မြေပုံ ကမ်းထောင်းကြီးဆေးရုံကို စစ်ကောင်စီဗုံးလာကြဲ၍ သူနာပြုအကူအမျိုးသမီးတစ်ဦး ပြင်းထန်ဒဏ်ရာရ၊ ဆေးရုံတစ်ဆောင်လုံးပြိုပျက်စီး

မြေပုံ ကမ်းထောင်းကြီးဆေးရုံကို စစ်ကောင်စီဗုံးလာကြဲ၍ သူနာပြုအကူအမျိုးသမီးတစ်ဦး ပြင်းထန်ဒဏ်ရာရ၊ ဆေးရုံတစ်ဆောင်လုံးပြိုပျက်စီး

ရခိုင်ပြည်၊ မြေပုံမြို့နယ်၊ ကမ်းထောင်းကြီးမြို့ဆေးရုံကို စစ်ကောင်စီဗုံးလာကြဲ၍ သူနာပြုအကူ အမျိုးသမီး တစ်ဦးပြင်ထန်းဒဏ်ရာရရှိသွားကြောင်းသတင်းရရှိသည်။

ကမ်းထောင်းကြီးမြို့နယ်၊ တိုက်နယ်ဆေးရုံ ကို ယနေ့မတ်လ ၂၄ရက်နေ့ နံနက် ၄နာရီအချိန်က ဂျက်ဖိုက်တာဖြင့် ဗုံးလာကြဲခဲ့သဖြင့် ဆေးရုံတွင် အကူလုပ်နေသည့် အမျိုးသမီးဝန်ထမ်း တစ်ဦး ဦးခေါင်း တွင် ထိခိုက်ဒဏ်ရာ ပြင်းထန်စွာ ရရှိသွားသည်ဟု ကမ်းထောင်းကြီးကျေးရွာသားတစ်ဦးက နိရဉ္စရာသတင်းဌာနကိုပြောသည်။

" ဂျက်ဖိုက်တာနဲ့ ၂ခေါက်လာပစ်တာ လက်နက်ကြီးကျည် ငါးလုံးခြောက်လုံးကျတယ်ဆေးရုံမှာ။ ဆေးရုံမှာ အကူလုပ်တဲ့ သူနာပြုတစ်ယောက်မှာ ခေါင်းမှာပြင်းပြင်းထန်ထန် ဒဏ်ရာရတယ်။ ပြောရရင်တစ်ကိုယ်လုံးပဲ။ အသက်တောင် ရှင်ပါ့မလားမသိဘူး။ တခြား ဆေးရုံမှာရှိတဲ့ လူနာတွေတော့ ကံကောင်းသွားတယ် "  ဟုပြောသည်။

လက်နက်ကြီးကျည်ကျရောက်မှုကြောင့်ဆေးရုံ၏ အမျိုးသား လူနာ အဆောင်၊ အမျိုးသမီးလူနာ အဆောင်၊ မွေးဖွားခန်း အဆောင်များအားလုံးပြိုပျက်သွားသည်ဟု ၎င်းကပြောသည်။

" ဆေးရုံက ၂၅ ခုတင်ဆံ့ဆေးရုံပါ အကုန်ပြိုပျက်သွားတယ်။ ဆေးရုံမှာရှိတဲ့အဆောင်တွေ။ အခု မနက် ၁၀နာရီထိ ဂျက်လေယာဉ်ဝဲပျံတုန်းပါ " ဟုပြောသည်။

ဒဏ်ရာရရှိသည့်အမျိုးသမီးမှာ ဒေါ်ဝါဝါ အသက် ၄၀ ကျော် ခန့်ရှိပြီး   ကရင်ပြည်နယ်ဖက်မှဖြစ်ပြီး ကမ်းထောင်းကြီးတွင် ဆေးရုံဝန်ထမ်းအဖြစ်  အလုပ်လုပ်ကိုင်နေသည့် အမျိုးသမီးတစ်ဦးဖြစ်သည်ဟု ဒေသခံများကပြောသည်။

ကမ်းထောင်းကြီးမြို့တွင် အိမ်ခြေ ၃၀၀၀ကျော်အထိရှိကြောင်းသိရသည်။

စစ်ကောင်စီသည် မတ်လ ၂၇ ရက်နေ့တွင် ကျရောက်သည့် တပ်မတော်နေ့ မကျမီ ရခိုင်တွင် ဗုံးကြဲမှုကို ပိုမိုလုပ်ဆောင်လာနေသည်ဟု သိရသည်။

May 2, 2026
ရခိုင်-မကွေးရိုးလမ်းပေါ်ရှိ ပဒါန်းအနီးရှိ ပဇီရွာအနီးတိုက်ပွဲတွင် အကြမ်းဖက်မြန်မာစစ်တပ်မှ အထိနာ...
May 1, 2026
(ဖမ်းဆီးရာ၌ ငွေကြေးမပေးနိုင်သူများကို စစ်မှုထမ်းခိုင်းကာ ရှေ့တန်းသို့ ပို့ဆောင်မှုများရှိနေ...
April 30, 2026
(ဧည့်စာရင်းစစ်ရာတွင်ယောက်ကျားများကို ပုဆိုးတွေကို ခါးတောင်းကျိုက်ခိုင်းကာ...
April 29, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ရိုးမရှေ့ဖက်ခြမ်း၊တောင်ကုတ်- ပန်းတောင်းလမ်းဘေးရှိကပစ (၁၆)၏ ...