မူးယစ်ဆေးကြောင့် နာဂ ကျောင်းသား တစ်ဦးသေ၊ တစ်ဦး ဆေးရုံ တင်ရ

မူးယစ်ဆေးကြောင့် နာဂ ကျောင်းသား တစ်ဦးသေ၊ တစ်ဦး ဆေးရုံ တင်ရ

နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့နယ်တွင် မူးယစ်ဆေးကြောင့် ကျောင်းသား ၁ ဦးသေ၊ တစ်ဦး အရေးပေါ် ဆေးရုံတင်လိုက်ရသည်ဟု ဒေသခံများက ပြောသည်။

နန်းယွန်းမြို့ရှိ အထက်တန်းကျောင်းမှ ကျောင်းသား တစ်ဦးမှာ မူးယစ်ဆေးထိုးသွင်းရာမှ လျှော့ဖြစ်ပြီး သေဆုံး သွားသည့်အပြင် တစ်ဦးမှာ အရေးပေါ် ဆေးရုံတင်လိုက်ရသည်။

နန်းယွန်းဒေသခံ တစ်ဦးက “ဖိုး(ဘိန်းဖြူ) ထိုးမှားလို့ သားလေး တစ်ယောက်သေတယ်။ ပြီးတော့ ဆေးထိုးမှား ပြီးတော့မှ ဆေးရုံတင်ရတယ်။ ဆေးရုံက ပြောတာ ဖိုးထိုးမှားလို့တဲ့။ သေသွားတာတစ်ယောက်၊ ဆေးရုံတက် တာက ၁ ယောက်” ဟု ပြောသည်။

အဆိုပါ ဖြစ်စဉ်မှာ အောက်တိုဘာလ ဒုတိယပတ်ထဲ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ထို့အပြင် “ကောင်မလေး တစ်ယောက်က ၉ တန်းကျောင်းသူက ဆေးပြားမိတာ ကျောင်းမှာပေါ့။ အဲ့ ကလေးမ ကိုတော့ ကျောင်းထုတ်လိုက်တယ်။ ဒီရက်ပိုင်းထဲ တကယ် ကျောင်းထုတ်လိုက်တာက ၂ ယောက်။ ကလေးတွေ က တော်တော်များက ဆေးရောင်းကြတယ်။ ဆေးရောင်းတာ သိပေမယ့် မမိဘူး။ တစ်ယောက် နှစ်ယောက်ပဲ မိတာပေါ့။ မိတော့ ထုတ်လိုက်တာ” ဟု နန်းယွန်းဒေသခံ အမျိုးသားတစ်ဦး က ပြောသည်။

အာဏာသိမ်းပြီး နိုင်ငံရေး အခြေအနေများကြောင့် ဒေသတွင်း လုံခြုံရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးတို့ကို စစ်ကောင်စီအနေဖြင့် မလုပ်ဆောင်နိုင်တော့သည့်နောက် မူးယစ်ဆေးပြဿနာမှာ အခြေအနေအတော်လေးကို ဆိုးရွာလာခြင်း ဖြစ်သည်ဟု ဆိုသည်။

နန်းယွန်းမြို့တွင် မူးဆေးပြဿနာ အတော်ဆိုးရွာနေပြီး ရောင်းချသူ၊ သုံးစွဲသူများကို ဖမ်းဆီး အရေးယူမည့်သူပင် မရှိဖြစ်နေသည်ဟု ဆိုသည်။

ထို့အပြင် အထက်တန်း၊ အလယ်တန်းကျောင်းသူ/သားများကပါ ကျောင်းအတွင်း စိတ်ကြွဆေးပြားနှင့် ဘိန်းဖြူ များ ရောင်းချခြင်း၊ သုံးစွဲခြင်းများကို လုပ်နေကြသည်ဟု ဒေသခံများနှင့် ရပ်မိရပ်ဖများက ပြောသည်။

နန်းယွန်းဒေသခံ ကျောင်းသားမိဘတစ်ဦးက “နန်းယွန်းကျောင်းမှာက အများဆုံးကတော့ အလယ်တန်းနဲ့ အထက်တန်းလို့ ပြောတဲ့နေရာမှာ ရာခိုင်းနှုန်းအားဖြင့် အများဆုံးကတော့ ၈ တန်း၊ ၉ တန်း၊ ၁၀ တန်း ကလေး တွေ ၁၁ တန်း၊ ၁၂ တန်း ကလေးတွေတော့ သိပ်မကြားရဘူး။ အနည်းအကျဉ်းတော့ ရှိမှာပေါ့လေ။ အများဆုံးက တော့ ၈၊ ၉၊ ၁၀ ဝန်းကျင်ထဲမှာ အဓိကတွေ့ရတယ်။ အသက်အရွယ် အားဖြင့် ပြောမယ်ဆိုရင်တော့ ၁၄၊ ၁၆ ဝန်း ကျင်မှာ နောက် ဘယ်ချိန်ကတည်းက စဖြစ်သလဲဆိုရင် အရင်ကတည်းကလည်း သူဟာနဲ့သူတော့ ရှိကြတာပဲ။ အခုတော့ ပိုဆိုးလာတာပေါ့” ဟု ပြောသည်။

