နမ္မတူမြို့နယ် အတွင်းရှိ စစ်ရှောင် (၅၀၀)ကျော်နေရပ်မပြန်နိုင်သေး

နမ္မတူမြို့နယ် အတွင်းရှိ စစ်ရှောင် (၅၀၀)ကျော်နေရပ်မပြန်နိုင်သေး

သျှမ်းပြည်တောင်မြောက်ပိုင်း နမ္မတူမြို့နယ်အတွင်း မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ နှင့် RCSS/SSA တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် စစ်ဘေးရှောင် (၅၀၀) ကျော် ယနေ့ထိ နေရပ်သို့ မပြန်နိုင်သေးကြောင်း စုံစမ်းသိရှိရသည်။

ဖေဖော်ဝါရီ ပထမပတ်မှ စတင်ကာ လက်ရှိ အချိန်ထိ နမ္မတူမြို့နယ် အတွင်း မြောက်ပိုင်းမဟာမိတ် တပ်ဖွဲ နှင့် RCSS/SSA တို့သည် တိုက်ပွဲများဆက်လက် ဖြစ်ပွားနေသေးသဖြင့် စစ်ရှောင်များနေရပ်မပြန်နိုင်သေးကြောင်း စစ်ရှောင်ကော်မတီအဖွဲ့ဝင် တဦးက ပြောသည်။

“နှစ်ဖက် တိုက်ပွဲက စစ်ရေးတင်းမာနေတုန်းပဲ။ ဒီမနက်ပိုင်းလည်း နားကေးဘက် တိုက်ပွဲတွေ ဖြစ်နေတုန်းပဲ။ ခုဖြစ်နေတဲ့ တိုက်ပွဲက သူတို့ အဝေးကနေပဲ လက်နက်ကြီးနဲ့ တစ်ဖက်နဲ့ တစ်ဖက် ပစ်ကြတယ်။ စစ်ဘေးရှောင်တွေက နေခင်းပိုင်းမှာ အလုပ်ပြန်လုပ်ကြပြီး ညနေပိုင်းမှာ စစ်ရှောင်စခန်းမှာ လာအိပ်ကြတယ်” စစ်ရှောင် ကော်မတီဝင် တစ်ဦး သျှမ်းသံတော်ဆင့် ကိုပြောသည်။

မြောက်ပိုင်းမဟာမိတ်ဖြစ်သည့် SSPP/SSA ၊ TNLA တို့ နှင့် RCSS/SSA တို့သည် ၂၀၂၀ ဒီဇင်ဘာလ ကစပြီး ယနေ့ချိန်ထိ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ခြင်း၊ အဆိုပါ တိုက်ပွဲများသည် သီပေါမြို့နယ်၊ နမ္မတူမြို့နယ်၊ ကျောက်မဲမြို့နယ် တို့ ဖြစ်ပွားခဲ့ပြီး စစ်ဘေးရှောင်များလည်း နေရပ်သို့ စွန့်ခွာခဲ့ကြောင်း သတင်းရရှိသည်။

May 16, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် မိုးဗြဲ-ဖယ်ခုံ လမ်းပိုင်းတကြောကို စစ်ကော်မရှင်တပ်...
May 15, 2026
သျှမ်းပြည်အရှေ့ပိုင်း မက်မန်းမြို့နယ်အတွင်းရှိ သံလွင်မြစ်အနီးတွင် အွန်လိုင်းလိမ်လည်လောင်းကစားမှု...
May 14, 2026
မန္တလေး- မြစ်ကြီးနား ဗျူဟာလမ်းပိုင်းတစ်လျှောက်ကို စစ်တပ်က အပြည့်အဝပြန်လည်...
May 14, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် အရှေ့ပိုင်း ကျိုင်းတုံမြို့ နှင့် မိုင်းဖြတ်မြို့ကြား...