အောင်ပန်း သပိတ်စစ်ကြောင်း ၂ဦး ကျည်ထိ ကျဆုံး၊ ဒဏ်ရာရသူအများအပြားရှိ

အောင်ပန်း သပိတ်စစ်ကြောင်း ၂ဦး ကျည်ထိ ကျဆုံး၊ ဒဏ်ရာရသူအများအပြားရှိ

သျှမ်းပြည်မြောက်ပိုင်း အောင်ပန်းမြို့ ယနေ့ (မတ် ၁၉ )ရက် မနက်ပိုင်းတွင် လူထုသပိတ် စစ်ကြောင်း ကို စစ်ကောင်စီ မှ သေနတ်ပစ် ဖြိုခွင်းမှုကြောင့် ပြည်သူ ၂ဦး ကျဆုံးသွားကြောင်း သတင်းရရှိသည်။

ယနေ့(မတ် ၁၉ )ရက် မနက်ပိုင်းတွင် အောင်ပန်းလူထုသပိတ်စစ်ကြောင်း ကို စစ်ကောင်စီ ၏ လက်နက်ကိုင်တပ်ဖွဲ့ က ကျည်အစစ်၊ အသံမိုင်း၊ မျက်ရည်ယိုဗုံးတို့ဖြင့် ပစ်ခတ်ဖြိုခွင်းမှုကြောင်း အမျိုးသား ၂ဦး ကျဆုံးသွားပြီး ၊ ထိခိုက်ဒဏ်ရာသအများအပြားရှိကြောင်း အောင်ပန်း ဆန္ဒပြသူတဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“ ကျည်ထိတာ ၃ယောက်၊ တယောက်ကတော့ ပွဲချင်းပြီးဆုံးတာ။ သေဆုံး တဦးက ဆီးအိမ်ထိ၊ တဦးကတော့ လည်ပင်းထိတယ်။ လောဆယ်တော့ အဖမ်းခံရတဲ့သူ ၇ဦးရှိတယ်။ လူနာတင်ယာဉ်တွေလည်း ဝင်လို့မရသေးဘူး” လို့ ဖြစ်စဉ်ကို မျက်မြင်တွေ့သူ က ဆက်လက်ပြောသည်။

တချို့ သတင်းမီဒီယာများတွင် ကျဆုံးသူ ၇ဦးရှိပြီး၊ ဒဏ်ရာရရှိသူ (၂၀) ဦးရှိကြောင်း ရေးသားဖော်ပြထားသည်။

အောင်ပန်း သတင်းနှင့် ပတ်သက်ပြီး ဆက်လက်မေးမြန်းကာအသေးစိတ်ကို ဖော်ပြသွားပါမည်။

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...