နိုင်ငံလုံးဆိုင်ရာအပစ်ရပ်စာချုပ်ချုပ်ဆိုရေး မူအားဖြင့်သဘောတူညီ

နိုင်ငံလုံးဆိုင်ရာအပစ်ရပ်စာချုပ်ချုပ်ဆိုရေး မူအားဖြင့်သဘောတူညီ
ဝံသမွန် – မြန်မာအစိုးရကိုယ်စားလှယ်အဖွဲ့နှင့် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများ၏ NCA အဆင့်မြင့်ညှိနှိုင်းရေးကိုယ်စားလှယ်အဖွဲ့(SD)တို့ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၌ ဇူလိုင်လပထမပတ်အတွင်းပြုလုပ်ခဲ့သော ကြိုတင်ညှိနှိုင်းဆွေးနွေးပွဲတွင် လက်ရှိအစိုးရ၏ သက်တမ်းကာလအတွင်း နိုင်ငံလုံးဆိုင်ရာအပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်ချုပ်ဆိုရန် မူအားဖြင့်သဘောတူညီမှုရရှိကြောင်း သဘောထားထုတ်ပြန်ကြေညာချက်အရ သိရသည်။

တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ၏ NCA အဆင့်မြင့်ညှိနှိုင်းရေးကိုယ်စားလှယ်အဖွဲ့(Senior Delegation For NCA-SD) ၏ ဒုတိယအကြိမ်အစည်းအဝေးကို ချင်းမိုင်မြို့၌ ဇူလိုင်လ ၂ ရက်နေ့မှ ၅ ရက်နေ့အထိကျင်း ပနေစဉ် မြန်မာအစိုးရကိုယ်စားလှယ်အဖွဲ့နှင့် ၂ ရက်တာကြိုတင်ညှိနှိုင်းဆွေးနွေးပွဲပြုလုပ်ခဲ့ပြီး သဘောတူညီမှုရရှိခြင်း ဖြစ်သည်။

မြန်မာ့ငြိမ်းချမ်းရေးစင်တာ MPC အကြီးတန်းအရာရှိ ဦးလှမောင်ရွှေက “ ဒီ NCA လက်မှတ်ရေးထိုးဖို့ ကိစ္စနဲ့ပတ်သက်ပြီးတော့ လာမယ့်ဇူလိုင်လ တတိယပတ်လောက်မှ ရန်ကုန်မြို့မှာ ဆက်လက်ဆွေးနွေးဖို့ရှိသေးတယ်” ဟု လွတ်လပ်သော မွန်သတင်းအေဂျင်စီ IMNA သို့ ပြောသည်။

အဆိုပါမူအားဖြင့်သဘောတူညီမှုသည် အပြုသဘောဆောင်သော ဆုံးဖြတ်ချက်ဖြစ်သည့်အတွက် မကြာမီရန်ကုန်မြို့ တွင် ပြုလုပ်မည့်ဆွေးနွေးပွဲပြီးမှသာ အတည်ပြုနိုင်မည်ဖြစ်ကြောင်း သူကဆက်ပြောသည်။

SD ဒုတိယအဖွဲ့ခေါင်းဆောင်(၂) ပူးဇင်ကျုံးကလည်း ယခုဆွေးနွေးပွဲသည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အောင်မြင် ရေးအတွက် အပြုသဘောဆောင်ပြီး အောင်မြင်သည့် ဆွေးနွေးပွဲဟု အစည်းအဝေးအပြီးတွင် သတင်းထောက်များအား ရှင်းပြခဲ့သည်။

သို့ရာတွင် လော်ခီးလာထိပ်သီးညီလာခံမှ တိုုင်းရင်းသားများ တောင်းဆိုထားသော အချက် ၁၂ ချက်အနက် အခန်း (၃) အပိုဒ် (၉)-(ဇ) ပါ “ဥပဒေနှင့်အညီ” ဟူသည့်စာသားပယ်ဖျက်ရန်နှင့် အခန်း (၅) အပိုုဒ် ၂ဝ (ဂ) ပါ လုံခြံုရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းခြင်း ကိစ္စရပ်များဆိုရာတွင် “လုံခြံုရေးဆိုုင်ရာ ကိစ္စရပ်များ” ဟု ပြင်ဆင်မည့်ကိစ္စအပါအဝင် အချက် ၆ ချက်ကို တပ်မတော်ဘက်က လက်ခံနိုင်မည်မဟုုတ်ကြောင်း ဝန်ကြီး ဦးအောင်မင်းက ဆွေးနွေးခဲ့သည်ဟု သိရသည်။

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ထပ်သီးခေါင်းဆောင်များ တက်ရောက်ခဲ့သော လော်ခီးလာညီလာခံက တစ်နိုင်ငံလုံးအပစ်အခတ် ရပ်စဲရေး စာချူပ်မူကြမ်း ပြင်ဆင်ဖြည့်စွက်ချက် ၁၂ ချက်အပါအဝင် ဆုံုးဖြတ်ချက် ၉ ချက်ကို မြန်မာငြိမ်းချမ်းရေးစင်တာ MPC ဦးလှမောင်ရွှေ ဦးဆောင်တဲ့အဖွဲ့မှတဆင့် မြန်မာအစိုုးရထံ ပေးအပ်ထားပြီး ဖြစ်သည်။

တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ် NCA စာချုပ်မူချော အပြီးသတ်ရေးဆှဲနိုင်ရေးအတွက် အဖှဲ့ခေါင်းဆောင်အဖြစ် KNU ကရင်အမျိုးသားအစည်းအရုံး ဒုတိယ ဥက္ကဌ နော်စီဖိုးရာစိန် ပါဝင်သော အဖှဲ့ဝင် ၁၅ ဦးပါ အဆင့်မြင့်ညှိနှိုင်းရေး ကိုယ်စားလှယ်အဖှဲ့(Senior Delegation For NCA-SD) ကို ဇွန်လပထမတွင် ကျင်းပသော လော်ခီးလာညီလာခံမှ ဖှဲ့စည်းခဲ့သည်။

ပုံ – ပေးပို့
January 26, 2026
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၏  မြို့နယ်လုံးဆိုင်ရာ မွန်အမျိုးသားနေ့အခမ်းအနားကို...
January 24, 2026
ထိုင်းနိုင်ငံတစ်ဝှမ်းရှိ မြန်မာအပါအဝင် နိုင်ငံခြားသားရွှေ့ပြောင်းအလုပ်သမားများကို ထိုင်းအစိုးရက...
မော်လမြိုင် မြို့ပေါ်ရှိ ဘိုးဘွားရိပ်သာများဟု တုပထားသည့် အကောင့်အတုများ
January 23, 2026
လူမှုကွန်ရက်စာမျက်နှာ(Facebook) မှတစ်ဆင့် မိဘမဲ့ဂေဟာ၊ ဘိုဘွားရိပ်သာ၊ လူမှုကူညီရေးအသင်းများနှင့်...
January 22, 2026
ကရင်နီပြည်နယ်၊ မယ်စဲ့မြို့နယ်ရှိ အကျဉ်းထောင်မှ ထွက်ပြေးသွားသော စစ်ကော်မရှင်တပ်သား...