တောင်ကြီး Heart Rock Cafe ပိုင်ရှင် ဖမ်းဆီးခံရ

တောင်ကြီး Heart Rock Cafe ပိုင်ရှင် ဖမ်းဆီးခံရ

သျှမ်းတောင် တောင်ကြီး ပြည်တော်သာရပ်ကွက် ကြံ့ခိုင်ရေးလမ်းရှိ Heart Rock Cafe ပိုင်ရှင် ဦးသန်းဦး ကို ယနေ့ (မတ် ၁၆)ရက် ညနေပိုင်း တွင် စစ်ကောင်စီ လက်နက်ကိုင်တပ်ဖွဲ့မှ ဝင်ရောက်ဖမ်းဆီးသွားကြောင်း သတင်းရရှိသည်။

ယနေ့ (မတ် ၁၆)ရက် ညနေ ၅နာရီခန့်တွင် စစ်ကောင်စီ လက်နက်ကိုင်တပ်ဖွဲ့ က Heart Rock Cafe ဆိုင်အတွင်းဝင်ရောက်လာပြီး၊ ဆိုင်ပိုင်ရှင် ဦးသန်းဦးအား ဖမ်းဆီးသွားကြောင်း၊ ဖမ်းဆီးရသည့်အကြောင်းရင်း အသေးစိတ်ကို မသိရှိသေးကြောင်း တောင်ကြီး ဒေသခံများက ပြောသည်။

“ ညနေ ၅နာရီခန့် က ရဲ၊စစ်သားတွေ Heart Rock Cafe ဆိုင်ကို ဝင်လာတယ်။ ပြီးတော့ ဦးသန်းဦးကို ဖမ်းဆီးသွားတယ်။ ကျနော်တို့လည်း သေချာမသိသေးဘူး။ ဘာကြောင့် ဖမ်းလဲဆိုတာ သေချာမသိသေးဘူး” ဟု ပြည်တော်သာ ရပ်ကွက်နေထိုင်သည့် အမျိုးသား တဦးက ပြောသည်။

တောင်ကြီးမြို့တွင် စစ်အာဏာရှင် အလိုမရှိ လူထုသပိတ် ကို စစ်ကောင်စီ လက်နက်ကိုင်တပ်ဖွဲ့ က နေ့စဉ်နဲ့ အမျှ အကြမ်းဖက်ဖြိုခွင်းမှုရှိနေသော်လည်း တောင်ကြီးပြည်သူများကတော့ ယနေ့ထိတိုင် စစ်အာဏာရှင်ကို ဆန့်ကျင်ဆန္ဒပြနေကြောင်း သိရသည်။

April 3, 2026
သျှမ်းပြည်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့တွင် စစ်ကော်မရှင်တပ်က လူငယ်များကို ပေါ်တာဆွဲဖမ်းဆီးမှုများ...
April 2, 2026
သျှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့နယ် နောင်တောင်းကျေးရွာအပါဝင် ညောင်ပင်ကျေးရွာအနီးနားရှိ...
April 1, 2026
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးခရိုင်အတွင်း စက်သုံးဆီ ရှားပါးလာမှုကြောင့် ပရဟိတ...
March 31, 2026
စစ်ရေးပဋိပက္ခကြား နေထိုင်သည့် ပြည်သူများသည် လက်ရှိ စစ်ကော်မရှင် ဦးဆောင်ကျင်းပသော လွှတ်တော်နှင့်...