ဒေါ်လာနဲ့ရွှေဈေး ဂယက်ကြောင့် မွန်ပြည်နယ်က အိမ်ခြံမြေများအပေါ် ရင်းနှီးမြှုပ်နှံသူ ပိုများလာ

ဒေါ်လာနဲ့ရွှေဈေး ဂယက်ကြောင့် မွန်ပြည်နယ်က အိမ်ခြံမြေများအပေါ် ရင်းနှီးမြှုပ်နှံသူ ပိုများလာ
ဓာတ်ပုံ-CJ
ဓာတ်ပုံ-CJ

စစ်တပ်အာဏာသိမ်းမှု ၂ နှစ်ခွဲကျော်နီးပါးကာလအတွင်း တစ်စထက်တစ် ထိုးတက်လာတဲ့ ပြည်တွင်းဒေါ် လာနဲ့ ရွှေဈေးကြောင့် မွန်ပြည်နယ်၊ မော်လမြိုင်မြို့အတွင်းက အိမ်ခြံမြေဈေးကွက် အရောင်းသွက်လာတယ်လို့ အကျိုးဆောင်တွေရဲ့ ပြောပြချက်အရ သိရပါတယ်။

ပြီးခဲ့တဲ့ ဇွန် ၂၁ ရက်နေ့မှာ စစ်ကောင်စီထိန်းချုပ်ထားတဲ့ ဘဏ် ၂ ခုအပေါ် အမေရိကန်အစိုးရက ပိတ်ဆို့ အရေး ယူမှု ချမှတ်လိုက်ပြီးနောက် တစ်ဒေါ်လာကို မြန်မာကျပ်ငွေ ၃၂၀၀ ကျော်နဲ့ အခေါက်ရွှေတစ်ကျပ်သား ၃၂ သိန်း ကျပ်အထိ ဈေးနှုန်းထိုးတက်လာသလို ဈေးနှုန်းမတည်ငြိမ်မှုတွေလည်း ဖြစ်ပေါ်နေတာပါ။

ဒီအခြေအနေတွေကြောင့် ငွေကြေးတတ်နိုင်သူတွေက မော်လမြိုင်မြို့အတွင်းရှိ အိမ်ခြံမြေဈေးကွက်အပေါ် ရင်းနှီးမြှုပ်နှံလာကြတယ်လို့ အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

“ရွှေနဲ့ဒေါ်လာက ဆက်စပ်မှုရှိနိုင်တာပေါ့။ ဒါပေမယ့် အိမ်ခြံမြေမှာကျတော့ ဆက်စပ်မှုမရှိဘူးဆိုပေမယ့် ရွှေ တွေနဲ့ပတ်သက်ပြီး စိုးရိမ်စိတ်နဲ့ အိမ်ခြံမြေဘက်ကို လှည့်လိုက်တာပေါ့။ ရင်းနှီးမြှုပ်နှံမှုကို အဲဒီဘက်ကို မထား တော့ဘဲနဲ့ တက်တဲ့အပေါ် ကစားတဲ့အပေါ် မူတည်ပြီး စိုးရိမ်စိတ်နဲ့ အိမ်ခြံမြေဘက်ကိုပြန်ပြီး ရင်းနှီးမြှုပ်နှံတဲ့ သဘောပါပဲ” လို့ သူကပြောပါတယ်။

လက်ရှိမှာ မော်လမြိုင်မြို့အတွင်းရှိ အိမ်ခြံမြေဈေးကွက်အတွင်း မြေတစ်ကွက်ကို သိန်း ၅၀ ကျပ်အထိ ဈေးနှုန်း မြင့်တက်လာနေသလို သိန်းတစ်သောင်းတန်နဲ့ သိန်းရှစ်ထောင်တန် မြေကွက်တွေလည်း ဝယ်ယူလာကြတယ်လို့ သူကဆက်ပြောပါတယ်။

အာဏာသိမ်းကာလအတွင်း စစ်ကောင်စီ ဩဇာခံ ဗဟိုဘဏ်ရဲ့ နိုင်ငံခြားငွေ ကန့်သတ်ချက်တွေကြောင့် ဒေါ်လာနဲ့ ရွှေဈေးနှုန်း ဆက်တိုက်မြင့်တက်လာတာ၊ ဈေးကွက် မတည်ငြိမ်မှုတွေကြောင့် အိမ်ခြံမြေတွေ ဝယ်ယူ စုဆောင်းတာနဲ့ ရင်းနှီးမြုပ်နှံတာတွေ ပိုများလာခဲ့တာပါ။

နောက်ထပ် အကျိုးဆောင်တစ်ဦးကလည်း လတ်တလောမှာ အိမ်ခြံမြေ အရောင်းအဝယ်ပိုသွက်လာသလို နယ် ဘက်က ငွေကြေးတတ်နိုင်တဲ့သူတွေ လာတက် ဝယ်ကြတာများတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

မွန်ပြည်နယ်ရဲ့ အိမ်ခြံမြေ ဈေးကွက်မှာတော့ မော်လမြိုင်မြို့၊ မြိုင်သာယာရပ်ကွက်မှာ ပေ ၄၀/၆၀ တစ်ကွက်ကို သိန်း ၅၀၀ ကနေ ၇၀၀ ဝန်းကျင်အထိ ရှိသလို ပေ ၆၀/၈၀ တစ်ကွက်ကိုလည်း သိန်း ၁၈၀၀ ကနေ ၂၀၀၀ ကျပ် အထိ ပေါက်ဈေးရှိလာခဲ့တာ ဖြစ်ပါတယ်။

ဓာတ်ပုံ-CJ
February 5, 2026
မွန်ပြည်နယ် မော်လမြိုင်မြို့ရှိ မုပွန်ရပ်ကွက်မှာ ကျူးကျော်အကြောင်းပြချက်နဲ့ နေအိမ် ၂၀ ကျော်ကို...
ဓာတ်ပုံ-YGF
February 4, 2026
မွန်ပြည်နယ် ရေးမြို့နယ် ကျောင်းရွာအခြေစိုက် စစ်ကော်မရှင်ရဲ့ အမှတ် ၅၉၁ ခြေမြန်တပ်ရင်းကို...
February 3, 2026
တနင်္သာရီတိုင်း ပုလောမြို့နယ် ရှပ်ပုံကျေးရွာမှာ စစ်ကော်မရှင်တပ်ရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့်...
February 2, 2026
အာဏာသိမ်း စစ်အုပ်စုဟာ မွန်လူငယ်တွေကို စစ်မှုထမ်းဥပဒေအရ စစ်တပ်ထဲ အတင်းသွင်းပြီး စစ်သင်တန်းပေးကာ...