စစ်ခုံရုံးဖြင့် စစ်ဆေးစီရင်မည့် ပြစ်မှု ၂၃မျိုးတွင် သတင်းမီဒီယာ ပါဝင်

စစ်ခုံရုံးဖြင့် စစ်ဆေးစီရင်မည့် ပြစ်မှု ၂၃မျိုးတွင် သတင်းမီဒီယာ ပါဝင်

စစ်ခုံရုံးဖြင့် စစ်ဆေးစီရင်မည့် ပြစ်မှု ၂၃ မျိုး တွင် သတင်းမီဒီယာ လည်း ပါဝင်ကြောင်း စစ်ကောင်စီက ယနေ့ (မတ် ၁၅) ထုတ်ပြန်ကြေညာလိုက်သည်။

ထို ၂၃ မျိုးတွင် နိုင်ငံတော် သစ္စာ ဖောက်ဖျက်ပုန်ကန်မှု (ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၁၂၂) ၊ အစိုးရကို အကြည်ညိုပျက်အောင်ပြုလုပ်မှု (ရာဇသတ်ကြီးဥပဒေပုဒ်မ ၁၂၄-က) ၊စစ်တပ် သို့မဟုတ် တရားဥပဒေ စိုးမိုးရေးအဖွဲ့အစည်း၏ ဆောင်ရွက်မှုကို နှောင့်နှေးစေခြင်း သို့မဟုတ် ပျက်ပြားစေခြင်း (ရာဇသတ်ကြီးဥပဒေ ၁၂၄-ဂ) ၊ တပ်မတော်သားများ သို့မဟုတ် အစိုးရအမှုထမ်းများကို ဟန့်တားခြင်း သို့မဟုတ် နှောင့်ယှက်ခြင်း (ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၁၂၄-ဃ) တို့ ပါဝင်သည်။

ဆက်လက်ပြီး ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ ၊ အစိုးရ ဝန်ထမ်းတစ်ဦးအား ပြစ်မှုကျူးလွန်စေရန် တိုက်ရိုက် ဖြစ်စေ သွယ်ဝိုက်၍ဖြစ်စေ ထိတ်လန့်စေခြင်း သွေးထိုးလှုံ့ဆော်ခြင်း မမှန်သတင်းများဖြန့်ခြင်း (ပုဒ် ၅၀၅-က) နှင့် သတင်းမီဒီယာအခန်းကဏ္ဍလည်း ထည့်သွင်းပါဝင်ကြောင်း သိရသည်။

ထို့အပြင် မတရားအသင်း အက်ဥပဒေအရပြစ်မှုများ၊ လက်နက်အက်ဥပဒေအရ ပြစ်မှုများ၊ လူသတ်မှု၊ လူသေမှု၊ မုဒိန်းမှု၊ လုယက်မှု၊ ဓားပြမှု၊ အဂတိလိုက်စားမှု၊ ၁၉၉၃ခုနှစ်၊ မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ ပြစ်မှုများ၊ ပြည်သူပိုင် ပစ္စည်းကာကွယ်ရေး အက်ဥပဒေအရ ပြစ်မှုများ၊ ၁၉၆၃ခုနှစ်၊ အများနှင့် သက်ဆိုင်သော ပစ္စည်းများ ကာကွယ်စောင့်ရှောက်ရေး ဥပဒေအရ ပြစ်မှုများကိုလည်း စီရင်မည်ဟု ကြေညာထားသည်။

၁၉၄၇ ခုနှစ် မြန်မာနိုင်ငံ လူဝင်မှုကြီးကြပ်ရေး လတ်တလောပြဋ္ဌာန်းချက်များ အက်ဥပဒေအရ ပြစ်မှုများ၊ အီလက်ထရောနစ် ဆက်သွယ်ရေးဥပဒေအရ ပြစ်မှုများ၊ ရပ်ကွက် သို့မဟုတ် ကျေးရွာ အုပ်ချုပ်ရေးမှူး ဥပဒေအရ ပြစ်မှုများ၊ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေအရပြစ်မှုများလည်း ပါဝင်သည်။

May 16, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် မိုးဗြဲ-ဖယ်ခုံ လမ်းပိုင်းတကြောကို စစ်ကော်မရှင်တပ်...
May 15, 2026
သျှမ်းပြည်အရှေ့ပိုင်း မက်မန်းမြို့နယ်အတွင်းရှိ သံလွင်မြစ်အနီးတွင် အွန်လိုင်းလိမ်လည်လောင်းကစားမှု...
May 14, 2026
မန္တလေး- မြစ်ကြီးနား ဗျူဟာလမ်းပိုင်းတစ်လျှောက်ကို စစ်တပ်က အပြည့်အဝပြန်လည်...
May 14, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် အရှေ့ပိုင်း ကျိုင်းတုံမြို့ နှင့် မိုင်းဖြတ်မြို့ကြား...