တအာင်းလူမျိုးတို့၏ သမိုင်းဝင်နမ့်ဆန်မြို့ကို သိမ်းပိုက်နိုင်ပြီဖြစ်ကြောင်း သတင်းထုတ်ပြန်

တအာင်းလူမျိုးတို့၏ သမိုင်းဝင်နမ့်ဆန်မြို့ကို သိမ်းပိုက်နိုင်ပြီဖြစ်ကြောင်း သတင်းထုတ်ပြန်
ဓာတ်ပုံ- Ta’ang State TV and Shwe Phee Myay News Agency
ဓာတ်ပုံ- Ta’ang State TV and Shwe Phee Myay News Agency

တအာင်းစော်ဘွားများအဆက်ဆက် အုပ်ချုပ်ခဲသည့် ရှမ်းပြည်မြောက်ပိုင်း၊ နမ့်ဆန်မြို့ကို နှစ်ပေါင်း (၆၄) နှစ်အကြာတွင် သိမ်းပိုက်နိုင်ခဲ့ပြီဟု တအာင်းတပ်မတော် PSLF/TNLA က ယနေ့ သတင်းထုတ်ပြန်သည်။

တအာင်းပြည်နယ် တပ်မဟာ(၂)စစ်ဒေသရှိ စစ်ကောင်စီ တပ်မ-၁၀၁၊ တပ်မမှူးအခြေချ ကွပ်ကဲနေသည့် တပ်စခန်းအားလုံးကို  ဒီဇင်ဘာ ၁၅ ရက် ညနေက ဝင်ရောက်ရှင်းလင်း ချေမှုန်း သိမ်းပိုက်နိုင်ခဲ့သည်ဟု သတင်းတွင် ဖော်ပြထားသည်။

တအာင်းတပ်မတော်က  ၁၀၂၇ စစ်ဆင်ရေးအတွင်း ဒီဇင်ဘာ ၁၀ရက်နေ့မှ စတင်တိုက်ခိုက်ခဲ့ပြီး ဒီဇင်ဘာ ၁၅ရက်နေ့  ညနေ ၅ နာရီ ၃၀ မိနစ် အချိန်တွင် စစ်ကောင်စီ တပ်စခန်းများ၊ စစ်ကောင်စီပိုင် လက်ဖက်ခြောက်စက်ရုံ၊ ရဲစခန်း အပါအဝင် စကစ ဌာနဆိုင်ရာရုံးများ အလုံးစုံသိမ်းပိုက်ရရှိခဲ့သည်။

တိုက်ပွဲကာလအတွင်း စစ်ကောင်စီ၏ ဟောင်ဝစ်ဇာ အမြောက် (၄)စင်း၊လက်နက်မျိုးစုံ ၊ မိုင်းမျိုးစုံ၊ ခဲယမ်းမျိုးစုံ အမြောက်အများနှင့် စစ်သုံးဆောင်ပစည်းများရှင်းလင်းသိမ်းဆည်းရရှိခဲ့ပြီး စစ်ကောင်စီ အလောင်း (၆၀)ကျော်နှင့်စစ်သုံ့ပန်းအဖြစ် စစ်ကောင်စီတပ် (၃၀)ဦး၊ မိသားစုဝင် (၃) ဦး၊ ရဲ (၆)ဦး၊ ရဲမိသားစုဝင် (၂၅) ဦး စုစုပေါင်း (၆၄) ဦး ဖမ်းဆီးရမိခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

တိုက်ပွဲ အတွင်း စစ်ကောင်စီ မန်တုံ ခလရ-၁၃၀ တပ်မှ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုများစွာနှင့် လေကြောင်းဖြင့် Mi35 (၁)ကြိမ်၊ ART-42 (၅)ကြိမ်၊ Jet Fighter (၁၉)ကြိမ်၊ Y12 လေယာဥ် (၅)ကြိမ် အသုံးပြု တိုက်ခိုက်ခဲ့သော်လည်း  တအာင်းတပ်မတော်က အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့သည်။

