မြန်မာစစ်တပ်ဟာ လက်နက်ကိုင်နှင့် အရပ်သား မခွဲခြားဘဲ စစ်ဆင်တိုက်ခိုက်မှု ပိုမိုကျူးလွန်လာ

မြန်မာစစ်တပ်ဟာ လက်နက်ကိုင်နှင့် အရပ်သား မခွဲခြားဘဲ စစ်ဆင်တိုက်ခိုက်မှု ပိုမိုကျူးလွန်လာ

အာဏာသိမ်း နှစ်နှစ်ခွဲကျော်ကာလအတွင်း နိုင်ငံအနှံ့နီးပါး စစ်မျက်နှာဖွင့်ထားသည့် စစ်ကောင်စီတပ်မှာ တော် လှန်ရေး အင်အားစုများကို စစ်ဆင်တိုက်ခိုက်ရာမှာ ပစ်မှတ်မခွဲခြားသည့် စစ်ဆင်ရေးများ ပိုမို လုပ်လာသည်ဟု ISP-Myanmar က ဩဂုတ် ၁၈ ရက်နေ့တွင် အစီရင်ခံစာ ထုတ်ပြန်လိုက်သည်။

အစီရင်ခံစာအရ စစ်တပ်အနေဖြင့် စစ်အင်အား လျော့ပါးနေပြီလားဆိုသည့် သုံးသပ်ချက်များနှင့် အတူ တဖက် တွင် စစ်ရေးအရ အသာစီးရနိုင်သည့် လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးနှင့် အတွဲလိုက်ပစ် ဒုံးလက်နက် များ၊ ဗျူဟာမြောက် စစ်ဆင်ရေးများနှင့် နိုင်ငံအနှံ့အပြားတွင် ရင်ဆိုင်ထားနိုင်ဆဲဖြစ်သည်ဟု ဆိုသည်။

ထိုအခြေအနေမှာ စစ်ကောင်စီတပ်က လက်နက်ကိုင်နှင့် အရပ်သားပြည်သူ မခွဲခြားဘဲ စစ်ဆင် တိုက်ခိုက်မှုများ ကြောင့် လူနေကျေးရွာများနှင့် မြို့များ ပျက်စီးဆုံးရှုံးမှု ပိုများလာသည်ကို တွေ့ရပြီး အရပ်သားသေဆုံးမှု အရေ အတွက်ကလည်း တိုးလာနေသည်ဟု အစီရင်ခံစာတွင် ဖော်ပြသည်။

ခုခံတော်လှန်မှု အားကောင်းသည့် စစ်ကိုင်းဒေသရှိ ကိုလွမ်းသူက “နမခလိုမျိုး စစ်ဌာနချုပ်ကြီးကရယ် ပြီးတော့ သူ့ရဲ့ အကြမ်းဖက်စစ်အုပ်စုတပ်စွဲရာနေရာကနေ လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်မှုတွေ အများကြီး ရှိ တယ်။ ပြီးရင် ဓားစာခံဖမ်းခေါ်သူတွေကိုလည်း သူတို့တွေ မထင်ရင်မထင်တဲ့နေရာမှာ သတ်ဖြတ်တယ်။ ဖမ်းဆီး ခံရသူတွေလည်း သာမန်အရပ်သားတွေပါပဲဗျ။ ဆိုတော့ စစ်ရာဇဝတ်မှုတွေကို သိသိသာသာ လွန်လွန်ကျူးကျူး ကို ကျူးလွန်တယ်။ ပြီးရင် တာဝေးပစ်လက်နက်ကြီးတွေကို အချက်ရေပေါင်းများစွာ တစ်ရက်ကို အချက်ရေ ၂၀ လောက်အထိပစ်တဲ့ ပုံစံမျိုးတွေ အများကြီးလုပ်လာတယ်” ဟု သံလွင်တိုင်းမ်ကို ပြောသည်။

