မိုးဗြဲကျေးရွာအုပ်စုအတွင်း လက်နက်ကြီးကျတဲ့အတွက် အသက်(၅၀)ကျော် အမျိုးသားတစ်ဦး ပွဲချင်းပြီးသေဆုံး၊ (၄)ဦး ဒဏ်ရာရ

မိုးဗြဲကျေးရွာအုပ်စုအတွင်း လက်နက်ကြီးကျတဲ့အတွက် အသက်(၅၀)ကျော် အမျိုးသားတစ်ဦး ပွဲချင်းပြီးသေဆုံး၊ (၄)ဦး ဒဏ်ရာရ

မိုးဗြဲအခြေစိုက် ခမရ (၄၂၂) တပ်ကနေ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ယမန်နေ့(ဧပြီ ၂ရက်)က မိုးဗြဲကျေးရွာအုပ်စု အရှေ့ဖက်ကမ်း ကျေးရွာတွေထဲ လက်နက်ကြီး ကျရောက်ခဲ့ပြီး အသက်(၅၀) ကျော် အမျိုးသားတစ်ဦး ပွဲချင်းပြီးသေဆုံးခဲ့ပြီး လူငယ်တစ်ဦးနဲ့ လူကြီးလေးဦး ထိခိုက်ဒဏ်ရာပြင်းထန် ရရှိခဲ့တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) တပ်ရင်း (၃) က ယမန်နေ့က သတင်းထုတ်ပြန်ပါတယ်။

ဧပြီ(၂)ရက်နေ့ မနက်(၇)နာရီဝန်းကျင်လောက်မှာ လက်နက်ကြီးရမ်းသမ်းပစ်ခတ်နေခဲ့တာဖြစ်ပြီး ကျေးရွာတွေထဲ လက်နက်ကြီး (၅) လုံးထက်မနည်း ကျရောက်ပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။

လက်နက်ကြီးပစ်ခတ်မှုကြောင့် ကျေးရွာဘုရားကျောင်းတစ်ကျောင်း နဲ့ လူနေအိမ်တချို့ လက်နက်ကြီးစ ထိမှန်ပျက်စီးခဲ့ပါတယ်။

စစ်ကောင်စီတပ်မှ စစ်ကြောင်းထိုးဖို့ ပြင်ဆင်တဲ့အနေနဲ့ ကျေးရွာတွေထဲကို တဖက်သတ်လက်နက်ကြီး ရမ်းသမ်းပစ်ခတ်နေတာဖြစ်တယ်လို့ KNDFတပ်ရင်း(၃)က ဆိုပါတယ်။ ပြည်သူလူထုတွေအနေနဲ့လည်း သတိထားသွားလာနေထိုင်ကြဖို့ တိုက်တွန်းထားပါတယ်။

ကန္တာရဝတီတိုင်း(မ် ) ရဲ့ လက်လှမ်းမီသလောက် ကောက်ယူထားတဲ့ စာရင်းအရ မတ်လ တစ်လအတွင်း ကရင်နီပြည်မှာ လက်နက်ကြီးကြောင့် ထိခိုက်ဒဏ်ရာရရှိတဲ့ အရပ်သား ၁၄ ဦးရှိနေပါတယ်။ လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရသူ ရှိသလို သေဆုံးသူ ၅ ဦး ရှိခဲ့ပါတယ်။ အရပ်သား၃ဦးဟာလည်း စစ်ကောင်စီရဲ့ ဖမ်းဆီး သတ်ဖြတ်ခြင်း ခံခဲ့ရပါတယ်။

Most read this week

September 4, 2026
မြန်မာနိုင်ငံတစ်ဝှမ်းတွင် ပြီးခဲ့သည့် ဩဂုတ်လအတွင်း စစ်အုပ်စုတပ်၏ တိုက်ခိုက်မှုများကြောင့်...
September 3, 2026
ကရင်နီပြည်နှင့် ရှမ်းပြည်နယ် (တောင်ပိုင်း) ဒေသတို့တွင် လာမည့် စက်တင်ဘာလ ၆ ရက်နှင့် ၇...
လွိုင်ကော်မြို့ နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးတွင် လာရောက်လျှောက်ထားသူများကို ၂၀၂၂ ခုနှစ်က တွေ့ရစဉ် / ပုံဟောင်း
September 3, 2026
စစ်အုပ်စုတပ် ထိန်းချုပ်ထားသည့် ကရင်နီပြည်၊ လွိုင်ကော်မြို့တွင် နိုင်ငံကူးလက်မှတ် (Passport)...
September 2, 2026
စစ်တပ်က အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ် နွေဦးတော်လှန်ရေးကာလတွင် ဖွဲ့စည်းခဲ့သည့် ကရင်နီအမျိုးသား...