အချက်အလက်မမှန်တဲ့ ဖုန်းဆင်းမ်ကတ်တွေကို ရက် ၉၀ အတွင်း အပြီးပိတ်သိမ်းမယ်လို့ စစ်ကောင်စီ ကြေညာ

အချက်အလက်မမှန်တဲ့ ဖုန်းဆင်းမ်ကတ်တွေကို ရက် ၉၀ အတွင်း အပြီးပိတ်သိမ်းမယ်လို့ စစ်ကောင်စီ ကြေညာ

နိုင်ငံသားစိစစ်ရေးကတ် အချက်အလက်အမှန်နဲ့ လာရောက်ပြင်ဆင် မှတ်ပုံတင်ခြင်းမရှိတဲ့ မိုဘိုင်း ဖုန်းဆင်းမ်ကတ်တွေကို ရက်ပေါင်း ၉၀ အတွင်း အပြီးပိတ်သိမ်းသွားမယ်လို့ စစ်ကောင်စီ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ကြေညာပါတယ်။

မိုဘိုင်းဖုန်းဆင်းမ်ကတ်တွေ မှတ်ပုံတင်တဲ့အခါ ဖြည့်စွက်ရမယ့် အမည်၊ နိုင်ငံသားစိစစ်ရေးကတ်အမှတ် (မှတ်ပုံတင်နံပါတ်) စတဲ့ အချက်အလက်တွေကို လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာနရဲ့ National Database မှာရှိတဲ့ အချက်အလက်တွေနဲ့ တိုက်ဆိုင်စစ်ဆေးတာတွေ လုပ် ဆောင်နေတယ်လို့ ဆိုပါတယ်။

အချက်အလက်မမှန်တဲ့ နိုင်ငံသားစိစစ်ရေးကတ်တွေနဲ့ မှတ်ပုံတင်ထားတဲ့ ဆင်းမ်ကတ်သုံးစွဲသူတွေထံ ရက်ပေါင်း (၃၀) အတွင်း မှန်ကန်စွာပြန်လည်မှတ်ပုံတင်ဖို့ အသိပေးစာတို (SMS)တွေ ပေးပို့သွားမယ်လို့ ဆိုပါတယ်။

SMS တွေရရှိပြီး နိုင်ငံသားစိစစ်ရေးကတ်အမှန်နဲ့ ပြန်လည်ပြင်ဆင်မှတ်ပုံတင်ခြင်းမရှိတဲ့ ဖုန်းဆင်းမ်ကတ်တွေကို One Way Block အထွက်ခေါ်ဆိုမှု၊ အထွက်စာတိုပေးပို့မှုနဲ့ ဒေတာအသုံးပြုမှု ရပ်ဆိုင်းတာတွေ လုပ်ဆောင်မယ်လို့ စစ်ကောင်စီက သတိပေးထားပါတယ်။

အဲဒီလို One Way Block ဆောင်ရွက်ထားတဲ့ အချိန်ကစပြီး ရက်ပေါင်း (၉၀) အတွင်း နိုင်ငံသားစိစစ်ရေးကတ် အချက်အလက်အမှန်နဲ့ လာရောက်ပြင်ဆင် မှတ်ပုံတင်ခြင်းမရှိတဲ့ ဖုန်းဆင်းမ်ကတ်တွေကို အပြီးပိတ်သိမ်းသွားမယ်လို့ မတ် ၁၄ ရက်နေ့မှာ ထုတ်ပြန်လာတာပါ။

စစ်ကောင်စီရဲ့လုပ်ရပ်ဟာ တော်လှန်ရေးမှာပါဝင်နေသူတွေရဲ့ အချက်အလက်တွေကို ရယူဖို့ ကြိုးစားတာဖြစ်တယ်လို့ နည်းပညာကျွမ်းကျင်သူတွေက သုံးသပ်ထားပါတယ်။

ပြည်တွင်းဆက်သွယ်ရေး အော်ပရေတာတွေရဲ့ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာ SIM Card အမျိုးမျိုး သုံးစွဲသူ (၆၃) သန်းကျော်ရှိနေတယ်လို့သိရပြီး လက်ရှိမှာတော့ ပြည်တွင်းဖုန်းအော်ပရေတာတွေကို စစ်တပ်ကထိန်းချုပ်ထားတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ် နိုဝင်ဘာမှာလည်း ဖုန်းဆင်းမ်ကတ် သုံးစွဲသူတွေအနေနဲ့ ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၃၁ ရက်နေ့အထိ မှတ်ပုံတင်ထားခြင်း ရှိ၊ မရှိ တိုက်ဆိုင်စစ်ဆေးပြီး ပြင်ဆင်ကြဖို့နဲ့ ပြင်ဆင်ထားခြင်းမရှိတဲ့ ဖုန်းဆင်းမ်ကတ်တွေကို အပြီးပိတ်သိမ်းသွားမယ်လို့ ထုတ်ပြန်ခဲ့ပါသေးတယ်။

ဓာတ်ပုံ – MPU
September 11, 2026
အာဏာသိမ်းမှုကို အရင်းခံ၍ စစ်အုပ်စုတပ် ဦးဆောင်ကျင်းပခဲ့သည့် အပိုင်းလိုက် ရွေးကောက်ပွဲမှ ပေါ်ပေါက်...
ဓါတ်ပုံ – NUG
September 10, 2026
မဏ္ဍိုင်သုံးခုဖြင့် ဖွဲ့စည်းတည်ထောင်ထားသည့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်...
September 9, 2026
ပြည်သူ့စစ်မှုထမ်း အပတ်စဉ်သင်တန်းအတွက် လိုအပ်သည့် တပ်သားများ ရရှိရေး ပေါ်တာဆွဲမှုများ မြင့်တက်...
ဒေသတွင်း သယ်ယူပို့ဆောင်နေသည့် ကုန်တင်မော်တော်ယာဉ်အချို့ / Social Media
September 8, 2026
မွန်ပြည်၊ ကျိုက်မရောမြို့နယ်တွင် ထိုင်းကုန်ပစ္စည်းများ တင်ဆောင်လာသည့် မော်တော်ယာဉ် အစီး ၆၀...