အရန်ဆန်တွေ ထုတ်ရောင်းနေပေမယ့် ဆန်ဈေးနှုန်း အမြင့်ဈေးမှာပဲဆက်ရှိနေ

အရန်ဆန်တွေ ထုတ်ရောင်းနေပေမယ့် ဆန်ဈေးနှုန်း အမြင့်ဈေးမှာပဲဆက်ရှိနေ
ဓာတ်ပုံ-Mon Min Thar
ဓာတ်ပုံ-Mon Min Thar

မြန်မာနိုင်ငံဆန်းစပါးအသင်းချုပ်က ဆန်ဈေးနှုန်းကျဆင်းစေဖို့အတွက်ဆိုပြီး အရန်ဆန်တွေကို ထုတ်ရောင်း နေပေမယ့် ဆန်ဈေးကွက်အတွင်းမှာတော့ ဆန်ဈေးနှုန်းအမြင့်ဈေးပဲ ဆက်ရှိနေတယ်လို့ ဆန်လုပ်ငန်းရှင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဆန်ဈေးနှုန်းကျဆင်းစေဖို့နဲ့ ဆန်ဈေးနှုန်းတည်ငြိမ်စေဖို့အတွက်ဆိုကာ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ပြီးခဲ့ တဲ့ ဩဂုတ်လ ၇ ရက်နေ့မှစပြီး ဆန်တွေကို သက်သာတဲ့ဈေးနှုန်းတွေနဲ့ ရောင်းချပေးနေပေမယ့် ဆန်ဈေးနှုန်းတွေ ကျဆင်းလာခြင်း မရှိသေးပါဘူး။

ဆန်ဈေးနှုန်းဟာ ပြီးခဲ့တဲ့ သြဂုတ်လပထမအပတ်က ရွှေဘိုပေါ်ဆန်းတစ်အိတ် ကျပ် ၁၃၀,၀၀၀ ဝန်းကျင်သာရှိရာ ကနေ လက်ရှိမှာတော့ တစ်အိတ်ကျပ် ၁၄၅,၀၀၀ ကျော်အထိ ပေါက်ဈေးရှိနေပြီး ပေါ်ကျွဲဆန်ကလည်း ကျပ် ၈၆,၀၀၀ ဝန်းကျင်ကနေ  ကျပ် ၁၁၀,၀၀၀ ကျော်အထိ ဈေးနှုန်းမြင့်တက်လာကာ အမြင့်ဈေးမှာပဲ ဆက်ရှိနေတာ ပါ။

ဆန်လုပ်ငန်းရှင်တစ်ဦးကတော့ ဆန်ဈေးနှုန်းဟာ ထုတ်လုပ်မှုစရိတ်တွေနဲ့ စပါးဈေးနှုန်းတွေ  မြင့်တက်နေတာ ကြောင့် ဈေးနှုန်းကျဆင်းလာခြင်း မရှိသေးတာလို့ ပြောပါတယ်။

“တစ်ဖက်မှာ စိုက်တဲ့သူကလည်း ဒီစရိတ်တွေ တက်လာတာ။ စရိတ်တွေကုန်ကျတဲ့အတွက်ကို သူကလည်းမရ ရင် ဘယ်စိုက်နိုင်မလဲနော်။ သူရဲ့ထုတ်ကုန်က ဈေးတက်လာတယ်။ ထုတ်လုပ်မှုစရိတ်နဲ့ညီမျှတဲ့ ကုန်ကျစရိတ် တွေ တက်တာကို၊ ဆန်စပါးအသင်းက ရောင်းပေးတဲ့ဟာက အခြေခံဈေးနှုန်းပေါ့နော်။ အခြေခံဈေးနှုန်းဆိုတာ အများလူဆင်းရဲစားနိုင်တဲ့ဆန်ကို သက်သက်ကိုစားဖို့အတွက် ချတာလေ။ အဲဒီအပေါ်မှာမှ အဲဒီထက်ကောင်းချင် တဲ့ သူတွေကတော့ သူဈေးနဲ့သူဖြစ်နေမှာပေါ့” လို့ ပြောပါတယ်။

ဒါ့အပြင် ဆန်ထုတ်လုပ်တဲ့ နေရာမှာလည်း စက်သုံးဆီဈေးနှုန်းတွေကြောင့် သယ်ယူပို့ဆောင်ရေးစရိတ် မြင့်တက် လာတာ၊ လျှပ်စစ်မီးမမှန်တဲ့အတွက် မီးစက်ကြီးတွေကို အားကိုးပြီး စပါးကြိတ်ခွဲရတာနဲ့ တခြားအထွေထွေ ကုန်ကျစရိတ် ကြီးမြင့်နေတာကြောင့် ဆန်ဈေးနှုန်းအမြင့်မှာပဲ တည်ငြိမ်နေတာ ဖြစ်ပါတယ်။

