လက်နက်ကြီး ပေါက်ကွဲမှုကြောင့် ကလေးအပါအဝင် လူနှစ်ဦး သေဆုံး

လက်နက်ကြီး ပေါက်ကွဲမှုကြောင့် ကလေးအပါအဝင် လူနှစ်ဦး သေဆုံး

ရှမ်းပြည်နယ် တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်အတွင်း စစ်ကောင်စီတပ်၏  လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲခဲ့ပြီး ကလေးအပါအဝင် နှစ်ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူများလည်း ရှိသည်။

ထမ်းယံကျေးရွာနှင့် ထီတမ်ကျေးရွာတို့တွင် ကျေးရွာတို့တွင် ဖေဖော်ဝါရီလ ၁၇ ရက် ည ၉ နာရီဝန်းကျင် အချိန်၌ လက်နက်ကြီး ကျည်များ ကျရောက်ပေါက်ကွဲခဲ့ပြီး ကလေးငယ်တစ်ဦးအပါအဝင် ၂ဦး သေဆုံးပြီး ပြည်သူ ၇ ဦးယောက် ထိခိုက်ဒဏ်ရာရခဲ့ ခြင်းဖြစ်သည်။

မြေပြင် သတင်းအရင်းအမြစ်တစ်ဦးက “ဒီရွာတွေက PNLA နေတဲ့ နေရာလည်းမဟုတ်ဘူး။ ဘယ်တပ်ဖွဲ့မှ လည်း မရှိဘူး။ တမင်ကို ရွာသားတွေပြန်လာတာသိလို့ ပစ်တာ။ ရည်ရွယ်ချက်ရှိရှိပစ်တာလို့ ပြောလို့ရတာ” ဟု ပြော သည်။

ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (PNLA) ၏ ဖေဖော်ဝါရီလ ၁၈ ရက်နေ့ ထုတ်ပြန်ချက်အရ ထမ်းယံကျေးရွာက ခြောက်လသားအရွယ် ကလေးငယ်တစ်ဦး သေဆုံးပြီး ဒေသခံငါးဦး ထိခိုက် ဒဏ်ရာ ရခဲ့ သည်။

ထို့အပြင် ထီတမ်ကျေးရွာက အမျိုးသားတစ်ဦး သေဆုံးပြီး ဒေသခံနှစ်ဦး ဒဏ်ရာရရှိခဲ့သည်။

အရပ်သားများ နေထိုင်သည့် နေရာများကို စစ်ကောင်စီက ဆက်တိုက်ဆိုသလို တိုက်ခိုက်နေသည့်ကိစ္စနှင့် ပတ် သက်၍ CDM ဗိုလ်ကြီး ဖြိုးပြည့်က ယခုကဲ့သို့ ပြောသည်။



“အဓိကရည်ရွယ်ချက်ကတော့ သူတို့ကိုတိုက်ခိုက်နေတဲ့ အင်အားစုတွေနဲ့ ဒေသခံ ပြည်သူလူထုတွေနဲ့ ရန်တိုက် ပြီးတော့ သူတို့ ခုခံတွန်းလှန်နေတဲ့ အင်အားစုတွေ အင်အားလျှော့နည်းသွားအောင်ရယ် သွေးကွဲသွားအောင်ရယ် ဝါဒဖြန့်တယ်၊ ဆိုက်ဝါးတွေထည့်တယ်။ အဲ့လိုသဘောပါ။ သူတို့ဆီမှာရှိတဲ့ တယ်လီဂရမ်ချယ်နယ်တွေ အခြား ချယ်နယ်တွေမှာ အဲဒီဟာတွေနဲ့ သူကဝါဒပြန်ဖြန့်တာလေ။ ဒီအမှုကြီးတွေ လုပ်ပြီးသွားရင် ချောက်ထိုးချတယ် ဟိုကောင်လုပ်တာ၊ ဒီကောင်လုပ်တာ အဲ့လိုပေါ့။ ဟိုအဖွဲ့အစည်းကျူးလွန်တာ ဒီအဖွဲ့စည်းက ကျူးလွန်တာ ဆို ပြီးသူတို့က ဗြောင်လိမ်ဗြောင်စားလုပ် ကြတာပေါ့။”

ဆီဆိုင်မြို့နယ် ဘန်းယဉ်မြို့က စစ်ကောင်စီ ခြေမြန်တပ်ရင်း ခမရ ၄၂၅ နှင့် ၄၂၆ တို့က လက်နက်ကြီး အချက် လေးဆယ်ကျော် ပစ်ခတ်ခဲ့သည်ဟု PNLA က ထုတ်ပြန်သည်။

ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ်ထဲနှင့် ကရင်နီပြည်နယ်ထဲက တိုက်ပွဲများထဲ စစ်ကောင်စီတပ်က အရပ် သားနေရာများ၊ ကျောင်းများကို လက်နက်ကြီးများ၊ လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက် လုပ်ဆောင်နေခြင်း ဖြစ်သည်။

