စစ်ကောင်စီက ဖမ်းဆီး စစ်ဆေးစဉ် အမျိုးသမီးတစ်ဦး ကိုယ်ဝန်ပျက်ကျ

စစ်ကောင်စီက ဖမ်းဆီး စစ်ဆေးစဉ် အမျိုးသမီးတစ်ဦး ကိုယ်ဝန်ပျက်ကျ

ရှမ်းပြည်တောင်ပိုင်း၊ ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်တွင် စစ်ကောင်စီ ဖမ်းဆီး စစ်ဆေးမှုကြောင့် စစ်ဘေးရှောင် အမျိုးသမီး တစ်ဦး ကိုယ်ဝန် ပျက်ကျခဲ့သည်။

ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်၊ ပဲရင်းတောင်ကျေးရွာတွင် နေထိုင်သည့် စစ်ဘေးရှောင် အမျိုး သမီးတစ်ဦးမှာ စစ်ကောင်စီတပ်၏ ဖမ်းဆီး စစ်ဆေးမှုကြောင့် ကိုယ်ဝန် ပျက်ကျခဲ့ရခြင်း ဖြစ်သည်ဟု နီးစပ်သူ များက ပြောသည်။

ကိုယ်ဝန်ပျက်ကျသွားသည့် အမျိုးသမီးမှာ အသက် ၃၀ အရွယ် မပိုးဥ ဆိုသူဖြစ်ပြီး ပင်းတမြို့၊ ဆင်ခေါင်းရပ် ကွက်ရှိ နီးစပ်ရာဆွေမျိုးများ၏ နေအိမ်တွင် ခိုလှုံနေချိန် စက်တင်ဘာလ ၂၉ ရက်နေ့ ညနေပိုင်းတွင် ဖမ်းဆီးခံ လိုက်ရခြင်း ဖြစ်သည်။

ဓနုဒေသအတွင်း စစ်ရေးလှုပ်ရှားနေသော ဓနုပြည်သူ့ လွတ်မြောက်ရေးတပ်ဦး (DPLF) ပြန်ကြားရေး တာဝန်ခံ ကိုထွန်းထွန်းနိုင်က မပိုးဥ ဖမ်းဆီးစစ်ဆေးခံရချိန်က အကြောင်းကို ယခုကဲ့သို့ ပြောသည်။

“ရွာငံရဲစခန်းကို ဖမ်းခေါ်သွားတာ။ ဒါပေမယ့် ရဲစခန်းမှာ သွေးတွေ ဆင်းပြီးတော့မှ ကိုယ်ဝန် ပျက်ကျတယ်လို့ ပြောတယ်။ အဲဒီအချိန်မှာ သူတို့က ပင်းတယ ပြန်ပို့ပေးတယ် ပြောတယ်။ ပိုက်ဆံညှစ်တာတော့ မရှိဘူး။”

ထို့နောက် မပိုးဥက စက်တင်ဘာ ၃၀ ရက်နေ့ ညပိုင်းမှာ ပြန်လည် လွတ်မြောက်လာခဲ့ပြီး လတ်တလောတွင်မူ ဆေးကုသမှု ခံယူနေရသည်ဟု နီးစပ်သူများက ပြောသည်။

စစ်ကောင်စီတပ်က မပိုးဥ၏ ခင်ပွန်းဖြစ်သူ ကိုဝင်းကျော်ကို မတွေ့သောကြောင့် ဇနီးဖြစ်သူကို ဖမ်းဆီးသွားခြင်း ဖြစ်ပြီး ဖမ်းဆီးစစ်ဆေးနေချိန်၌ပင် ၃ လသားအရွယ် ကိုယ်ဝန်ပျက်ကျသွားခဲ့ခြင်း ဖြစ်သည်။

၎င်းတို့ ဇနီးမောင်နှံ နှစ်ဦးကို စစ်တပ်က ဖမ်းရသည့် အကြောင်းအရင်းနဲ့ ပတ်သက်၍လည်း DPLF ပြန်ကြားရေး တာဝန်ခံ ကိုထွန်းထွန်းနိုင်က ယခုကဲ့သို့ ပြောသည်။

“(သူတို့က နိုင်ငံရေး) မလုပ်ဘူး။ အတူနေတာ ကိုယ်ဝန်တောင် ရတယ်။ ပဲယင်းတောင်ကျတော့ ရွာသား ၉ ယောက် သတ်ခံရကတည်းက တစ်ရွာလုံး စစ်ရှောင်ကြတာ။ လူငယ်၊ လူလတ် အားလုံးရှောင် ရတယ်။ အသက် ကြီးတဲ့ လူရယ်၊ ကလေးရယ်၊ မိန်းကလေးရယ်ပဲ ကျန်တာ။ သူတို့က တော်လှန်ရေးမှာပါတယ် ဆိုတဲ့ ပုံစံနဲ့ ဖမ်း တာပါ။ သူတို့က ပင်းတယမှာ စစ်ရှောင်နေတာ အဲဒီကတည်းကပေါ့။ အဲမှာကို သူတို့(စစ်ကောင်စီ)က အခုမှ သတင်းအစအန ရှာပြီးတော့မှ တွေ့ပြီးတော့ လိုက်ဖမ်းတာပေါ့။”

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဧပြီလ ၂၂ ရက်နေ့တုန်းကလည်း ရွာငံမြို့နယ်၊ ပဲယင်းတောင်ကျေးရွာက အမျိုးသား ၉ ဦးကို စစ်ကောင်စီတပ်နှင့် လက်အောက်ခံ ပျူစောထီးများက ဖမ်းဆီးသတ်ဖြတ်ခဲ့သည်။

ထိုသို့ဖမ်းဆီးသတ်ဖြတ်ခံရပြီးနောက် ပဲယင်းတောင်ကျေးရွာက ပြည်သူများမှာ ရွာလုံးကျွတ်နီးပါး လူဦးရေ ၄၀၀ ကျော်လောက်က လက်ရှိအချိန်အထိ ဘေးလွတ်ရာတွင် ထွက်ပြေး တိမ်းရှောင်နေရဆဲ ဖြစ်သည်။

April 25, 2026
ဧရာဝတီတိုင်း ဒေသကြီး၊ ပုသိမ်မြို့တွင် ဖေဖော်ဝါရီလဆန်းပိုင်းမှ စတင်၍ လျှပ်စစ်မီးပြတ်တောက်မှုနှင့်...
ဓါတ်ပုံ - PPNM
April 24, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် မတရားဖမ်းဆီးခံထားရသည့် နိုင်ငံရေး...
April 23, 2026
ထီးချိုင့်မြို့ကို ပြန်လည်ထိန်းချုပ်ထားသည့် စစ်တပ်သည် ဧရာဝတီမြစ်ကြောင်းအတိုင်း ကသာမြို့ ဘက်သို့...
Photo-KnIC (ပုံဟောင်း)
April 22, 2026
စစ်တပ်ကို နိုင်ငံရေးမှာ ဝင်ရောက်စွတ်ဖက်ခွင့်ပြုထားသည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ နှင့် NCA...