ဒေသခံတစ်ဦးကတော့ ဆန်ဈေးနှုန်းကျဆင်းစေဖို့ အရန်ဆန်ရောင်းချမှုဟာ မြို့ပေါ်တွေမှာသာ ဟန်ပြအနေနဲ့ ရောင်းချနေတာကြောင့် ဈေးမကျဘဲ အမြင့်ဈေးတွေနဲ့ ဝယ်ယူစားသောက်နေရတယ်လို့ သံလွင်တိုင်းမ်ကို ပြော ပါတယ်။

“အခုဆန်ဈေးနှုန်းတွေက နှစ်လ သုံးလ အတောအတွင်းမှာ စကစကနေပြီး နွေစပါးတွေပေါ်တဲ့အချိန်မှာ ကုန် သည်ကြီးများ အသင်းကို ဒီဆန်ဈေး၊ ဆီဈေး၊ ကုန်ဈေးနှုန်းတွေချရမယ်လို့ ဆိုလိုက်ကတည်း က စပါးတွေ အဆ မတန်ဈေးတွေတက်၊ ဆန်တွေအဆမတန် ဈေးတွေတက်၊ အခုဆန်တစ်ပြည်ဆိုရင် (၄၀၀၀) (၅၀၀၀) ပေး စားရ တယ်။ ဒီတော့ ဖော်ရှိုးလုပ်တယ်လို့ပဲ ထင်ပါတယ်။ ပြည်သူတွေက မြို့ပေါ်ထက်နယ်ပေါ့နော်။ နယ်တွေက အရမ်း ဒုက္ခရောက်တာ။ မြို့ပေါ်မှာ ဟန်ပြဆန်တစ်ပြည်ကို (၂၀၀၀) ချရောင်းတာတို့ ဆိုတာလည်း သူတို့ရပ်ကွက် က နီးစပ်မှုရှိတဲ့သူတွေသာ ရသွားပေမယ့် နယ်ကသူတွေကတော့ ဒီတိုင်းဒီတိုင်း ဒုံရင်းကဒုံရင်းပါပဲ” လို့ ပြောပါ တယ်။

မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ကတော့ ဆန်ဈေးနှုန်းကျဆင်းစေဖို့အတွက်ဆိုပြီး အရန်ဆန်တွေထဲက ဆန် အရည်အသွေး ၂၅ ရာခိုင်နှုန်းအဆင့်ရှိ ဆန် ၅၀ ကီလိုအိတ် အရေအတွက် ၅၀,၀၀၀ ကို ထုတ်ရောင်းနေသလို လိုအပ်ပါက ထပ်မံတိုးမြှင့်ရောင်းချပေးသွားမယ်လို့ ထုတ်ပြန်ထားတာပါ။

စစ်ကောင်စီကတော့ ဆန်စပါးတွေ ထိန်ချုပ်နိုင်ဖို့အတွက် မြန်မာပြည်တွင်းရှိ တစ်နေရာထဲမှာ ဆန်တန် ချိန် ၅၀ နဲ့ စပါးတင်း ၅၀၀၀ အထက် သိုလှောင်ပါက မှတ်ပုံတင်ရမှာဖြစ်ပြီး မှတ်ပုံမတင်ပါက ဥပဒေနဲ့အညီ အရေးယူ သွားမယ်လို့ ပြီးခဲ့တဲ့ မေလအတွင်း ထုတ်ပြန်ထားပါသေးတယ်။

မြန်မာနိုင်ငံမှာတော့ ဆန်ဈေးနှုန်းဟာ စစ်ကောင်စီ အာဏာမသိမ်းခင် ပြီးခဲ့တဲ့ NLD အစိုးရလက် ထက်က ပေါ် ဆန်းမွှေး ဆန်တစ်အိတ်ကို ကျပ် ၃၀,၀၀၀ ဝန်းကျင်သာရှိသလို ပေါ်ကျွဲ ဆန်အမျိုးအစာကလည်း ကျပ်၂၉,၀၀၀ ဝန်းကျင်သာရှိရာမှာ စစ်တပ်အာဏာသိမ်းပြီးနောက် ဆန်ဈေးနှုန်း ၄ ဆကျော်အထိ ဈေးနှုန်းမြင့်တက်နေတာ ဖြစ်ပါတယ်။

Most read this week

December 19, 2025
မွန်ပြည်နယ်တောင်ပိုင်းက စစ်ရေးလှုပ်ရှားမှု အများဆုံးဒေသဖြစ်တဲ့ ရေးမြို့နယ်မှာ စစ်ကော်မရှင်က...
December 18, 2025
တနင်္သာရီတိုင်း ကော့သောင်းမြို့နယ်မှာ ပြီးခဲ့တဲ့တစ်ပတ်အတွင်း လူငယ် ၁၀၀ ကျော်ကို စစ်ကော်မ...
Photo credit - MOI
December 17, 2025
နိုင်ငံတဝန်းမှာ စစ်ကော်မရှင် ပြုလုပ်မယ့် ရွေးကောက်ပွဲအား နှောင့်ယှက်ဟန့်တားမှုကြောင့် လူပေါင်း...
December 16, 2025
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်မှာ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ကြမယ့် ကိုယ်စားလှယ်လောင်းတွေရဲ့...