ဆာလာအိတ်နှင့် ထုတ်ထားသော အလောင်း ၃ လောင်းတွေ့

ဆာလာအိတ်နှင့် ထုတ်ထားသော အလောင်း ၃ လောင်းတွေ့
လက်ဖက်ညွန့် လူမှုကူညီရေးအသင်း
လက်ဖက်ညွန့် လူမှုကူညီရေးအသင်း

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ် - ကျင်စန်းကျော့ သွားလမ်းပေါ်က အမှိုက်ပုံတွင် ဆာလာအိတ်နှင့် ထုတ်ထား သည့် အလောင်း ၃ လောင်း တွေ့ရှိခဲ့သည်ဟု ဒေသခံများက ပြောသည်။

မူဆယ်မြို့နယ်၊ ဟိုနောင်ကျေးရွာထိပ် အမှိုက်ပုံထဲတွင် ခြေထောက်နှင့်လက်များကို ကြိုးနှင့် ချည်ထားသည့်  အမျိုးသားအလောင်း ၂ လောင်းနှင့် အမျိုးသမီးအလောင်း ၁ လောင်း တွေ့ရှိခဲ့သည်ဟု အလောင်းကို သွား ရောက် သယ်ဆောင်ပေးခဲ့သည့် မူဆယ်မြို့ က မြင့်မြတ်ပါရမီအသင်းက တာဝန်ရှိသူက ပြောသည်။

“ကျနော်တို့ကို အလောင်း သုံးလောင်း တွေ့လို့ဆိုပြီး ကျနော်တို့က သွားပြီးကူညီပေးဖို့ တောင်းဆိုတော့ ကျနော် တို့က သွားကူညီတယ်။ ကျနော်က လက်ဖက်ညွှန့်ကို ခေါ်ပြီး ကျနော်တို့ သူငယ်ချင်းတွေဆိုတော့ သွားကူညီ တာ ဟိုရောက်တော့ ၃ လောင်းက အမှိုက်ပုံပေါ့နော်။ ရေချောင်းထဲမှာပေါ့။ အလောင်းတွေက လုံးဝ ပျက်ယွင်း နေပြီ ယိုယွင်းနေပြီ။ လုံးဝ တချို့ဟာတွေဆို အရိုးပဲ ရှိတော့တာ။”

အောက်တိုဘာလ ၂၁ ရက်နေ့၊ နံနက် ၁၀ နာရီ အချိန်ခန့်က လူသေအလောင်းများကို တွေ့ရှိခဲ့ခြင်းဖြစ်ပြီး ရဲက ၎င်းတို့ကို ဖုန်းဆက်အကြောင်းကြားလာသည့် အတွက် သွားရောက်ကူညီပေးခဲ့ခြင်း ဖြစ်သည်ဟု မြင့်မြတ်ပါရမီ အသင်း တာဝန်ရှိသူများ က  ပြောသည်။

သေဆုံးသွားသူများသည် ကျင်စန်းကျော့တွင် ထမင်းဆိုင်ဖွင့်ထားသည့် ဆိုင်ပိုင်ရှင် သားအဖနှစ်ဦး နှင့် ၎င်းတို့ ၏ စာရေးမ ဆိုသူတို့ ဖြစ်ကြသည်။

မူဆယ်မြို့  မြင့်မြတ်ပါရမီအသင်း က အမျိုးသမီးတစ်ဦးက “ဘယ်လိုပုံစံနဲ့လည်းဆိုတော့ ဆာလာအိတ်ထဲမှာ ကြိုးတုတ်ပြီးတော့ လောက်တွေ တက်နေတာပေါ့နော်။ ကြိုးတုတ်ထားတာပေါ့။ မိန်းကလေးကိုက မီးကြိုးနဲ့ပဲ တုတ်ထားတယ်။ လည်ပင်းမှာ သုံးပတ်ပတ်ပြီး တစ်ကိုယ်လုံးကို အဲတစ်ချောင်းထဲနဲ့ တုတ်ထားတာပါ။ ခြေ ထောက်ကော လက်ကော။ ယောက်ကျားလေး ၂ ယောက်ကိုတော့ ဆိုင်ကယ်ကြိုးတွေနဲ့ လက်ရော  ခြေထောက် ရော အဲ့တစ်ချောင်းနဲ့ပဲ တုတ်ထားတာ” ဟု ပြောသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် မူဆယ်မြို့နယ်ထဲတွင် လူသတ်မှုများ၊ ဓားပြတိုက်မှုများ မကြာခဏ ဆိုသလို ဖြစ်ပွားလာသည့်အတွက် ဒေသခံများမှာ စိုးရိမ်ကြောက်လန့်စိတ်နှင့် နေနေရသည်ဟု မူဆယ်ဒေသခံများက ပြောသည်။

ထို့အပြင် မူးယစ်ဆေးဝါးနှင့် လောင်းကစားဝိုင်းများပေါ များလာခြင်းများကြောင့်လည်း ခိုးဆိုးလုယက်မှုများ မှာ ယခင်ကထက် ပိုမိုဖြစ်ပွားလာသည်ဟု ဒေသခံများက ဆိုသည်။

Most read this week

ဓါတ်ပုံ - Crd
September 5, 2026
ပဲခူးတိုင်းဒေသကြီး အနောက်ခြမ်း၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၊ ညောင်ကျိုးအဆင်းရှိ အာရက္ခတပ်တော်...
ဓာတ်ပုံ - ဒေါနတနင်္သာရီ - စစ်ဘေးရှောင်များ အထောက်အကူပြုရေးအဖွဲ့
September 5, 2026
မွန်ပြည်၊ ကရင်ပြည်နှင့် တနင်္သာရီတိုင်းတို့တွင် စစ်အုပ်စုတပ်၏ စစ်ကြောင်းထိုးမှုနှင့် လေကြောင်း...
ပုံဟောင်း / Crd
September 4, 2026
ရခိုင်ပြည်အတွင်း စစ်ရေးအရ အထိနာနေသည့် စစ်အုပ်စုတပ်သည် ပုဏ္ဏားကျွန်း၊ စစ်တွေနှင့် ရသေ့တောင်...
September 4, 2026
မကွေးတိုင်း၊ ယောဒေသ ဆောမြို့နယ်၊ သီးကုန်းကျေးရွာအတွင်းသို့ စစ်အုပ်စုတပ် စစ်ကြောင်း ရုတ်တရက်...