ကျောက်မဲမြို့တွင် ဗုံးပေါက်ကွဲမှုဖြစ်ပြီး ဒေသခံ သတိဖြင့်သွားလာနေရ

ကျောက်မဲမြို့တွင် ဗုံးပေါက်ကွဲမှုဖြစ်ပြီး ဒေသခံ သတိဖြင့်သွားလာနေရ

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့တွင် One Love ဟိုတယ်၌ ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီးနောက်ပိုင်းတွင် ပြည်သူများ သတိဖြင့် သွားလာနေရကြောင်း စုံစမ်းသိရသည်။

ပြီးခဲ့သည့် မေ ၂၆ ရက် ညတွင် ကျောက်မဲမြို့ရှိ One Love ဟိုတယ်၌ ဗုံးပေါက်ကွဲမှု ဖြစ်ပြီးနောက်ပိုင်း မြို့နယ်အုပ်ချုပ်ရေးမှူးများက မာရှယ်လော(ညမထွက်ရ) အမိန့်ကိုပြန်လည် သတိပေးနေလာ၊ ဒေသခံများလည်း သတိဖြင့် အပြင်သွားလာနေရကြောင်း ကျောက်မဲမြို့ ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“မာရှယ်လောက အရင်ကတည်းက မပယ်ဖျက်ရသေးဘူး ။ အရင်ကတော့ ညတွေထွက်ကြတာရှိတယ်။ ဒီနောက်ပိုင်း ဟိုတယ် ဗုံးပေါက်ကွဲပြီးတဲ့ နောက်ပိုင်းမှ မထွက်ကြတော့တာ ခုလည်း ပြန်သတိပေးတဲ့ သဘောပေါ့” ကျောက်မဲဒေသခံ အမျိုးသားတစ်ဦးက ဆိုသည်။

One Love ဟိုတယ် ဗုံးပေါက်ကွဲမှု မဖြစ်ပွားခင်တွင် ကျောက်မဲမြို့ ဒေသခံများသည် မာရှယ်လော (ညမထွက်ရ) အမိန့် ရှိနေသော်လည်း ည ၁၀ နာရီထိ သွားလာလှုပ်ရှားနေသေးကြောင်း၊ ထိုဟိုတယ်ပေါက်ကွဲမှု ဖြစ်ပွားပြီးနောက်ပိုင်းတွင် ည ၆နာရီဝန်းကျင်၌ ကျောက်မဲမြို့ပေါ် သွားလာမှု မရှိတော့ကြောင်း ကျောက်မဲမြို့ အသက် ၄၀အရွယ်ရှိ အမျိုးသားတစ်ဦးက ပြောသည်။

“ ဒီနိုင်ငံရေးအခြေနေနဲ့ အရင်ကတည်းက သတိထားသွားလာကြတယ်။ ခု သူတို့ ဒီလို(ညမထွက်ရ) ပြန်ပြောလာတော့လည်း ပိုသတိထားကြတာပေါ့ ဒါမဲ့ ကျန်းမာရေးကြောင့် ည ဆေးရုံ ၊ ဆေးခန်းတွေ သွားမယ်ဆို စစ်ဆေးတဲ့ နေရာတွေရောက်ရင် ထောက်ခံစာပေးပြီး သွားလို့ ရတယ်”ဟု ၎င်းအမျိုးသားက ဆိုသည်။

ထို One love ဟိုတယ်ပေါက်ကွဲမှုတွင် ဟိုတယ်ဝန်ထမ်းတစ်ဦး ဒဏ်ရာရပြီး အနီးရှိ ကားမှန်များ ပျက်စီးခဲ့ကြောင်း သိရသည်။

ကျောက်မဲမြို့တွင် ညမထွက်ရအမိန့်ကို  ၂၀၂၃ ခုနှစ် ဩဂုတ် ၆ ရက် ကျောက်မဲမြို့ ရပ်ကွက်(၁)တွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီး နောက်ပိုင်း ထုတ်ခဲ့ခြင်းဖြစ်သည်။

ကျောက်မဲမြို့နယ်တွင် စစ်ကောင်စီ တပ်ရင်းများအပြင် ၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော့ (TNLA) ၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) ၊ ကျောက်မဲပြည်သူကာကွယ်ရေးတပ်ဖွဲ့ တို့လည်း အခြေစိုက်ကြောင်းသိရသည်။

Most read this week

မိုင်းပျဉ်း ၁၆ မိုင်ဂိတ်တွင် မြင်တွေ့ရသည့်ပုံ / Crd
September 4, 2026
သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ် – မိုင်းရှူး လမ်းတစ်လျှောက်ရှိ စစ်အုပ်စုတပ်...
ဖယ်ခုံမြို့နယ်အတွင်း စစ်အုပ်စုတပ် မီးရှို့ခဲ့သည့် နေအိမ်များ။
September 3, 2026
သျှမ်း - ကရင်နီ (ကယား) နယ်စပ်ဖြစ်သည့် မိုးဗြဲနှင့် ဖယ်ခုံဘက်တွင် စစ်အုပ်စုတပ်နှင့်...
ဓာတ်ပုံ - (ပုံဟောင်း / Crd)
September 2, 2026
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်အုပ်စုတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲ...
ဓာတ်ပုံ - (ညောင်ရွှေမြို့နယ် စစ်ဆေးရေးဂိတ်တစ်ခု - ပုံဟောင်း / Crd)
August 31, 2026
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့ပေါ်နှင့် အင်းလေးဒေသဘက်တွင် လှုပ်ရှားဆောင်ရွက်နေသည့်...