အထက်တန်း၊ အလယ်တန်း ကျောင်းသူကျောင်းသားများအပြင် “ကျောင်းမတက်တော့တဲ့ လူငယ်တွေကြားထဲ မှာ သုံးတာကိုတော့ အဓိကတွေ့ရတယ်။ ဒါပေမယ့် အခုနောက်ပိုင်း ကျောင်းထဲမှာ ကျောင်းတက်နေတဲ့ ကလေး တွေပါ သုံးတာတွေ့ရတယ်” ဟု အဆိုပါ ကျောင်းသားမိဘက ဆက်ပြောသည်။

ထို့အပြင် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့နယ်တွင်ပါဝင်သည့် မြို့နယ်ခွဲအဆင့်မြို့လည်းဖြစ် အိန္ဒိ ယ-မြန်မာနယ်စပ်က မြို့လည်း ဖြစ်သည့် ပန်ဆောင်မြို့တွင်လည်း အထက်တန်း၊ အလယ်တန်း ကျောင်းသူ/သား လူငယ် အယောက် ၈၀ ခန့်က အုပ်စုဖွဲ့က မူးယစ်ဆေးရောင်းဝယ် သုံးစွဲနေကြသည်ဟု ဒေသခံများက ပြော သည်။

နန့်ယွန်းဒေသခံ လူလတ်ပိုင်း အမျိုးသားတစ်ဦးက “တရားဥပဒေစိုးမိုးမှုမရှိလို့ ဒါကိုထန်းသိမ်းပေးတဲ့ အဖွဲ့ မရှိ လို့။ ဒီလူဆိုးထိန်းဖို့ကတော့ ရဲတွေမှာတာဝန် ရှိတာပေါ့။ ဒါပေမယ့် ရဲတွေကလည်း အလုပ် မရှုပ်ချင်ဘူးလေ။ အဲ့ကောင်တွေ ဖမ်းပြီးရင် အလုပ်ရှုပ်မယ်၊ နောက်ပြီးတော့မှ မူးယစ်ဆေးဝါး ဘိန်းဖြူရောင်းတဲ့ ကိစ္စတွေ မှာ ဆိုရင် ရဲတွေကိုယ်တိုင် ပတ်သတ်နေတာရှိတယ်။ ပတ်သတ်နေတော့ လာဘ် စားတာမျိုး သူတို့ ကိုယ်တိုင် ရောင်း တာလည်းဖြစ်သလို လာဘ်စားနေတော့ နှုတ်ပိတ်နေတာရှိတယ်။ သူတို့က တာဝန်မဲ့တာပေါ့” ဟု ပြောသည်။

နာဂဒေသထဲသို့ ဝင်လာသည့် ဘိန်းဖြူနှင့် စိတ်ကြွဆေးပြားများသည် ကချင်ပြည်နယ်ဘက်မှ အဓိကဝင် ရောက် နေခြင်း ဖြစ်ပြီး ဒေသအတွင်း တရားဥပဒေစိုးမိုးမှု မရှိခြင်းမရှိတော့သည့်အပြင် စစ်ကောင်စီ လက်အောက်ခံ ရဲတပ်ဖွဲ့ဝင်များ ကိုယ်တိုင်က ဖြန့်ဖြူး ရောင်းချနေသည်ဟု ဒေသခံများက ပြောသည်။

နာဂဒေသ နန်းယွန်းမြို့သည် ကချင်ပြည်နယ် တနိုင်းမြို့နယ်နှင့် နယ်နိမိတ်ချင်း ထိစပ်နေပြီး ကချင်ပြည်နယ်ဘက် မှ အဓိက ကုန်သွယ်ရသလို စစ်အာဏာသိမ်းပြီးနောက် လမ်းပန်းဆက်သွယ်ရေးနှင့် အင်တာနက်လိုင်းများ ဖြတ် တောက်ခံထားရသည့် ဒေသဖြစ်သည်။

ဓါတ်ပုံ - ပြန်/ဆက်

April 25, 2026
ဧရာဝတီတိုင်း ဒေသကြီး၊ ပုသိမ်မြို့တွင် ဖေဖော်ဝါရီလဆန်းပိုင်းမှ စတင်၍ လျှပ်စစ်မီးပြတ်တောက်မှုနှင့်...
ဓါတ်ပုံ - PPNM
April 24, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် မတရားဖမ်းဆီးခံထားရသည့် နိုင်ငံရေး...
April 23, 2026
ထီးချိုင့်မြို့ကို ပြန်လည်ထိန်းချုပ်ထားသည့် စစ်တပ်သည် ဧရာဝတီမြစ်ကြောင်းအတိုင်း ကသာမြို့ ဘက်သို့...
Photo-KnIC (ပုံဟောင်း)
April 22, 2026
စစ်တပ်ကို နိုင်ငံရေးမှာ ဝင်ရောက်စွတ်ဖက်ခွင့်ပြုထားသည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ နှင့် NCA...