တောင်ကြီး Heart Rock Cafe ပိုင်ရှင် ဖမ်းဆီးခံရ

တောင်ကြီး Heart Rock Cafe ပိုင်ရှင် ဖမ်းဆီးခံရ

သျှမ်းတောင် တောင်ကြီး ပြည်တော်သာရပ်ကွက် ကြံ့ခိုင်ရေးလမ်းရှိ Heart Rock Cafe ပိုင်ရှင် ဦးသန်းဦး ကို ယနေ့ (မတ် ၁၆)ရက် ညနေပိုင်း တွင် စစ်ကောင်စီ လက်နက်ကိုင်တပ်ဖွဲ့မှ ဝင်ရောက်ဖမ်းဆီးသွားကြောင်း သတင်းရရှိသည်။

ယနေ့ (မတ် ၁၆)ရက် ညနေ ၅နာရီခန့်တွင် စစ်ကောင်စီ လက်နက်ကိုင်တပ်ဖွဲ့ က Heart Rock Cafe ဆိုင်အတွင်းဝင်ရောက်လာပြီး၊ ဆိုင်ပိုင်ရှင် ဦးသန်းဦးအား ဖမ်းဆီးသွားကြောင်း၊ ဖမ်းဆီးရသည့်အကြောင်းရင်း အသေးစိတ်ကို မသိရှိသေးကြောင်း တောင်ကြီး ဒေသခံများက ပြောသည်။

“ ညနေ ၅နာရီခန့် က ရဲ၊စစ်သားတွေ Heart Rock Cafe ဆိုင်ကို ဝင်လာတယ်။ ပြီးတော့ ဦးသန်းဦးကို ဖမ်းဆီးသွားတယ်။ ကျနော်တို့လည်း သေချာမသိသေးဘူး။ ဘာကြောင့် ဖမ်းလဲဆိုတာ သေချာမသိသေးဘူး” ဟု ပြည်တော်သာ ရပ်ကွက်နေထိုင်သည့် အမျိုးသား တဦးက ပြောသည်။

တောင်ကြီးမြို့တွင် စစ်အာဏာရှင် အလိုမရှိ လူထုသပိတ် ကို စစ်ကောင်စီ လက်နက်ကိုင်တပ်ဖွဲ့ က နေ့စဉ်နဲ့ အမျှ အကြမ်းဖက်ဖြိုခွင်းမှုရှိနေသော်လည်း တောင်ကြီးပြည်သူများကတော့ ယနေ့ထိတိုင် စစ်အာဏာရှင်ကို ဆန့်ကျင်ဆန္ဒပြနေကြောင်း သိရသည်။

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...