စစ်ကောင်စီသည် တိုက်ပွဲဖြစ်ပွားနေစဉ် ကာလအတွင်း စစ်ရေးပစ်မှတ် မဟုတ်သည့် အရပ်ဖက် နေရာများကို ဦးတည်တိုက်ခိုက်မှုကြောင့် နမ့်ဆန်ဒေသခံ (၃)ဦး သေဆုံးခဲ့သည်ဟု ဆိုသည်။

၎င်းပြင် ဘာသာရေးအဆောက်အဦးဖြစ်သည့် ပတ္တမြားစေတီရှိ ဘုရားများနှင့်  နမ့်ဆန်မြို့မ ဂိုဏ်းချုပ်ကျောင်းတို့သည်  လေယာဥ်ဗုံးစနှင့်  လက်နက်ကြီးကျည် ထိမှန်ပျက်စီးခဲ့ပြီး  ငွန်ဆိုင်းကျေးရွာ မူလတန်းကျောင်းဆောင် လေယာဥ်ဗုံးထိမှန်မီးလောင်ပြီး လူနေအိမ် (၄၀)ကျော် လေယာဥ်ဗုံးစ ထိမှန်ပျက်စီးကာ လူနေအိမ် (၁၄) လုံး မီးလောင်ပျက်စီးခဲ့သည်။

နမ့်ဆန်မြို့နယ်သည် တအာင်းစော်ဘွားများအဆက်ဆက် နောက်ဆုံး စော်ဘွား စဝ်ခွန်ပန်းစိန် ၁၉၅၉ ခုနှစ် မတ်လ ၂ ရက် အာဏာသိမ်းခံရသည်အထိ ကိုယ်ပိုင်အုပ်ချုပ်လာခဲ့သည့် (Taung Paing State ) နန်းစိုက်ရာမြို့ တစ်မြို့ဖြစ်သည်ဟု သတင်းတွင် ဖော်ပြသည်။

နှစ်ပေါင်း ( ၆၄) နှစ်ကြာ အာဏာရှင်၏ အုပ်ချုပ်အောက်တွင် ကျရောက်ခဲ့သော နမ့်ဆန်မြို့သည် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်နေ့ ညနေ ၁၅:၃၀ နာရီ အချိန်တွင် အာဏာရှင် စစ်ကောင်စီထံမှ အလုံးစုံ ပြန်လည် တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ပြီး ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၁၆ ရက်နေ့တွင် ကျရောက်သည့် ၂၇၁၅ ခုနှစ် တအာင်းနှစ်သစ်တွင် မူလပိုင်ရှင် တအာင်းပြည်သူတို့၏ လက်ဝယ်ထံ ပြန်လည်အပ်နှံ ပေးနိုင်ခဲ့ပြီး ဖြစ်ပါသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ဓာတ်ပုံ - အာရက္ခတပ်တော် / ပုံဟောင်း
September 12, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ အဝတောင်ကျေးရွာ အနီးတွင် အာရက္ခတပ်တော် (AA) နှင့် ဖြစ်ပွားသည့်...
ဓါတ်ပုံ - Arakan Princess Media
September 11, 2026
ရခိုင် (အာရက္ခ) ပြည်၊ ဂွမြို့နယ်၊ ကျိန္တလီမြို့ကို စစ်အုပ်စုတပ်က လေကြောင်းမှ...
စစ်တွေမြို့ပေါ်ရှိ စစ်ဘေးရှောင် ဒုက္ခသည်စခန်းတစ်ခုမှ စစ်ဘေးရှောင် ပြည်သူအချို့။ / Narinjara
September 10, 2026
ရခိုင်ပြည်၊ စစ်တွေမြို့ပေါ်ရှိ ရခိုင် စစ်ရှောင်ဒုက္ခသည်စခန်းများသို့ ပြည်တွင်း၊ ပြည်ပ...
September 9, 2026
ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ ရိုးတောင်ကျော်လမ်းရှိ ညောင်ကျိုးနှင့် ပွိုင့် ၆၆၆ ကုန်း...