KNU အုပ်ချုပ်ရေးစတင်နေတဲ့ ဘုရားသုံးဆူမြို့မှာ စစ်တပ်အထွက်ပြ

KNU အုပ်ချုပ်ရေးစတင်နေတဲ့ ဘုရားသုံးဆူမြို့မှာ စစ်တပ်အထွက်ပြ
ဓာတ်ပုံ- Social Media
ဓာတ်ပုံ- Social Media

ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့မှာ ကရင်အမျိုးသားအစည်းအရုံး KNU ရဲ့ အုပ်ချုပ်ရေးလုပ်ငန်းတွေ စတင်ဖော် ဆောင်နေတဲ့ သတင်းတွေ ဆက်တိုက် ထွက်ပေါ်လာပြီးနောက် စစ်ကောင်စီတပ်ဟာ တပ်ဝင်းထဲကနေ ထွက်လာ ပြီး မြို့တွင်းထဲမှာ လှည့်ပတ်စစ်ဆေးတာတွေ လုပ်ဆောင်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်၊ ထိုင်း-မြန်မာနယ်စပ်ရှိ ဘုရားသုံးဆူမြို့မှာ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေး ယန္တရားလုပ်ငန်းစဉ်တွေ ပျက်ပြယ်သွားခဲ့ပြီးနောက် မြို့တွင်းရှိ အုပ်ချုပ်ရေးနဲ့ တရားစီ ရင်ရေးလုပ်ငန်းတွေမှာ KNU က လုပ်ဆောင်နေခဲ့တာ ဖြစ်ပါတယ်။

ဒီလို KNU က အုပ်ချုပ်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေတဲ့ သတင်းတွေ ဆက်တိုက်ထွက်ပေါ်လာပြီးတဲ့နောက် စစ်ကောင်စီတပ်က ဘုရားသုံးဆူမြို့ထဲမှာ လက်နက်အပြည့်အစုံနဲ့ လှည့်ပတ်စစ်ဆေးတာတွေ လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

စစ်ကောင်စီတပ်၊ နယ်ခြားစောင့်တပ် BGF နဲ့ ရဲတပ်ဖွဲ့တို့ဟာ ဘုရားသုံးဆူမြို့တွင်းထဲမှာ စက်တင်ဘာ ၂၁ ရက်နေ့ က စစ်ဆေးမှုတွေ လုပ်ဆောင်ခဲ့ပြီး စစ်ကောင်စီရဲ့ အုပ်ချုပ်မှုယန္တရားအတိုင်း ဆက်လက်လည်ပတ်နေတယ်လို့ စစ်ကောင်စီလော်ဘီတွေက ဝါဒဖြန့်လာတာပါ။

စစ်ကောင်စီတပ်ဟာ ဘုရားသုံးဆူမြို့ထဲမှာရှိတဲ့ တပ်ရင်းကနေ အပြင်ဘက်ကို မထွက်တာ လနဲ့ချီကြာမြင့်ပြီဖြစ် ကြောင်းနဲ့ အခုဖြစ်စဉ်ဟာ KNU အုပ်ချုပ်ရေးစတင်တဲ့ သတင်းတွေကြောင့် စစ်ကောင်စီတပ်ကနေ လက်နက် အပြည့် အစုံနဲ့ စစ်ဆေးဆောင်ရွက်တာတွေ လုပ်ဆောင်ခဲ့တာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“သူတို့(စစ်ကောင်စီ)က တပ်ဝင်းထဲကနေ အပြင်ကို တခါမှမထွက်ဘူးလေ။ ကြာပြီပေါ့။ ဒီသတင်းတွေ ထွက်လာ တဲ့နောက် မြို့ထဲမှာအထွက်ပြပြီး စစ်ဆေးနေတာဖြစ်မှာပေါ့။ မြို့ပေါ်မှာက စစ်ကောင် စီခန့် အုပ်ချုပ်ရေးမှူးတွေ မရှိတော့ဘူး။ KNU က ခန့်ထားတဲ့ အုပ်ချုပ်ရေးမှူးတွေပဲ ရှိတော့တယ်။ အမှုအခင်းတွေဖြစ်ရင်လည်း KNU ဆီ မှာပဲ တိုင်ကြတော့တယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဘုရားသုံးဆူမြို့ပေါ်မှာရှိတဲ့ စစ်ကောင်စီရဲ့ ဌာနဆိုင်ရာရုံးတွေနဲ့ ရဲစခန်းကို ပြီးခဲ့တဲ့ ဇန်နဝါရီလနဲ့ ဖေဖေါ်ဝါရီလအ တွင်းက KNLA ပူးပေါင်းအဖွဲ့တွေက ဝင်ရောက်တိုက်ခိုက် ရှင်းလင်းခဲ့ပြီးတဲ့နောက်ပိုင်း မြို့တွင်းထဲမှာ စစ်ကောင် စီရဲ့ အုပ်ချုပ်ရေးယန္တရားတွေ မလည်ပတ်နိုင်တော့ဘဲ KNU က အုပ်ချုပ်ရေး၊ တရားစီရင်ရေးတွေမှာ လုပ်ဆောင် လာခဲ့တာ ဖြစ်ပါတယ်။