ထို့အပြင် လေကြောင်းကနေပါ ဗုံးကြဲတိုက်ခိုက်မှုများကို စစ်ကောင်စီက ၎င်းတို့အထိနာချိန်တိုင်း တိုက်ခိုက်လေ့ ရှိသည်ဟု ကိုလွမ်းသူက ဆက်ပြောသည်။

“ရွာတွေမှာ တိုက်လေယာဉ်သုံးပြီး ဗုံးကြဲတဲ့အဆင့်တွေအထိ ဆောင်ရွက်လာတယ်။ ဒီလိုမျိုး လေကြောင်းရော၊ ကုန်းကြောင်းရော တာဝေးပစ်လက်နက် ကြီးတွေနဲ့ရော လွန်လွန်ကျူးကျူးကို စစ်ရေးပစ်မှတ်မဟုတ်ဘဲ အရပ် သားအပေါ် ရည်ရွယ်ချက်ရှိရှိ ကျူးလွန်တာတွေက ပိုမိုပြီးရှိလာတယ်။”

ကလေးသူငယ်များ အပါအဝင် အရပ်သားပြည်သူ ၁၀၀ ကျော်အထိ သေဆုံးခဲ့ရသည့် ပဇီကြီးကျေးရွာက စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှု ကျုးလွန်ခဲ့သော ဖြစ်ရပ်မှာ ကုလသမဂ္ဂ အပါအဝင် ကမ္ဘာ့အင်အားကြီး နိုင်ငံအသီးသီးက ပြစ်တင်ရှုတ်ချခဲ့သည်အထိ ဆိုးရွားစွာ ဖြစ်ပွားခဲ့သည်။

သုတေသန အဖွဲ့အစည်းဖြစ်သည့် ISP-Myanmar ၏ အချက်အလက်များ အရ အာဏာသိမ်းကာလ နှစ်နှစ်ကျော် အတွင်း အရပ်သားသေဆုံးမှု ၉,ဝဝဝ နီးပါးရှိလာသည့်အပြင် နေအိမ်အပါအဝင် အဆောက်အအုံများ မီးရှို့ ဖျက် ဆီးခံရမှုလည်း အရေအတွက်အားဖြင့် ရှစ်သောင်းကျော်လာပြီဟု ဆိုသည်။

ကျိုက်ထို တော်လှန်ရေးအင်အားစု KRF စစ်ရေးတာဝန်ခံ ကိုရဲသွေးနီက “နေ့စဉ်နဲ့အမျှ ကျွန်တော်တို့ကို တပ် မဟာ ၁ တပ်ရင်း ၃ နယ်မြေမှာဆိုရင် စကစက ကျွန်တော်တို့ ပတ်လည်မှာ စစ်တပ်တွေရှိတယ်ဗျာ။ အဲဒီက နေ ပြီး နေ့စဉ်နဲ့အမျှ လက်နက်ကြီးပစ်နေတာ ရှိတယ်။ ဒီနေ့လည်း ပစ်တယ်။ ရွာတွေထဲကို ရမ်းသမ်းပစ်တာပေါ့ဗျာ။ အဲ့ဒီလိုဟာမျိုးတွေ အများကြီးရှိတယ်၊ နေ့တိုင်းလိုလို ရှိတယ်။ ပြီးခဲ့တဲ့လက ငှက်ပျောတောဘက်ကို စစ် ကြောင်းထိုးတုန်းက ရွာသားသုံးယောက်ကို သူတို့သတ်ပစ်လိုက်တယ်” ဟု ပြောသည်။

မွန်ပြည်နယ်ရှိ ကျိုက်ထို၊ သထုံနှင့် ဘီးလင်းမြို့နယ်တို့မှာ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် KNLA နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တို့ စစ်ရေးလှုပ်ရှားမှု အားကောင်းသည့် ဒေသဖြစ်သည်။

