VPN အသုံးပြုတွေ့ရှိပါက ပြင်းထန်စွာအရေးယူမည်ဟု တရုတ်အာဏာပိုင် ထုတ်ပြန်

VPN အသုံးပြုတွေ့ရှိပါက ပြင်းထန်စွာအရေးယူမည်ဟု တရုတ်အာဏာပိုင် ထုတ်ပြန်

သျှမ်းပြည် မြောက်ပိုင်း – တရုတ်နယ်စပ် ဒေသတွင် VPN app အသုံးပြုခြင်းကို တင်းကြပ်စွာတားမြစ်ထားပြီး သုံးစွဲပါကပြင်းထန်စွာ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တရုတ်သက်ဆိုင်ရာအဖွဲ့အစည်းများမှ ထုတ်ပြန်ခဲ့သည်။

သျှမ်းပြည် မြောက်ပိုင်း – တရုတ်နယ်စပ် ဒေသတို့တွင် VPN app အသုံးပြုခြင်းကို တင်းကြပ်စွာတားမြစ်သွားမည် ဖြစ်ကြောင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပြစ်မှုဆိုင်ရာဥပဒေငြိမ်ဝပ်ပိပြားရေးဥပဒေနှင့် ကွန်ရက်လုံခြုံရေးဥပဒေ အဖွဲ့အစည်းတို့မှ မေလ နောက်ဆုံးပတ်တွင် ထုတ်ပြန်ခဲ့သည်။

ထိုသို့ VPN အသုံးပြုနေသည်ကို စစ်ဆေးတွေ့ရှိပါက တရုတ်ယွမ်ငွေ ၁၅,၀၀၀ ယွမ် (ယခု ကာလပေါက်ဈေး မြန်မာကျပ်ငွေ ၈၇ သိန့်)ထိ ပေးဆောင်ရမည်အပြင် သက်ဆိုင်ရာအဖွဲ့အစည်းမှ ပြင်းထန်စွာ အရေးယူသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“တရုတ်ပြည်ထဲဝင်ပြီး VPN သုံးလို့ တွေ့မိရင် ဒဏ်ငွေပေးရမှာပါ။ တရုတ်ထဲဝင်ရင် ဒီနယ်စပ်တဝိုက်မှာက Wechat ပဲသုံးတာများတယ်။ တချို့ကျတော့ VPN သုံးတာပေါ့။ တရုတ်ပြည်ထဲရောက်နေတဲ့ လူတွေ ကလည်း VPN သုံးလို့မရတာ ၃ ရက်လောက်ရှိပြီလို့သိရတယ်။သူတို့မှာကျတော့ မြန်မာနိုင်ငံ သုံးဆော့ဝဲ တွေသုံးလို့မရဘူး”ဟု အသက် ၃၀ ဝန်းကျင် ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

VPN ကို မည်သည့်အဖွဲ့အစည်း သို့မဟုတ် တစ်ဦးချင်စီအား ခွင့်ပြုချက်မရှိ၊ တရားမဝင်နိုင်ငံတကာ ကွန်ရက်ချိတ်ဆက်ခြင်းကို တင်းတင်းကြပ်ကြပ်တားမြစ်ထားပြီး လက်ကိုင်ဖုန်းတွင် VPN ‌app အသုံးပြုခြင်းသည် တရားမဝင်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

“ဒီမှာက မြန်မာနိုင်ငံမှာ သုံးသလို Facebook တွေတခြားဟာတွေသုံးလို့မရဘူး။အဲ့ကြောင့် VPN ခံသုံးရတယ်။ တရုတ်ကထုတ်ထားတဲ့ App တွေပဲသုံးလို့ရတာ။VPN ခံရင်တောင်အကြာကြီးသုံးလို့မရဘူး”ဟု အသက် ၂၅ ဝန်းကျင် အမျိုးသမီးတစ်ဦးက ပြောသည်။

ပြည်ပ Web page၊ Website အကြောင်းအရာများကို VPN အသုံးပြုသူ မည်သူမဆို သတိပေးချက်နှင့် ဒဏ်ငွေများပေးဆောင်ရမည်ဖြစ်ပြီး ဗီဒီယို နှင့် ကောလဟာလများကို ကြည့်ရှုခြင်း၊ ဖြန့်ဝေခြင်းအတွက် VPN ကို အသုံးပြုလျှင် ဥပဒေအရအပြစ်ပေးခံရမည်ဖြစ်ကြောင်း သိရသည်။

ကိုယ်ရေးကိုယ်သာအသုံးပြုမှု၊ဒေါင်းလုဒ်ဆွဲခြင်း နှင့် Mobile app ရောင်းချခြင်းသည် တရားမဝင်သော လုပ်ဆောင်မှုများဖြစ်၍ ရဲဌာနမှတရားဥပဒေသ ပြင်းထန်စွာ အပြစ်ပေးအရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။

Most read this week

December 9, 2025
သျှမ်းပြည် ဖယ်ခုံမြို့နယ်ရှိ စစ်ကော်မရှင်တပ်ဖွဲ့ တပ်စွဲထားသည့်နေရာကို ကရင်နီတော်လှန်ရေး...
December 8, 2025
သျှမ်းပြည် မိုးမိတ်မြို့နယ်ရှိ မြစ်ဆုံကျေးရွာအနီးသို့ စစ်ကော်မရှင်တပ်က လေကြောင်းဗုံးကြဲ...
Photo credit - CJ
December 4, 2025
သျှမ်းပြည်မြောက်ပိုင်း သီပေါ-လားရှိုး ဆက်သွယ်ထားသည့် သီပေါတံတားကြီးကို စစ်ကော်မရှင်တပ်နှင့်...
December 3, 2025
မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီး ၅ နှစ်ကြာခဲ့ပြီးနောက် စစ်ကောင်စီအသွင်ပြောင်း စစ်ကော်မရှင်သည်...