“အမှတ် (၉) တိုင်းဗဟိုလေ့ကျင့်ရေးသင်တန်းကျောင်း”ကို အပြီးသတ်သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း ရက္ခိုင့်တပ်တော်အတည်ပြုထုတ်ပြန်

“အမှတ် (၉) တိုင်းဗဟိုလေ့ကျင့်ရေးသင်တန်းကျောင်း”ကို အပြီးသတ်သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း ရက္ခိုင့်တပ်တော်အတည်ပြုထုတ်ပြန်

ရက္ခိုင့်တပ်တော်  (AA) သည် မင်းပြား မြို့နယ်ရှိ  “အမှတ် (၉) တိုင်းဗဟိုလေ့ကျင့်ရေး သင်တန်းကျောင်း”ကို သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း ရက္ခိုင့်တပ်တော်က ယနေ့ အတည်ပြု ထုတ်ပြန်သည်။

ထုတ်ပြန်ချက်ထဲတွင် “ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၇) ရက် ရက္ခိုင်ပြည်၊ မင်းပြားမြို့၊ ကမ်းနီရွာ အနီးရှိ စစ်ကောင်စီ၏ “အမှတ် (၉) တိုင်းဗဟိုလေ့ကျင့်ရေးသင်တန်းကျောင်း” (သို့မဟုတ်) "တပ်မတော်တန်းမြင့် လေ့ကျင့်ရေးသင်တန်းကျောင်း" အား ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၆) ရက်၊ ညနေ (၇) နာရီ အချိန်ခန့်တွင် သင်တန်းကျောင်းတစ်ခုလုံးအား အလုံးစုံသိမ်းပိုက်လိုက်ပြီးဖြစ်သည်”ဟု ဖော်ပြသည်။

တိုင်းဗဟို (၉) ဟုခေါ်သော အဆိုပါ စစ်ကောင်စီသင်တန်းကျောင်းကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၇) ရက်၊ နံနက် (၁၀) နာရီ (၄၅) မိနစ်မှစတင်၍ ရက္ခိုင့်တပ်တော်မှ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ဆယ်ရက်ခန့် အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရသည်ဟု ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

ရန်သူ၏ လေကြောင်းမှ မရပ်မနားခုခံတိုက်ခိုက်နေမှုနှင့် လက်နက်ကြီးပစ်ကူ အမြောက်အမြား ပစ်ခတ်တိုက်ခိုက်နေမှုများရှိခဲ့သော်လည်း ရက္ခိုင့်တပ်တော်၏ ဗျူဟာမြောက် ထိုးစစ်အောက်တွင် ဆယ်ရက်အတွင်း တိုင်းဗဟို (၉) အား ရန်သူ့ဘက်မှ လက်လွှတ်လိုက်ရခြင်းဖြစ်သည်ဟုဆိုသည်။

အဆိုပါ သင်တန်းကျောင်းအတွင်းမှ ရန်သူ့အလောင်း၊ စစ်လက်နက်ခဲယမ်းအမြောက်အမြားအား သိမ်းဆည်းရမိခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ဤထိုးစစ်အောင်ပွဲအတွင်း သတ္တိပြောင်မြောက်စွာ တိုက်ပွဲဝင်ခဲ့ကြသောသူများ၊ အသက် စွန့်လွှတ်ခဲ့ရသော သူများ အားလုံးကို ရက္ခိုင့်တပ်တော်မှ လေးနက်စွာ ဂုဏ်ပြုမှတ်တမ်းတင် အပ်ပါသည်ဟုလည်း ဖော်ပြသည်။

ယခင်ရက်များက မိမိတို့ ထိုးစစ်ဆင်တိုက်ခိုက်နေသော ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ဘူးသီးတောင်၊ မောင်တောမြို့ရှိ ရန်သူ့စခန်းများကိုလည်း အပြီးသတ်သိမ်းပိုက်ရယူနိုင်ရန် အတွက် ရက္ခိုင့်တပ်တော်မှ ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသည်ဟု သိရသည်။

ရခိုင်ဒေသအတွင်း အထက်တန်းကျောင်းသူ၊ ကျောင်းသားအချို့ စာသင်နေကြစဉ်။
June 6, 2026
မောင်စာဂ၊ နိရဉ္စရာ  — အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၏ အာရက္ခအမျိုးသားပညာရေးဌာန(ဗဟို)...
June 5, 2026
ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်နှင့် ရခိုင်ရိုးမအစပ်ရှိ ကြောင်လျှာရွာအနီးရှိ အာဏာသိမ်းစစ်တပ်၏...
June 4, 2026
စစ်အုပ်စုထိန်းချုပ်ထားဆဲဖြစ်သည့် ရခိုင်ပြည်၊ မာန်အောင်မြို့တွင် လျှပ်စစ်မီးသည် တစ်နေ့လျှင် ၁...
ဓာတ်ပုံ - လူမှုကွန်ရက်
June 3, 2026
အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားသော ပလက်ဝခရိုင်အပါအဝင် ရခိုင်ပြည်အတွင်းရှိမြို့နယ်များတွင်...