ထို့အပြင် အမျိုးသားညီညွတ်ရေးအစိုးရ NUG က ၂၀၂၃ ခုနှစ်မှာ တော်လှန်ရေးကို အဆုံးအဖြတ်ပေးမည့် နှစ် အဖြစ် သတ်မှတ်ထားပြီး နှစ်ကုန်ဖို့ လေးလသာကျန်ရှိသည့် အခြေအနေတွင် NUG ကာကွယ်ရေးဝန်ကြီး ဦးရည် မွန်က လာမည့်နှစ်ဆန်းတွင် တော်လှန်ရေးအောင်ပွဲခံပြီဟု ယခုရက်ပိုင်းတွင် ထုတ်ပြောလာသည်။

96 Soldiers - PDF ၏ တာဝန်ခံ ကိုဇေယျာလွင်က “ဒီခြောက်လအတွင်း ထိုးစစ်အနေနဲ့ ကျွန်တော်တို့ဘက်က စုပေါင်းအင်အားနဲ့ပဲ ပူးပေါင်းဆောင်ရွက်ပြီး စခန်းသိမ်းတိုက်ပွဲတွေ ပိုပြီးဆင်နွှဲသင့်တယ်လို့ မြင်တယ်။ အဲဒီ စခန်းသိမ်း တိုက်ပွဲတွေ လုပ်တဲ့အခါမှာ တစ်ဦးတစ်ဖွဲ့နဲ့ လုံးဝမရပါဘူး။ အဲဒါကြောင့် ကျွန်တော်တို့ စုပေါင်း စပ် ပေါင်းပြီးတော့ ပူးပေါင်းဆောင်ရွက်မှု အားကောင်းတဲ့ ဟန်ချက်ညီညီနဲ့ စစ်တပ်ရဲ့အထိုင်စခန်းတွေ၊ ပျူရွာတွေ၊ စစ်ကုန်းတွေကို တပ်ပေါင်းစုသဏ္ဍာန်နဲ့ ဖြစ်ဖြစ် မဟာမိတ်သဏ္ဍာန်နဲ့ ဖြစ်ဖြစ် အချိန်တစ်ခုပေးပြီး ကျွန်တော်တို့ လုပ်ဆောင်ဖို့ လိုအပ်တယ်လို့ ကျွန်တော်တော့ မြင်ပါတယ်” ဟု ပြောသည်။

အာဏာသိမ်းပြီးကတည်းက ယခုနှစ် ဇူလိုင်လအထိ နိုင်ငံတဝန်း တိုက်ပွဲအကြိမ်ရေပေါင်း ၁ သောင်းကျော် လာ နေပြီး တိုက်ပွဲဖြစ်ပွားသည့် မြို့နယ်များလည်း တစ်စထက်တစ်စ ကျယ်ပြန့်လာကာ ယခုနှစ်တွင် ၂၁၁ မြို့နယ် အထိ ဖြစ်လာနေသည်။

ထို့အပြင် စစ်တပ်နှင့် အဖွဲ့ပေါင်းစုံရှိသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကြားက တိုက်ပွဲများလည်း ပိုများလာ သလို ယခုနှစ်ထဲ EAO များ၊ PDF များ ပူးတွဲစစ်ဆင်ရေးကလည်း ပိုများလာတယ်သည်ဟု ISP-Myanmar က ထုတ်ပြန်ထားသည်။

Most read this week

December 19, 2025
မွန်ပြည်နယ်တောင်ပိုင်းက စစ်ရေးလှုပ်ရှားမှု အများဆုံးဒေသဖြစ်တဲ့ ရေးမြို့နယ်မှာ စစ်ကော်မရှင်က...
December 18, 2025
တနင်္သာရီတိုင်း ကော့သောင်းမြို့နယ်မှာ ပြီးခဲ့တဲ့တစ်ပတ်အတွင်း လူငယ် ၁၀၀ ကျော်ကို စစ်ကော်မ...
Photo credit - MOI
December 17, 2025
နိုင်ငံတဝန်းမှာ စစ်ကော်မရှင် ပြုလုပ်မယ့် ရွေးကောက်ပွဲအား နှောင့်ယှက်ဟန့်တားမှုကြောင့် လူပေါင်း...
December 16, 2025
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်မှာ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ကြမယ့် ကိုယ်စားလှယ်လောင်းတွေရဲ့...