သေဒဏ် ၂ ကြိမ်နှင့် ထောင်နှစ်ရှည်ချမှတ်ခံရသော နိုင်ကျဉ်းများကို ဖျာပုံမှ ပုသိမ်ထောင်သို့ ရွှေ့

သေဒဏ် ၂ ကြိမ်နှင့် ထောင်နှစ်ရှည်ချမှတ်ခံရသော နိုင်ကျဉ်းများကို ဖျာပုံမှ ပုသိမ်ထောင်သို့ ရွှေ့

ဖျာပုံထောင်တွင်း တရားရုံးက သေဒဏ် ၂ ကြိမ် နှင့် ထောင်နှစ်ရှည် အမိန့်ချခံရသော နိုင်ငံရေး အကျဉ်းသား ၇ ဦး ကို ပုသိမ်ထောင်သို့ ပြောင်းရွှေ့သည်ဟု အကျဉ်းဦးစီးဌာန အသိုင်းအဝန်းနှင့် နီးစပ်သူများက ပြောသည်။

ဖျာပုံအကျဉ်းထောင်က အမိန့်ချလိုက်သည့် နိုင်ငံရေးအကျဉ်းသား ၇ ဦးကို ၃ ရက်အကြာမှာ မိသားစုဝင်များကို အကြောင်းကြားခြင်း မရှိဘဲ ပုသိမ်ထောင်ကို ပြောင်းရွှေ့လိုက်ခြင်း ဖြစ်သည်။

အကျဉ်းဦးစီးဌာန ဝန်ထမ်းတစ်ဦးက “ခုနှစ်ယောက်လုံး ကြိုးမိန့် နှစ်မိန့်နဲ့ ထောင် ၃၅ နှစ်စီ အမိန့်ချခံထားရတဲ့ သူ တွေပါ။ PDF အမှုနဲ့ နိုင်ငံရေး ပြစ်မှု အမှုကြီးသမားတွေ သေဒဏ်နဲ့ ထောင်နှစ်ရှည် ကျသူတွေကို ပို့လိုက် တာ” ဟု ပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၂၀ ရက်နေ့က ဖျာပုံထောင်တွင်း အထူးတရားရုံးက အမိန့်ချလိုက်သည့် ကိုစံလင်းစံ၊ ကိုထွန်းထွန်းဦး၊ ကိုသူရဖြိုး၊ ကိုကျော်ဆန်းဦး၊ ကိုကိုအောင်၊ ကိုအောင်မိုးမြင့်နှင့် ကိုဝဏ္ဏထွန်းတို့ကို စစ်ကောင် စီက အောက်တိုဘာလ ၂၃ ရက်နေ့တွင် ပုသိမ်ထောင်သို့ ပြောင်းရွှေ့လိုက်ခြင်း ဖြစ်သည်။

ကိုစံလင်းစံ အပါအဝင် ၎င်းတို့ ခုနှစ်ဦးကို စစ်ကောင်စီ၏ ညွှန်ကြားချက်ဖြင့် ဖျာပုံခရိုင် တရားသူကြီး ဒေါ်သူဇာ အေးက ရာဇသတ်ကြီး ပုဒ်မ ၃၀၂-၁ (ခ)၊ အကြမ်းဖက် တိုက်ဖျက်ရေး ပုဒ်မ ၅၀-က၊ ၅၀-ဈ နှင့် ၅၂-က တို့ဖြင့် စွဲ ချက်တင်ကာ အမိန့်ချခဲ့သည်ဟု ဖျာပုံခရိုင် တရားရုံး အသိုင်းအဝန်းနှင့် နီးစပ်သူများက ပြောသည်။

၎င်းတို့ကို စစ်ကောင်စီ၏ ထောင်တွင်း တရားရုံးက ဒလန်ရှင်းလင်းမှု ၂ မှု ဖြင့် စွပ်စွဲကာ သေစားသေမိန့် (ကြိုး မိန့်) နှစ်မိန့်ချကာ အကြမ်းဖက် တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ  ၃ ခု ဖြင့်လည်း အချို့ကို ထောင်ဒဏ် ၂၅ နှစ် အချို့ကို ၃၅ နှစ် တဆက်တည်းကျခံရန် အမိန့်ချခဲ့သည်ဟု တရားလွှတ်တော် ရှေ့နေတစ်ဦး ကပြောသည်။