၁၀၂၇ စစ်ဆင်ရေးကစ၍ စစ်ကောင်စီတပ်ထဲ တပ်တွင်းဖရိုဖရဲဖြစ်နေခြင်းက ပိုမို သိသာလာကြောင်း၊ ထိုသို့ ဖရို ဖရဲဖြစ်လာလေလေ စစ်တပ်က အရပ်သား ပစ်မှတ်များကို ပိုမိုတိုက်ခိုက်လာခြင်း ဖြစ်သည်ဟု CDM ဗိုလ်ကြီး ဖြိုးပြည့် က ဆက်ပြောပါတယ်။

“ဒီဟာကကျတော့ မြန်မာနိုင်ငံကဂျီနီဗာကွန်ဗန်းရှင်းမှာ လက်မှတ်ထိုးပြီးသားလေ စစ်ပွဲဆိုင်ရာဥပဒေတွေမှာ လက်မှတ်ထိုးပြီးသားတော့ရှိတယ် ဒါပေမယ့် ဒီနိုင်ငံမှာပြန်လည်ပြီးတော့ကျင့်သုံးရမယ့် တပ်မတော် အက် ဥပ ဒေပေါ့ Militry Act ဆိုတဲ့ ဥပဒေကို ပြဌာန်းထားခြင်းမရှိဘူး ပြည်တွင်းထဲမှာကျတော့ နိုင်ငံတကာမှာကျတော့ ဂျီနီဗာကွန်ဗန်းရှင်းမှာ လက်မှတ်ထိုးထားတာတော့ မှန်တယ် အဲဒါလေး တစ်ချက်တော့ရှိတယ်။ အရင်အစိုးရက တည်းက လက်မှတ်ထိုးထားခြင်း မရှိတော့ လက်တစ်လုံးခြားလေး လုပ်တာပေါ့သူတို့က၊ ဥပဒေကို လက်တလုံး ခြားလေးလုပ်ကြတာ၊ ဆေးရုံတွေ ဘာသာရေး အဆောက်အုံတွေ ကျောင်းတွေ အရပ်သားပြည်သူတွေ တိုက် ခိုက်လို့ မရဘူးဆိုတာရှိထားပြီးသား ဖြစ်တယ်။”

ဆီဆိုင်မြို့နယ် ထမ်းယံကျေးရွာနှင့် ထီတမ်ကျေးရွာတို့က ပြည်သူများ ရွာထဲကို ပြန်လာချိန်၌ လက်နက်ကြီး ကျည် ကျရောက်ပေါက်ကွဲခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် လက်နက်ကြီးကျည်များ ထပ်မံ ကျရောက်လာမည်ကို စိုးရိမ်သောကြောင့် ရွာသားများ ဘေးလွှတ်ရာကို ထပ်မံထွက်ပြေးသွားကြသည်။

ဆီဆိုင် တိုက်ပွဲစတင်လိုက်သည့် ဇန္နဝါရီလ ၂၃ ရက်နေ့မှ ယနေ့အချိန်ထိ စစ်ကောင်စီတပ်၏ လက်နက်ကြီးနှင့် လေကြောင်း တိုက်ခိုက်မှုများကြောင့် ဆီဆိုင်မြို့နယ်အတွင်း ဘာသာရေး အဆောက်အအုံ ၇ လုံး၊ လူနေအိမ် အလုံးရေ ၅၀ ကျော် မီးလောင်ပြာကျ ပျက်စီးခဲ့သည်။

March 30, 2026
မြန်မာစစ်တပ်အတွက် လက်နက်ပွဲစားလုပ်ကိုင်ပေးနေသော Synpex Shwe (SS) ကုမ္ပဏီသည်...
မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံး ရန်ကုန် ရန်ကင်း (Facebook)
March 28, 2026
နိုင်ငံကူးလက်မှတ် ဥပဒေသစ်ဖြင့် နိုင်ကျဉ်းဟောင်းများကို စစ်ကော်မရှင်က...
Indaw Revolution (IR)
March 26, 2026
လူပေါင်း ၈၀ ခန့် သေဆုံးခဲ့ရသည့် တိုက်ခိုက်မှု နောက်ပိုင်း စစ်ကိုင်းတိုင်း ဒေသကြီး၊ ကသာမြို့တွင်...
ဓာတ်ပုံ - (ပုံဟောင်း)
March 25, 2026
ရှမ်းမြောက် နမ့်ခမ်းမှ ကိုးကန့်တပ် (MNDAA) တပ်ဖွဲ့ဝင်များ ဆုတ်ခွာသွားပြီး ၁၀၅ မိုင်တွင်လည်း...