သုံးသပ်သူတွေအဆိုအရ စစ်ကောင်စီတပ်ရဲ့ တပ်အပြင်ထွက်ပြီး မြို့တွင်းမှာ စစ်ဆေးမှုတွေ လုပ် ဆောင်တာဟာ အထက်ဖိအားကြောင့် ဖြစ်နိုင်ပြီး ဒီလိုလုပ်ဆောင်ဖို့အတွက် KNU အပါအဝင် လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ ညှိနှိုင်းခဲ့ရနိုင်တယ်လို့ ဆိုပါတယ်။

ဘုရားသုံးဆူမြို့မှာ KNU လက်နက်ကိုင်တပ် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA အပါအဝင် စစ်ကောင်စီတပ်၊ နယ်ခြားစောင့်တပ်(BGF)နဲ့ NCA လက်မှတ်ထိုးပြီး စစ်ကောင်စီနဲ့ အကြိမ်ကြိမ် သွားရောက် တွေ့ဆုံခဲ့တဲ့ မွန်ပြည်သစ်ပါတီ (NMSP)၊ ဒီမိုကရေစီ အကျိုးပြု ကရင့်တပ်မတော် (DKBA)၊ ကရင်ငြိမ်းချမ်းရေး ကောင်စီတပ် (KNU/ KNLA PC) တို့လည်း ရှိနေတာဖြစ်ပါတယ်။

KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးကတော့ ဘုရားသုံးဆူမြို့မှာ စစ်ကောင်စီအုပ်ချုပ်ရေးယန္တရား ပျက်စီး ယိုယွင်းနေပြီး ခိုးဆိုးလုယက်တာတွေများလာတဲ့အတွက် ပြည်သူလူထုရဲ့ တောင်းဆိုမှုနဲ့ KNU က လက်ရှိမှာ အုပ်ချုပ်ရေး တရားစီရင်ရေးတွေကို ဆောင်ရွက်နေတာဖြစ်တယ်လို့ ပြောကြားထားပါတယ်။

လက်ရှိ ဘုရားသုံးဆူမြို့ပေါ်မှာ စစ်ကောင်စီတပ်ရင်း(၁)ရင်းနဲ့ ရဲစခန်းတစ်ခုရှိပြီး မြို့အဝင်စခန်းဂိတ်မှာ BGF နဲ့ DKBA ၊ ထိုင်း-မြန်မာနယ်စပ်စည်းမျဉ်းပေါ်က ချက်ပွိုင့်ဂိတ်မှာ စစ်ကောင်စီတပ်နဲ့ BGF တို့ တပ်စွဲထားသလို ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA)အပြင် အခြားလက်နက်ကိုင် အဖွဲ့အစည်းတွေလည်း သွားလာလှုပ်ရှားနေတာ ဖြစ်ပါတယ်။

ဓါတ်ပုံ - CJ
July 7, 2026
မွန်ပြည်၊ မုဒုံမြို့နယ်၊ မြို့မ (၄) အပိုင်၊ ကန်သာယာပန်းခြံ၌ စိုက်ထူထားသည့် ဗိုလ်ချုပ်အောင်ဆန်း...
July 6, 2026
စစ်တပ်က အပြည့်အဝ ထိန်းချုပ်ထားသည့် မွန်ပြည်၊ မော်လမြိုင်မြို့တွင် အများပြည်သူအတွက်...
July 4, 2026
မဲမသမာမှု အကြောင်းပြချက်ဖြင့် စစ်တပ်က နိုင်ငံ့အာဏာကို ၅ နှစ်ကြာ သိမ်းယူခဲ့ပြီးနောက် အပိုင်းလိုက်...
ဓာတ်ပုံ - HOS
July 3, 2026
စစ်တပ်အသွင်ပြောင်း အစိုးရ၏ ရက်ပေါင်း ၁၀၀ စီမံချက်ပါ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် ပတ်သက်၍...