လက်နက်ကြီးကြောင့် ကလေး ၂ ဦးသေ။ ၂ ဦး ဒဏ်ရာရ

လက်နက်ကြီးကြောင့် ကလေး ၂ ဦးသေ။ ၂ ဦး ဒဏ်ရာရ

စစ်ကောင်စီတပ်၏ လက်နက်ကြီးကြောင့် သထုံမြို့နယ်က ကလေး ၂ ဦးသေဆုံး၊ ၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည် ဟု ဒေသခံများက ပြောသည်။

မတ်လ ၈ ရက်နေ့ နံနက်ပိုင်းက မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ကျုံမိန်ကျေးရွာထဲ စစ်ကောင်စီတပ်က လက်နက် ကြီးဖြင့် ပစ်ခတ်ခဲ့ခြင်းကြောင့် ကလေး ၂ ဦးသေဆုံးပြီး၊ ၂ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ခြင်း ဖြစ်သည်။

သထုံဒေသခံတစ်ဦးက “ကျုံမိန်ရွာထဲကို လက်နက်နဲ့ ပစ်တာ၊ ဘာတိုက်ပွဲမှလည်းမရှိဘူး။ လက်နက်ကြီးကျကွဲ လို့ ရွာက ကလေး ၂ ဦးကတော့ ပွဲချင်းပြီး ဆုံးသွားတယ်၊ ကလေးနောက်တစ်ယောက်က ဒဏ်ရာရတယ်၊ လူကြီးလည်း တစ်ဦးထိတယ်” ဟု ပြောသည်။

ထိုနေ့ နံနက် ၇ နာရီခွဲအချိန်ခန့်က သထုံမြို့နယ်အခြေစိုက် စစ်ကောင်စီခြေလျင်တပ် ခလရ-၂၄ တပ်ရင်းမှ ကျုံမိန်ကျေးရွာထဲသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။

စစ်ကောင်စီတပ်က ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်ကြောင့် ကျုံမိန်ကျေးရွာနေ အသက် ၇ နှစ်အရွယ်နှင့် အသက် ၁၃ နှစ်အရွယ် ကလေး ၂ ဦး ပွဲချင်းပြီး သေဆုံးသွားပြီး၊ အသက် ၉ နှစ်အရွယ် ကလေးတစ်ဦးနှင့် အသက် ၅၀ နှစ်အရွယ် အမျိုးသမီးတစ်ဦး ပြင်းထန် ဒဏ်ရာများ ရရှိခဲ့သည်။

လက်နက်ကြီးကျည် ထိမှန်ဒဏ်ရာရရှိခဲ့သည့် ကလေးတစ်ဦးနှင့် အမျိုးသမီးတစ်ဦးကို ကရင်အမျိုးသား အစည်း အရုံး KNU တပ်မဟာ(၁) ရှိ ဆေးပေးခန်းသို့ ပို့ဆောင်ကာ ဆေးကုသမှု ခံယူနေရသည်ဟုလည်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

ပြီးခဲ့သည့် ဇန္နဝါရီလအတွင်းကလည်း သထုံမြို့နယ်အတွင်း စစ်ကောင်စီတပ်က ပစ်ခတ်လိုက်သည့် လက်နက် ကြီး ကျည်ကျရောက်ပေါက်ကွဲမှုကြောင့် ဒေသခံ ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သေးသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် သထုံမြို့နယ်အခြေစိုက် စစ်ကောင်စီတပ်ရင်းများ ကျေးရွာထဲ လက်နက်ကြီး ဖြင့် ပစ်ခတ်မှုများ ဆက်တိုက်ပြုလုပ်လာနေခြင်း ဖြစ်သည်။

ထိုသို့ စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့မှုများကြောင့် အရပ်သား ထိခိုက်သေဆုံးသူ ၁၀ ဦးထက် မနည်းရှိသည်ဟု ဒေသခံများက ပြောသည်။

September 11, 2026
မန္တလေးမြို့၊ တံတားဦး လေတပ်စခန်းအတွင်း ရပ်နားထားသည့် စစ်အုပ်စု၏ တိုက်လေယာဉ်များကို တော်...
September 11, 2026
တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ မောတောင်မြို့တွင် "သင်္ဂဟမိတ္တ" နာရေးကူညီမှုအသင်းပိုင်...
September 11, 2026
အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် နယ်မြေ နေရာ ၅ ခုကို စစ်အုပ်စုတပ်က "၄၉၂၆ စစ်ဆင်ရေး"...
September 10, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နှင့် ပုဏ္ဏားကျွန်းမြို့နယ် နယ်စပ်တွင် စစ်အုပ်စုတပ်၏ “၄၉၂၆ စစ်ဆင်ရေး”...