ထားဝယ်ထောင်မှ အကျဉ်းသား ၅ ဦး ဝန်ထမ်း ၂ ဦးအား သတ်ပြီး ထွက်ပြေး လွတ်မြောက်

ထားဝယ်ထောင်မှ အကျဉ်းသား ၅ ဦး ဝန်ထမ်း ၂ ဦးအား သတ်ပြီး ထွက်ပြေး လွတ်မြောက်

တနင်္သာရီတိုင်း၊ ထားဝယ်အကျဉ်းထောင်မှ လုံခြုံရေးအစောင့် ဝန်ထမ်း ၂ ဦးကို သတ်ဖြတ်ပြီး အကျဉ်းသား ၅ ဦး ထွက်ပြေး လွတ်မြောက်သွားသည်ဟု အကျဥ်းဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ပြောသည်။

ထားဝယ်မြို့မှ ၈ မိုင်ခန့်ဝေးသည့် ရေဖြူမြို့နယ် ဇီးကျကျေးရွာအနီး အကျဥ်းထောင်အသစ် ဆောက်လုပ်နေ သည့် နေရာမှ ရှင်းလင်းခုတ်ထွင်ထားသည့် ရော်ဘာထင်းများကို သယ်ယူရန် သွားကြချိန်တွင် အသတ်ခံလိုက်ရ ခြင်း ဖြစ်သည်။

အကျဥ်းဦးစီးဌာနတာဝန်ရှိသူက “ညဘက် ထောင်အိပ်တန်းပိတ်ချိန် အထိ ထောင်ဝန်ထမ်း နဲ့ အကျဥ်းသားတွေ ပြန်မရောက်လာကြဘူး။ ဖုန်းလည်း ဆက်သွယ်လို့ မရတော့တာကြောင့် စစ်ကောင်စီတပ်က ဝိုင်းကူပြီး တစ်ည လုံးလိုက်ရှာကြသေးတယ်” ဟု ပြောသည်။

အသတ်ခံရသည့် အကျဥ်းထောင်ဝန်ထမ်း နှစ်ဦးမှာ တပ်သား လွင်ငြိမ်းနှင့် အောင်ဘိုဘိုထွဋ်တို့ ဖြစ်ကြပြီး ရော် ဘာထင်းများ သယ်ရန် အတူသွားခဲ့ကြသည့် အကျဥ်းသား ၅ ဦးမှာမူ လွတ်မြောက်နေဆဲဖြစ်သည်။

အကျဉ်းထောင်ဝန်းထမ်း ၂ ဦးနှင့်အတူ အကျဉ်းသား ၅ ဦးမှာ စက်တင်ဘာလ ၃၀ ရက်နေ့ နံနက် ၇နာရီခွဲခန့်က

အကျဥ်းထောင်အသစ် ဆောက်လုပ်နေသည့် နေရာမှ ရှင်းလင်းခုတ်ထွင်ထားသည့် ရော်ဘာထင်းများကို သွားသယ်ရန် သွားကြစဉ် ယခုကဲ့သို့ အသတ်ခံလိုက်ရခြင်း ဖြစ်သည်။

ထို့နောက် အောက်တိုဘာ ၁ ရက်နေ့ နံနက်ပိုင်းတွင် ဘုရားမဲစစ်ဆေးရေးဂိတ် အနောက်ဘက်၊ ရေဝိုင်းကျေးရွာ လမ်းဆုံ၊ ရထားလမ်းအနီး အကျဉ်းထောင်ဝန်ထမ်း ၂ ဦး၏ အလောင်းများကို လမ်းသွားလမ်းလာ အရပ်သား များက တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း အကျဥ်းဦးစီးဌာနတာဝန်ရှိသူက ဆိုသည်။

အောက်တိုဘာလ ၂ ရက်နေ့တွင် ထားဝယ်အကျဥ်းထောင် ထောင်ဘူးဝတွင် ပဌာန်းတရားတော်များကို အသံချဲ့ စက်နှင့် အသံအကျယ်ကြီးဖွင့်ထားပြီး သေဆုံးသွားသည့် အကျဥ်းထောင်ဝန်ထမ်း ၂ ဦး၏ အသုဘတရားနာ အစီ အစဉ်ကို ပြုလုပ်ခဲ့ကြသည်ဟု အကျဥ်းထောင်အနီး နေထိုင်ကြသူများက ဆိုသည်။

ထွက်ပြေး လွတ်မြောက်သွားသည့် အကျဥ်းသား ၅ဦးကို ပြန်လည် ဖမ်းဆီးရမိရေးအတွက် စစ်ကောင်စီမှ စစ်ဆေးရေးဂိတ်များကို ပိတ်ဆို့ပြီး အပူတပြင်းရှာဖွေနေသော်လည်း ယနေ့ အချိန်ထိ ဖမ်းဆီးရမိခြင်း မရှိသေး သေးဘူးဟု အကျဉ်းဦးစီးဌာန တာဝန်ရှိသူက ပြောသည်။

စစ်ကောင်စီမှ ထားဝယ်မြို့နှင့် ၈ မိုင်ခန့်အကွာ ထားဝယ် နည်းပညာတက္ကသိုလ်တည်ရှိရာ ဇီးကျကျေးရွာ အနီး တွင် လက်ရှိအကျဥ်းထောင်ထက် ငါးဆနီးပါးပိုကြီးသည့် အကျဥ်းထောင်အသစ် တစ်ခုကို ဆောက်လုပ်ရန် ပြင်ဆင်နေသည်။

April 25, 2026
ဧရာဝတီတိုင်း ဒေသကြီး၊ ပုသိမ်မြို့တွင် ဖေဖော်ဝါရီလဆန်းပိုင်းမှ စတင်၍ လျှပ်စစ်မီးပြတ်တောက်မှုနှင့်...
ဓါတ်ပုံ - PPNM
April 24, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် မတရားဖမ်းဆီးခံထားရသည့် နိုင်ငံရေး...
April 23, 2026
ထီးချိုင့်မြို့ကို ပြန်လည်ထိန်းချုပ်ထားသည့် စစ်တပ်သည် ဧရာဝတီမြစ်ကြောင်းအတိုင်း ကသာမြို့ ဘက်သို့...
Photo-KnIC (ပုံဟောင်း)
April 22, 2026
စစ်တပ်ကို နိုင်ငံရေးမှာ ဝင်ရောက်စွတ်ဖက်ခွင့်ပြုထားသည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ နှင့် NCA...