ထီးချိုင့်မြို့သိမ်းနိုင်ဖို့ မြို့တွင်းရဲစခန်းတစ်ခုသာကျန်တော့တယ်လို့ဆို

ထီးချိုင့်မြို့သိမ်းနိုင်ဖို့ မြို့တွင်းရဲစခန်းတစ်ခုသာကျန်တော့တယ်လို့ဆို
စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် မီးလောင်နေသည့်  နေအိမ်များ
စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် မီးလောင်နေသည့် နေအိမ်များ

စစ်ကိုင်း- ကချင်ပြည်နယ်အစပ် ထီးချုင့်မြို့နယ်မှာ စစ်ကောင်စီနဲ့ KIA/PDF ပူးပေါင်းတပ်တွေအကြား တိုက်ပွဲတွေပြင်းထန်နေတာ ၁၀ ရက်ကျော်ရှိလာပြီဖြစ်ပြီး ထီးချိုင့်မြို့ကိုသိမ်းနိုင်ဖို့ မြသိန်းတန်ဘုရား တောင်ကုန်းပေါ်က စစ်ကောင်စီရဲ့ ရဲစခန်းတစ်ခုသာကျန်ရှိတော့တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

အဲ့ဒီ မြသိမ်းတန်ဘုရားတောင်ကုန်းပေါ်က စစ်ကောင်စီရဲ့ရဲစခန်းကို ကာကွယ်ရေးတပ်တွေဘက်က နေ့စဥ် တိုက်ခိုက်မှုတွေလုပ်နေပြီး စစ်ကောင်စီတပ်ဘက်ကလည်း အဲ့ဒီတပ်စခန်းကို မပေးရရေး လေကြောင်းရော မြေပြင်ကနေပါတိုက်ခိုက်မှုတွေရှိသလို အင်အားဖြည့်တင်းမှုတွေလည်း လုပ်ထားတယ်လို့ ဒေသကာကွယ် ရေး တပ်ဖွဲ့ဝင်တစ်ယောက်ကပြောပါတယ်။

“ အဲ့ဒီစခန်းကိုသာကျရင် ထီးချိုင့်မြို့ကျပြီပေါ့ သိမ်းဖို့ကျန်တာက အဲ့ဒီတောင်ကုန်းရဲစခန်းပဲကျန်တာဗျ စစ်ကောင်စီတပ်တွေထိုင်ထားတဲ့ ရဲစခန်း တောင်ကုန်းပေါ့နော် မြသိန်းတန်ဘုရားတောင်ပေါ်ပေါ့ “ လို့ပြောပါတယ်။

စစ်ကောင်စီတပ်ဘက်က ပြီးခဲ့တဲ့ နိုဝင်ဘာ ၆ ရက်နေ့ က ကောလင်းမြို့နယ်ကို ကာကွယ်ရေးတပ်တွေသိမ်းပိုက်ပြီးတဲ့ နောက်ပိုင်းကစပြီး အဲ့ဒီတောင်ကုန်းရဲစခန်းကို အခိုင်အမာဘန်ကာတွေဆောက်ပြီး ခံစစ်ပြင်ဆင်ခဲ့သလို ထီးချိုင့်မြို့ ရဲ့ တစ်ဖက်ကမ်း မြတောင်ရွာကိုလည်း အင်အားတွေဆက်တိုက်ဖြည့်တင်းထားခဲ့တယ်လို့ ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေကဆိုပါတယ်။

“ ထီးချိုင့်ကိုသူတို့က လွယ်လွယ်နဲ့မပေးနိုင်ဘူးပေါ့ မပေးဘူးဆိုတာက ထီးချိုင့်ကိုသာ လက်လွတ်ရရင် အထက်ပိုင်းတစ်ခုလိုလက်လွှတ်ရသလိုဖြစ်မှာ ထီးချိုင့်ကအထက်ပိုင်းအတွက် အချက်အချာကျတဲ့ နေရာ ဖြစ်နေတာ “ လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ယောက်ကပြောပါတယ်။

ဒါ့အပြင် တစ်ဖက်မှာလည်း ထီးချိုင့်မြို့သိမ်းတိုက်ပွဲကြောင့် မြို့တစ်ခုလုံးနီးပါးက အရပ်သားတွေ နေရပ် စွန့်ခွာ ထွက်ပြေးနေရသလို စစ်ကောင်စီတပ်ဘက်က လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးပစ်ခတ်မှု တွေကြောင့် အရပ်သား ၁၉ ယောက်အထိသေဆုံးထားတယ်လို့ Tigyaing Revolution TR က သတင်း ထုတ်ပြန်ထားပါတယ်။

သေဆုံးသူတွေဟာ နိုဝင်ဘာ ၁၂ ရက်နေ့ကနေ ၁၄ ရက်နေ့ထိ လေကြောင်းပစ်ခတ်မှုတွေကြောင့်သေဆုံးခဲ့ရတာဖြစ်ပြီး သခွတ်ချောင်း၊ ကိုးတဲ၊ အင်းတိန် နဲ့ အလယ်တော စတဲ့ကျေးရွာတွေက အမျိုးသမီး နဲ့ ကလေးငယ်တွေအပါအဝင် ၂၀ နီးပါးသေဆုံးခဲ့ရတာလို့ ထုတ်ပြန်ချက်အရသိရပါတယ်။

ရှမ်းမြောက်စစ်ဆင်ရေးစတင်ပြီးတဲ့နောက်ပိုင်း တိုက်ပွဲတွေနဲ့ နိုင်ငံတစ်ဝှမ်းဖြစ်ပွားနေတဲ့တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်ရတဲ့ အရပ်သား ၂ သိန်းကျော်အထိရှိလာပြီးတော့ အဲ့ဒီပမာဏဟာ ရှမ်းမြောက်စစ်ဆင် ရေးစတင်ပြီး နှစ်ပတ်အတွင်းတိုးလာတဲ့ ထွက်ပြေးတိမ်းရှောင်နေရတဲ့အရပ်သားတွေဖြစ်တယ်လို့ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာပေါင်းစပ်ညှိနှိုင်းရေးရုံး UNOCHA က သတင်းထုတ်ပြန်ထားပါတယ်။

Most read this week

ဓာတ်ပုံ - လမ်းပိုင်းပျက်စီးပြီး ကုန်ကားများကို ဆင်ဖြင့် ဆွဲတင်နေသည့် မြင်ကွင်း
August 11, 2026
ကချင်ပြည်နှင့် စစ်ကိုင်းတိုင်းကို ဆက်သွယ်ထားသည့် မြစ်ကြီးနား - မန္တလေး ကားလမ်းတွင် စစ်ရေးအခြေအနေ...
ဓာတ်ပုံ - KIO/KIA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ။
August 10, 2026
ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) ၏ ပေါင်းစည်းမှုအောက်တွင်...
ဓာတ်ပုံ - မြစ်ကြီးနားမြို့ပုံ
August 10, 2026
ကချင်ပြည်၏ မြို့တော် မြစ်ကြီးနားမြို့အပါအဝင် မြို့နယ်အချို့တွင် အသက်မပြည့်သေးသည့် ဆယ်ကျော်သက်...
ဓာတ်ပုံ - ကသာမြို့နယ်၊ ဝန်ဂရကျေးရွာ ဗုံးကြဲတိုက်ခိုက်ခံရမှု
August 8, 2026
စစ်ဘက်ဆိုင်ရာ တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်၊ ဝန်ဂရကျေးရွာ...