နှစ်ပတ်အတွင်း တိုင်းနှင့်ပြည်နယ် (၁၁) ခုအနက် ရခိုင်တွင် တိုက်ပွဲအများဆုံးဖြစ်ပွားခဲ့

နှစ်ပတ်အတွင်း တိုင်းနှင့်ပြည်နယ် (၁၁) ခုအနက် ရခိုင်တွင် တိုက်ပွဲအများဆုံးဖြစ်ပွားခဲ့

မြန်မာနိုင်ငံတွင် စစ်ကောင်စီတပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်၊ တော်လှန်ရေးအင်အားစုများအကြား တိုင်းနှင့်ပြည်နယ် (၁၁) ခုအနက် နှစ်ပတ်အတွင်း တိုက်ပွဲဖြစ်ပွားမှုထဲ ရခိုင်တွင် အများဆုံးရှိခဲ့သည်ဟု BNI - Myanmar Peace Monitor ၏ ယနေ့ မေလ ၁၄ ရက် ထုတ်ပြန်သည့် မှတ်တမ်းများအရ သိရသည်။

ဧပြီ ၂၄ ရက်မှ မေ ၇ ရက်အတွင်း တိုက်ပွဲဖြစ်ပွားမှုမှာ ရခိုင်တွင် ၁၇ ကြိမ်၊ ကချင်တွင် ၁၅ ကြိမ်၊ စစ်ကိုင်းတွင် ၁၂ ကြိမ်၊ တနင်္သာရီတွင် ၉ ကြိမ်၊ ပဲခူးတွင် ၃ ကြိမ်၊ ချင်းတွင် ၃ ကြိမ်နှင့် ကရင်တွင် ၃ ကြိမ်၊ ရှမ်းတွင် ၃ ကြိမ်၊ မွန်တွင် ၂ ကြိမ်အပြင် ကရင်နီ ၁ ကြိမ်၊ မန္တလေးတိုင်းတွင် ၁ ကြိမ် ဖြစ်သည်။

ရခိုင်တွင် အာရက္ခတပ်တော်(AA)က မောင်တောနယ်စပ်ဒေသအား သိမ်းပိုက်ထိန်းချုပ်နိုင်ရေး ထိုးစစ်အရှိန် သုံးဆခန့် မြှင့်တင်တိုက်ခိုက်နေခြင်းကြောင့် တိုက်ပွဲဖြစ်ပွားမှုနှုန်း မြင့်တက်ခဲ့ခြင်းဖြစ်သည်။

“AA နဲ့ စစ်ကောင်စီတို့ တိုက်ပွဲတွေကတော့ နေ့တိုင်းလိုလိုဖြစ်နေတယ်။ AA ဘက်က ထိုးစစ်ကို မြှင့်သထက်မြှင့်လာသလို စစ်ကောင်စီကလည်း လေကြောင်း၊ ရေကြောင်းတွေကိုသုံးပြီး အပြင်းအထန်ခုခံနေတယ်။ ဂျက်တိုက်လေယာဉ်နဲ့ နေ့တိုင်းလာလာပစ်နေတယ်” ဟု မောင်တောဒေသခံတစ်ဦးက ပြောသည်။

AA သည် မောင်တောခရိုင်ရှိ စစ်ကောင်စီ၏ ကျန်ရှိနေသော တပ်စခန်းများကို ဆက်လက်ထိုးစစ်ဆင်နေပြီး ရခိုင်တောင်ပိုင်းတွင်လည်း စစ်မျက်နှာဖွင့်ကာ ထိုးစစ်အရှိန်မြှင့် တိုက်ခိုက်လျက်ရှိသည်။

တိုက်ပွဲပြင်းထန်မှုနှင့်အတူ စစ်ကောင်စီက ရေကြောင်း၊ လေကြောင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် အရပ်သားထိခိုက်သေဆုံးမှုမှာလည်း နေ့စဉ်ဆိုသလို ရှိနေသည်။

“စစ်ကောင်စီကတော့ AA ကို မြေပြင်မှာတိုက်လို့ မနိုင်တော့ လက်နက်ကြီးတွေ၊ လေကြောင်းတွေကိုပဲ အဓိက အသုံးပြုနေတယ်။ လက်နက်ကြီးရမ်းသမ်းပစ်ခတ်လို့ အရပ်သားတွေ ထိခိုက်သေဆုံးတာလည်း မနည်းတော့ဘူး” ဟု ရခိုင်က လူမှုရေးတက်ကြွလှုပ်ရှားသူတစ်ဦးက ပြောသည်။

DMG က လက်လှမ်းမီသလောက် ကောက်ယူထားသောစာရင်းအရ ရခိုင်တွင် မေ ၁ ရက်မှ ၁၃ ရက်ထိ စစ်ကောင်စီ လက်ချက်ကြောင့် အရပ်သား သေဆုံးသူ ၉ ဦးနှင့် ဒဏ်ရာရရှိသူ ၁၈ ဦးထိရှိနေသည်။

Most read this week

February 13, 2026
အာရက္ခတပ်တော်ထိန်းချုပ်ထားရာ ရခိုင်ပြည်၊ ကျောက်တော်မြို့နှင့် မြောက်ဦးမြို့အား စစ်ကောင်စီက...
February 12, 2026
အာရက္ခတပ်တော် ထိန်းချုပ်ဒေသများတွင် ထင်းခုတ်ယူမှုကို တားမြစ်လိုက်ပြီးနောက် မီးသွေးဝယ်လိုအား...
February 11, 2026
၂၀၂၅ ခုနှစ် ဖေဖော်ဝါရီက စတင်ခဲ့သည့် ကျောက်ဖြူတိုက်ပွဲ တစ်နှစ်အတွင်း ကျေးရွာပေါင်း ၁၁ ရွာထက်...
ကျောက်တော်မြို့နယ်မှ စစ်ဘေးရှောင်မိသားစုတစ်ခုကို ယခုအတွင်း တွေ့ရစဉ်။
February 10, 2026
ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေသည့် စစ်ရေးပဋိပက္ခများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေရသည့်...