နောင်ချိုလူထုသပိတ်ပါဝင်သည့် လူငယ်၂ဦးကို စစ်ကောင်စီက ကားဖြင့်တိုက်ပြီး၊ ရိုက်နှက်ဖမ်းဆီး

နောင်ချိုလူထုသပိတ်ပါဝင်သည့် လူငယ်၂ဦးကို စစ်ကောင်စီက ကားဖြင့်တိုက်ပြီး၊ ရိုက်နှက်ဖမ်းဆီး

သျှမ်းပြည်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်၊ ဆမ္မဆယ်ကျေးရွာ စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြသည့် လူထုသပိတ် အပြီးတွင် ဆိုင်ကယ်နှင့် လူစုခွဲလာသော လူငယ်၂ဦးကို အကြမ်းဖက်စစ်ကောင်စီ က အရပ်သားကားဖြင့် တိုက်ပြီး ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သတင်းရရှိသည်။

အကြမ်ဖက် အာဏာသိမ်း စစ်ကောင်စီ မှ ကားဖြင့်တိုက်လိုက်ပြီးဖမ်းသွားသည့် လူငယ် ၂ဦမှာ ကိုညီညီ နှင့် ကိုအောင်ခန့်မင်းတို့ဖြစ်ပြီး၊ ယာဉ်တိုက်ခံရသည့်အတွက် ကိုအောင်ခန့်မင်း သည် မထနိုင်တော့ကြောင်း မျက်မြင်သက်သေ တဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“သူတို့နှစ်ယောက် ဆိုင်ကယ်သွားရပ်တဲ့ အိမ်က ဆမ္မဆယ် ကျေးရွာအုပ်စု စာရေးမရဲ့ အကိုအိမ်၊ သူက ကြံ့ခိုင်ရေးက။ လူစုခွဲပြီး သူတို့ ၂ ယောက်က ဆိုင်ကယ် ပြန်လာယူပြီး ထွက်တဲ့အချိန်မှာ ရဲ၊စစ်သားတွေက အရပ်သားကားနဲ့ တိုက်ချတယ်။ နောက် ရိုက်နှက်ပြီး ခေါ်သွားတာ’ မျက်မြင်တွေ့ရှိသူတဦးက ပြောသည်။

လက်ရှိကြားသိရသည့် သတင်းအရ ကိုအောင်ခန့်မင်းနှင့် ကိုညီညီကို နောင်ချို့မြိုု့နယ်ရှိ အမှတ် ၆၀၆ ဒုံးတပ်ရင်းသို့ စစ်ဆေးရန် ခေါ်ဆောင်သွားကြောင်း သိရသည်။

နောင်ချို မြို့နယ်တွင် လူထုဆန္ဒပြမှုများ မပြုလုပ်နိုင်စေရန် အတွက် အကြမ်းဖက် စစ်ကောင်စီ က လုံခြုံရေး ကားတန်းများစဉ်ဆက်မပြတ် နောင်ချိုမြို့နယ် အတွင်း လှည်ပတ်နေရာယူနေသည်မှာ တပတ်ကျော်ရှိလာပြီဖြစ်ကြောင်းသိရသည်။

ထို့ကြောင့် နောင်ချိုလူထုများ ပြောက်ကျားသပိတ်၊ ဆိုင်ကယ်သပိတ်၊ လူမဲ့သပိတ်၊ အာရုံဦးသပိတ် စသည်ဖြင့် လုပ်နိုင်သော နည်းလမ်းမှန်သမျှဖြင့် ဆန္ဒထုတ်ဖော်လျှက်ရှိသည်။

ကျေးရွာ သပိတ်များကိုလည်း ရွာအလိုက် ပြုလုပ်လျှက်ရှိကာ ယနေ့ ပြုလုပ်သည့် ဆမ္မဆယ်ကျေးရွာ သပိတ်တွင် နောင်ချိုမှ သွားရောက်သည့် လူငယ်နှစ်ဦးကို အကြမ်းဖက် ဖမ်းစီးခံရခြင်း ဖြစ်ကြောင်းသိရသည်။

May 16, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် မိုးဗြဲ-ဖယ်ခုံ လမ်းပိုင်းတကြောကို စစ်ကော်မရှင်တပ်...
May 15, 2026
သျှမ်းပြည်အရှေ့ပိုင်း မက်မန်းမြို့နယ်အတွင်းရှိ သံလွင်မြစ်အနီးတွင် အွန်လိုင်းလိမ်လည်လောင်းကစားမှု...
May 14, 2026
မန္တလေး- မြစ်ကြီးနား ဗျူဟာလမ်းပိုင်းတစ်လျှောက်ကို စစ်တပ်က အပြည့်အဝပြန်လည်...
May 14, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် အရှေ့ပိုင်း ကျိုင်းတုံမြို့ နှင့် မိုင်းဖြတ်မြို့ကြား...