းမပြုရန် နှင့် မီးစက်များအတွက် မဖြစ်မနေ အသုံးပြုရမည်ဆိုပါက သက်ဆိုင်ရာ ရပ်ကွက်ထောက်ခံစာပါမှသာ ဝယ်ယူခွင့်ပြုမည်ဖြစ်ကြောင်းကို ဒေသအဖွဲ့ အုပ်ချုပ်ရေးအကြီးအကဲမှ ထုတ်ပြန်ထားပါသည်။

ထို့အပြင် အမှန်တကယ် လိုအပ်သည့် ကားနှင့်ဆိုင်ကယ်အတွက်သာအသုံးပြုရမည် ဖြစ်ပြီး သတ်မှတ်ထားသည့် စည်းကမ်းများမလိုက်နာလျှင် ထိရောက်စွာ အရေးယူမည်ထုတ်ပြန်ချက်တွင်ရေးသားထားသည်။

ထိုသို့စက်သုံးဆီ အကန့်သတ်ဖြင့် ရောင်း၊ဝယ်ရတာကြောင့် ဒေသခံများက စိုက်ပျိုးရေးနှင့် သွားလာရေးအတွက် ပိုပြီး နှောင့်နှေးမှုဖြစ်ကာ စက်သုံးဆီ စျေးနှင့် ကုန်စျေးနှုန်းများ ပိုပြီး တက်လာနိုင်ကြောင်းသိရသည်။

“ ဒီလိုကန့်သတ်လိုက်တော့ လူတွေက နေ့တိုင်း အသုံးဆောင်လိုဖြစ်နေတော့ အလုယက်တွေ ဝယ်ကြတော့ စျေးက ထပ်တက်မှာ ကြောက်တယ်။ ဆီတွေက စျေးတက်လာရင် စားသောက်ကုန်တွေလည်း စျေးတက်လာမှာ။ ပြီး တော့ စိုက်ပျိုးချိန်လည်း ဖြစ်တော့ စီးပွားရေးနဲ့ သွားလာရေးအတွက်က ပိုပြီး ခက်ခဲ ကြာစေတယ်ပေါ့။” ဟုတောင်ကြီးဒေသခံ တစ်ဦးက ဆိုသည်။

ပြီးခဲ့သည့် ၁၀၂၇ စစ်ဆင်ရေးကြောင့် သျှမ်းမြောက်ဒေသ( ၁၆) မြို့ကို တိုင်းရင်းသားလက်နက်ကိုင်များက သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီမှ ထိုမြို့များသို့ စစ်သုံးဆီနှင့် စားသောက်ကုန်များ မရောက်စေခြင်းကြောင့် ကန့်သတ်လိုက်တာ ဖြစ်နိုင်ကြောင်း မူဆယ်ဒေသခံ တစ်ဦးက ထပ်လောင်းပြောသည်။

လက်ရှိသျှမ်းမြောက်ဒေသတွင် စက်သုံးဆီ တစ်လီတာ ၃၆၀၀ အထက်ရှိနေပြီး ထိုထက်မက ဆီစျေးမြင့်မားလာနိုင်ကြောင်း စုံစမ်းသိရှိရသည်။

“ ၁၀၂၇ စစ်ဆေးဆင်ရေး” အပြီး(PSLF/TNLA) ထိန်းချုပ်ထားသည့် ဒေသများကိုလည်း လမ်းပိတ်ပြီး ကုန်စည် စီးဆင်းခွင့် ကန့်သတ်ထားကြောင်း သိရသည်။

April 27, 2026
စိုင်းဆိုင်အိုက်  —သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ရှိ တအာင်းစားသင်ကျောင်း (TLEC)...
April 25, 2026
စိုင်းဟန်လင်း — စစ်ကောင်စီ၏ ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုကော်မတီက...
လားရှိုးမြို့ရှိ ခလရ(၄၁) တပ်ရင်းအား ၂၀၂၄ ဇူလိုင်လအတွင်း MNDAA သိမ်းပိုက်ခဲ့စဉ်
April 24, 2026
စိုင်းခွမ်မိန်း — သျှမ်းပြည် လားရှိုးမြို့အဝင်ရှိ စစ်တပ်လက်အောက်ခံ ခြေလျင်တပ်ရင်း ခလရ-(၄၁) ထဲ...
April 23, 2026
စိုင်းဆိုင်အိုက် — သျှမ်း-ကရင်နီနယ်စပ်ဒေသတွင် လှုပ်ရှားနေသည့် တော်လှန်ရေးတပ်ဖွဲ့များ...