မူဆယ်မြို့ အမျိုးသမီးတစ်ဦး မိုင်းနင်းမိ ခြေထောက်ဖြတ်ခံရ

မူဆယ်မြို့ အမျိုးသမီးတစ်ဦး မိုင်းနင်းမိ ခြေထောက်ဖြတ်ခံရ

သျှမ်းပြည် ‌မြောင်းပိုင်း မူဆယ်မြို့နယ်တွင် အမျိုးသမီးတစ်ဦး မြေမြုမိုင်းနင်းမိရာမှ ဆေးကုသရန် ငွေကြေးအခက်အခဲကြောင်း စုံစမ်းသိရသည်။

သျှမ်းပြည် မြောက်ပိုင်း မူဆယ်မြို့နယ် မန်မိုင်ရွာတွင် ပြ မူလ တန်းကျောင်အနီးတွင် ပြီးခဲ့သည့်  (မေ ၂၁ ရက်) ညနေ ၆ နာရီဝန်းကျင် အမျိုးသမီးတစ်ဦးသည် အပေါ့အပါးသွားရာမှ‌ မြေမြုပ်မိုင်းနင်းမိသဖြင့် ခြေထောက် တဖက် ဖြတ် လိုက်ရကြောင်း လက်ဖက်ညွန့်လူမှုကူညီရေး အသင်းတာဝန်ရှိသူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ‌ပြောသည်။

“ အဲ့အမျိုးသမီးက အပေါ့သွားရင်း မြေမြုပ်မိုင်းနင်းမိတာပါ။ ဘယ်ဘက်ခြေထောက်ဖြတ်လိုက်ရတယ်။ ညာဘက်ခြေထောက်ကလည်း မိုင်းစတွေနဲ့ ဒဏ်ရာပြင်းနေတယ်။” ဟု လက်ဖက်ညွန့် လူမှုကူညီရေးအသင်း တာဝန်ရှိသူက ပြောသည်။

အဆိုပါ မြေမြုပ်မိုင်းနင်းမိသော အမျိုးသမီးသည် အသက် ၄၀ကျော် ရှိ မခိုင်ချိုဝင်းဖြစ်ပြီး၊  မန္တလေးတိုင်းဒေသကြီးမှ မူဆယ်မြို့သို့ ရွှေ့ပြောင်းလာရောက် အလုပ်လုပ်ကိုင်သူဖြစ်သည်။

 “သူကလည်း ဒီမြို့ဘက်က လူမဟုတ်ဘူး။ သူက အရင်ကခြံစောင့် လို့တော့သိရတယ်။ သူကလည်း ကြုံရာ ကျပန်းအလုပ်လုပ်ပြီးထင်းတွေရောင်းနေပြီး ဝမ်းစာအတွက် ရုန်းကန် နေရတာပေါ့။ ကလေးလည်း နှစ်ယောက် ရှိတယ်။ ဆေးဖိုးတောင် အခု ၁၀ သိန်းလောက်ရှိနေပြီ။ သူလည်းအကူအညီတွေ လိုအပ်နေတာပေါ့။”ဟု ၎င်းက ဆိုသည်။

ထိုသို့ မူဆယ်မြို့ အနီးတဝှိက်ရှိ ကျွေးရွာ၊ ရပ်ကွက်များတွင် မကြာခဏ မြေမြုပ်မိုင်းနင်းမိမှုကြောင့် ဒေသခံများ သွားလာရန် အခက်အခဲများစိုးရိမ်မှုများရှိနေကြောင်း မူဆယ်မြို့ ‌ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“အဲ့ မန်မိုင်ရပ်ကွက် ဆို ဒီတစ်နှစ်အတွင်း ၁၀ ယောက် ဝန်ကျင်လောက်ရှိ နေပြီနင်းမိတာ။ ပြည်သူတွေ အတွက် ဒုက္ခရောက်တယ်လေ သွားဖို့လာဖို့စားဖို့သောက်ဖို့ စားဝတ်နေရေးရှာဖွေနေရတဲ့အတွက် ရွာတွေ ရပ်ကွက်တွေ မှာ ထောင်ထားတာ ကျနော်တို့ပြည်သူတွေအတွက်တော့ အန္တရာယ်များတာပေါ့။မြင်ရတာဟာတွေလည်းရှိရင် ရှိအုံးမှာပေ့ါ။” ဟု မူဆယ်မြို့ဒေသခံ အမျိုးသားက ထပ်လောင်းပြောသည်။

အလားတူ ပြီးခဲ့သည့် မေလ ၂၂ ရက် တွင်လည်း သျှမ်းပြည် သီပေါမြို့ ပန်းတိမ်တောင်ရပ်ကွက်မှ အသက်(၅၀)နှစ် ဝန်းကျင် ရှိ ဦးသန်းဝင်းဆိုသူသည် အလုပ်သွားလုပ်ရန် တုံစင့်ကျေးရွာနှင့် ကုံးစုံကျေးရွာအကြားတွင် ရောက်ရှိစဉ် မြေမြှုပ်မိုင်းနင်းမိပြီး ညာခြေထောက်ပြတ် ဒဏ်ရာနှင့် ဘယ်ဘက်ခြေထောက်တွင်လည်း ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

Most read this week

မိုင်းပျဉ်း ၁၆ မိုင်ဂိတ်တွင် မြင်တွေ့ရသည့်ပုံ / Crd
September 4, 2026
သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ် – မိုင်းရှူး လမ်းတစ်လျှောက်ရှိ စစ်အုပ်စုတပ်...
ဖယ်ခုံမြို့နယ်အတွင်း စစ်အုပ်စုတပ် မီးရှို့ခဲ့သည့် နေအိမ်များ။
September 3, 2026
သျှမ်း - ကရင်နီ (ကယား) နယ်စပ်ဖြစ်သည့် မိုးဗြဲနှင့် ဖယ်ခုံဘက်တွင် စစ်အုပ်စုတပ်နှင့်...
ဓာတ်ပုံ - (ပုံဟောင်း / Crd)
September 2, 2026
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်အုပ်စုတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲ...
ဓာတ်ပုံ - (ညောင်ရွှေမြို့နယ် စစ်ဆေးရေးဂိတ်တစ်ခု - ပုံဟောင်း / Crd)
August 31, 2026
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့ပေါ်နှင့် အင်းလေးဒေသဘက်တွင် လှုပ်ရှားဆောင်ရွက်နေသည့်...