ဖားကန့်တွင် စရဖရုံးနှင့် ရဲစခန်းကို KIA ပူးပေါင်းအဖွဲ့ တိုက်

ဖားကန့်တွင် စရဖရုံးနှင့် ရဲစခန်းကို KIA ပူးပေါင်းအဖွဲ့ တိုက်

ကချင်ပြည်နယ်၊ ဖားကန့်မြို့ရှိ ဆိုင်းတောင်ရပ်ကွက်တွင် စစ်ကောင်စီတပ် လက်အောက်ခံ စရဖရုံးနှင့် ရဲစခန်းတို့ အား KIA တပ်ရင်း ၆ နှင့် KPDF တို့ ပူးပေါင်းအဖွဲ့က သွားရောက်တိုက်ခိုက်ခဲ့သည်။

စက်တင်ဘာလ ၂၅ ရက်နေ့၊ ၄ နာရီအချိန်၌ စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ (စရဖ) ရုံးနှင့် ရဲစခန်းတို့အား KIA၊ KPDF ပူးပေါင်းအဖွဲ့က သွားရောက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုင်းတောင် ဒေသခံများက ပြောသည်။

ဆိုင်းတောင်ဒေသခံတစ်ဦးက “သေနတ်နဲ့ပစ်ကြတာ မနက် ၄ နာရီမှာ။ အလစ်တိုက်သွားတဲ့ ပုံစံပေါ့။ နှစ် နေရာ ဝင်ထုသွားတာ။ တပ်ရင်း ၆ က KIA တွေက စရဖရုံး သိမ်းခံရတာ။ ရဲစခန်းလည်း ဝင်ပစ်သွားတယ်ပြောတယ်” ဟု ပြောသည်။

စစ်ကောင်စီလက်အောက်ခံ စရဖရုံးနှင့် ရဲစခန်းတို့အား KIAနှင့် KPDF ပူးပေါင်းအဖွဲ့က ဝင်ရောက်တိုက်ခိုက်ပြီး နောက် စစ်တပ်ဘက်မှ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့သည်ဟု ဒေသခံများက ပြောသည်။

အဆိုပါ တိုက်ခိုက်ခံရမှုထဲတွင် စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးသူ များနိုင်ကြောင်း ဒေသခံများက ပြော သည်။

ဒေသခံ အမျိုးသားတစ်ဦးက “အသေအပျောက်တော့ အခုထိ မသိရသေးဘူး။ ဝင်ပစ်သွားတယ်ဆိုတော့ သေ တော့ သေမှာပေါ့။ စစ်တပ်ကုန်းကနေ လက်နက်ကြီးကနေ နောက်ကနေပစ်တာ လက်နက်ကြီးနဲ့ သူတို့ စခန်း ကုန်းကနေ ရမ်းထုတာပေါ့” ဟု ပြောသည်။

ထိုသို့ တိုက်ခိုက်ခံရပြီးနောက် ဖားကန့်မြို့၊ ဆိုင်းတောင်ရပ်ကွက်တွင် လမ်းသွားလမ်းလာ ပြည်သူများအား ရဲနှင့် စစ်ကောင်စီတပ်များဖွဲ့ဝင်များ လိုက်လံစစ်ဆေးနေသည်ဟု ဆိုသည်။

ဖားကန့်မြို့၊ ဆိပ်မူကျေးရွာတွင်လည်း စက်တင်ဘာလ ၂၁ ရက်နေ့၌ ကားဖြင့် ဆေးခန်းလာပြသည့် စစ်ကောင်စီရဲ ၅ ဦးအား KIA နှင့် PDF ပူးပေါင်းအဖွဲ့တို့ ပစ်ခတ်တိုက်ခိုက်ရာ ရဲ ၂ ဦးသေဆုံးပြီး ၃ ဦး ထိခိုက်ဒဏ်ရာ ပြင်းထန်စွာ ရရှိသွားခဲ့သည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ဒေသခံတစ်ဦးက “ကြာသပတေးနေ့က ညနေ ၅ နာရီ ၄ ခွဲဆိုပါတော့ အဲ့မှာ ဖြစ် သွားတာ။ ဆေးခန်းလာပြတဲ့ ရဲ ၅ ယောက်ကို ပစ်သွားတာ။ IP SUM ကားတွေနဲ့လာတာ‌ ဆေးခန်းလာပြတာတဲ့  ၂ ယောက်သေတယ်။ ၃ ယောက် ဒဏ်ရာရတယ်” ဟု ပြေယသည်။

ဖားကန့်မြို့တွင် KIA၊ KPDF ပူးပေါင်းအဖွဲ့နှင့် စစ်ကောင်စီတပ်တို့အကြား မကြာခဏ တိုက်ပွဲများဖြစ်ပွားနေပြီး ပြီးခဲ့သည့် ဩဂုတ်လတွင်လည်း KIA တပ်ရင်း ၆ နှင့် KPDF ပူးပေါင်းအဖွဲ့က ကသိုင်းတောင် စစ်တပ်စခန်းနှင့် ဆယ်ဇင်းကျေးရွာအနီးရှိ SNA တပ်စခန်းအား တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့သေးသည်။

April 25, 2026
ဧရာဝတီတိုင်း ဒေသကြီး၊ ပုသိမ်မြို့တွင် ဖေဖော်ဝါရီလဆန်းပိုင်းမှ စတင်၍ လျှပ်စစ်မီးပြတ်တောက်မှုနှင့်...
ဓါတ်ပုံ - PPNM
April 24, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် မတရားဖမ်းဆီးခံထားရသည့် နိုင်ငံရေး...
April 23, 2026
ထီးချိုင့်မြို့ကို ပြန်လည်ထိန်းချုပ်ထားသည့် စစ်တပ်သည် ဧရာဝတီမြစ်ကြောင်းအတိုင်း ကသာမြို့ ဘက်သို့...
Photo-KnIC (ပုံဟောင်း)
April 22, 2026
စစ်တပ်ကို နိုင်ငံရေးမှာ ဝင်ရောက်စွတ်ဖက်ခွင့်ပြုထားသည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ နှင့် NCA...