ရသေ့တောင်မြို့အခြေစိုက် တပ်ရင်း ၃ခုစလုံးကို အပြီးသတ်သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း AA အတည်ပြုထုတ်ပြန်

ရသေ့တောင်မြို့အခြေစိုက် တပ်ရင်း ၃ခုစလုံးကို အပြီးသတ်သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း AA အတည်ပြုထုတ်ပြန်

(စကစအင်အား နှစ်ရာခန့် စစ်သင်္ဘောများဖြင့် ကိုယ်လွတ်ရုန်းထွက်ပြေးလွတ်မြောက်သွား)

ရသေ့တောင်မြို့အခြေစိုက် စစ်ကောင်စီ တပ်ရင်း ၃ခုစလုံးကို မတ် ၁၇ ရက်နေ့က အပြီးသတ် သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း ရက္ခိုင့်တပ်တော် (AA)က အတည်ပြု သတင်းထုတ်ပြန်သည်။

ရန်သူ စစ်ကောင်စီ အင်အား နှစ်ရာခန့်သည်  စစ်သင်္ဘောများဖြင့် ကိုယ်လွတ်ရုန်းထွက်ပြေး လွတ်မြောက် သွားခဲ့သည်ဟု လည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မတ် ၁၇ ရက်နေ့ ထုတ်ပြန်ချက်အထဲတွင် “ရက္ခိုင်ပြည်၊ ရသေ့တောင်မြို့အခြေစိုက်တပ်ရင်းများဖြစ်သည့် “ခမရ (၅၃၆)၊ (၅၃၇) နှင့် (၅၃၈)” တပ်ရင်း (၃) ခုစလုံးအား ၂၀၂၄ ခုနှစ်၊ မတ်လ (၁၇) ရက်၊ ညနေ (၄) နာရီခန့် အချိန်တွင် ရက္ခိုင့်တပ်တော်မှ အပြီးသတ်သိမ်းပိုက်ရယူနိုင်ခဲ့ပြီးဖြစ်ကြောင်း” ဖော်ပြထားသည်။

ရန်သူ၏ ကြည်း၊ ရေ၊ လေပစ်ကူအမြောက်အမြားဖြင့် အပြင်းအထန်ခုခံနေသည့်ကြားမှ အဆိုပါ တပ်ရင်း (၃) ခုစလုံးကို နှစ်ပတ်ခန့် ထိုးစစ်ဆင် တိုက်ခိုက်မှုအပြီးတွင် ယခုကဲ့သို့ သိမ်းပိုက်ရယူနိုင်ခဲ့ခြင်း ဖြစ်ကြောင်း ဆက်လက်ဖော်ပြထားသည်။

"၎င်းတပ်ရင်းများအတွင်းမှ စစ်ကောင်စီ အင်အား နှစ်ရာခန့်သည် စစ်သင်္ဘောများဖြင့် ကိုယ်လွတ်ရုန်း ထွက်ပြေး လွတ်မြောက်သွားသော်လည်း စစ်မှုထမ်းဥပဒေအားခုတုံးလုပ်ပြီး စစ်ကောင်စီမှ လောလောလတ်လတ် စစ်သင်တန်းပေးထားသော မွတ်ဆလင် အချို့၏ အလောင်းများ၊ ရန်သူ စစ်ကောင်စီ၏ အလောင်းများ၊ လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်းများကို သိမ်းဆည်းရမိခဲ့သည်”  ဟုလည်း ဖော်ပြထားသည်။

ထို့အတူ ဘူးသီးတောင်မြို့အတွင်းရှိ စကခ (၁၅) လက်အောက်ခံ၊ ခမရ (၅၅၂) တပ်ရင်းကိုလည်း အပြီးသတ်သိမ်းပိုက်ရယူရေးအတွက် ထိုးစစ်အား အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်လျက် ရှိသည်ဟု ဆိုသည်။

ရက္ခိုင်ဒေသ၌ စစ်ရှုံးကာ မြို့များ တစ်မြို့ပြီးတစ်မြို့ လက်လွှတ်နေရသည့် အကြမ်းဖက် စစ်ကောင်စီသည် စာသင်ကျောင်းများ၊ ဆေးရုံဆေးခန်းများ၊ သာသနိကအဆောက်အအုံများ၊ လမ်းတံတားများ စသည့် ပြည်သူကို ပစ်မှတ်ထားတိုက်ခိုက်သည့် လုပ်ရပ်များကိုသာ ပိုမိုလုပ်ဆောင်လာကာ စစ်ရာဇဝတ်မှုများကို နေ့စဉ်နှင့်အမျှကျူးလွန်လျက်ရှိသည်။

စစ်ကောင်စီ၏ ပြည်သူလူထုအပေါ် ပစ်မှတ်ထားတိုက်ခိုက်နေမှု များကြောင့် အပြစ်မဲ့အရပ်သား ပြည်သူတို့၏ဒဏ်ရာရ သေဆုံးမှုများမှာလည်း တစ်ရက်ထက်တစ်ရက် ပိုမိုမြင့်တက်လျက်ရှိသည်ဟု ဖော်ပြထားသည်။

ရခိုင်ဒေသအတွင်း အထက်တန်းကျောင်းသူ၊ ကျောင်းသားအချို့ စာသင်နေကြစဉ်။
June 6, 2026
မောင်စာဂ၊ နိရဉ္စရာ  — အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၏ အာရက္ခအမျိုးသားပညာရေးဌာန(ဗဟို)...
June 5, 2026
ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်နှင့် ရခိုင်ရိုးမအစပ်ရှိ ကြောင်လျှာရွာအနီးရှိ အာဏာသိမ်းစစ်တပ်၏...
June 4, 2026
စစ်အုပ်စုထိန်းချုပ်ထားဆဲဖြစ်သည့် ရခိုင်ပြည်၊ မာန်အောင်မြို့တွင် လျှပ်စစ်မီးသည် တစ်နေ့လျှင် ၁...
ဓာတ်ပုံ - လူမှုကွန်ရက်
June 3, 2026
အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားသော ပလက်ဝခရိုင်အပါအဝင် ရခိုင်ပြည်အတွင်းရှိမြို့နယ်များတွင်...