တရားလွှတ်တော် ရှေ့နေတစ်ဦးက “စစ်ကောင်စီဘက်က အတင်းအဓမ္မ နှိပ်စက်ပြီး ဝန်ခံထားခိုင်းတဲ့ ဝန်ခံ ထွက် ဆိုချက်တွေနဲ့ အမိန့်ချတာ ဥပဒေ အရ ပစ္စည်းသက်သေ လူသက်သေ မခိုင်မာရင် စွပ်စွဲခံရသူတွေက သံသယ အကျိုး ခံစားခွင့်ရှိတယ်။ ဒါပေမယ့် စစ်အာဏာရှင် ပါးစပ်ကထွက်တဲ့ အမိန့်က ဥပဒေဖြစ်နေတာ” ဟု ပြော သည်။

သေဒဏ် (ကြိုးမိန့်) နှစ်မိန့်ချရသော ကိုစံလင်းစံ အပါအဝင် ၇ ဦး ကို ၂၀၂၂ ခုနှစ် ဩဂုတ်လ အတွင်းက ရန်ကုန်        တိုင်းဒေသကြီး အလုံမြို့နယ်အတွင်းမှာ စစ်ကောင်စီ တပ်ဖွဲ့များက ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်ဟု ဒေသတွင်း သတင်းအရင်းအမြစ်များ က ပြောသည်။

ထိုစဉ်က စစ်ကောင်စီတပ်ဖွဲ့သည် ကိုစံလင်းစံ နှင့်အတူ ဆက်စပ်စွပ်စွဲကာ အမျိုးသား ၁၉ ဦးကို ဖမ်းဆီးခဲ့ပြီး ဖျာ ပုံခရိုင် တရားသူကြီး ဒေါ်သူဇာအေးက နှစ်ရှည်ထောင်ကျ နိုင်ငံရေး အကျဉ်းသား အမျိုးသား ၇ ဦး ကို ဒလန် သတ်မှုဖြင့် စွပ်စွဲပြီး စက်တင်ဘာလအတွင်းက ၃ ဦး ကို တစ်ကြိမ်၊ အခြား ၄ ဦးကို တကြိမ် သေဒဏ် (ကြိုးမိန့်) တမိန့်စီချခဲ့ သေးသည်။

ဖျာပုံခရိုင် တရားသူကြီး ဒေါ်သူဇာအေးမှ စက်တင်ဘာလအတွင်းက သေဒဏ် (ကြိုးမိန့်) ချခဲ့သည့် မအူပင်မြို့က ကိုဝေယံကျော်၊ ဘိုကလေးမြို့ နယ်ခံများဖြစ်သည့် ဦးဌေးဝင်း၊ ကိုကျော်မိုးလွင်၊ ကိုဇော်ဝင်းထွန်း၊ ကိုနိုင်ဝေလင်း၊ ကိုပြည်စုံဖြိုး နှင့် ကိုမင်းသူအောင် တို့ ၇ ဦး ကိုလည်း အောက်တိုဘာ လဆန်းပိုင်းက ပုသိမ်ထောင်သို့ ပြောင်းရွှေ့ ခဲ့သည်ဟု အကျဉ်းဦးစီးဌာန ဝန်ထမ်းများက ပြောသည်။

April 25, 2026
ဧရာဝတီတိုင်း ဒေသကြီး၊ ပုသိမ်မြို့တွင် ဖေဖော်ဝါရီလဆန်းပိုင်းမှ စတင်၍ လျှပ်စစ်မီးပြတ်တောက်မှုနှင့်...
ဓါတ်ပုံ - PPNM
April 24, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် မတရားဖမ်းဆီးခံထားရသည့် နိုင်ငံရေး...
April 23, 2026
ထီးချိုင့်မြို့ကို ပြန်လည်ထိန်းချုပ်ထားသည့် စစ်တပ်သည် ဧရာဝတီမြစ်ကြောင်းအတိုင်း ကသာမြို့ ဘက်သို့...
Photo-KnIC (ပုံဟောင်း)
April 22, 2026
စစ်တပ်ကို နိုင်ငံရေးမှာ ဝင်ရောက်စွတ်ဖက်ခွင့်ပြုထားသည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ နှင့် NCA...