တောင်ကြီးမြို့ နိုင်ငံတကာအမျိုးသမီးနေ့ ထဘီသပိတ်စစ်ကြောင်း ချီတက်ခွင့်မရ

တောင်ကြီးမြို့ နိုင်ငံတကာအမျိုးသမီးနေ့ ထဘီသပိတ်စစ်ကြောင်း ချီတက်ခွင့်မရ

မတ်(၈)ရက် နိုင်ငံတကာ အမျိုးသမီးများနေ့ တွင် တောင်ကြီးမြို့ အမျိုးသမီး ထဘီသပိတ်စစ်ကြောင်း ထွက်ရန် ကြိုးစားကြသော်လည်း စစ်ကောင်စီ၏ လက်နက်ကိုင် အဖွဲ့က တားဆီးပိတ်ပင်သဖြင့် ချီတက်ခွင့် မရခဲ့ကြကြောင်း သတင်းရရှိသည်။

ယမန်နေ့ တွင် နိုင်ငံတကာ အမျိုးသမီးများနေ့ အနေဖြင့် မြန်မာတဝှမ်းတွင် “ ငါတို့ထဘီ ငါတို့အလံ ငါတို့ အောင်ပွဲ” ဆိုသည့် ထဘီသပိတ်စစ်ကြောင်းကို ချီတက်ကြသည်။

တချို့ မြို့များတွင် အမျိုးသမီး ထဘီစစ်ကြောင်း ငြိမ်းချမ်းစွာဖြင့် ပြီးဆုံးခဲ့ပြီး၊ တချို့မြို့တွင် စစ်ကောင်စီ၏ လက်နက်ကိုင်အဖွဲ့မှအကြိမ်ကြိမ်ဖြိုခွင်းသည့်ကြားက အောင်မြင်စွာပြီးဆုံးခဲ့သည်။

သို့သော် တောင်ကြီးမြို့တွင် အမျိုးသမီး ထဘီစစ်ကြောင်း မစတင်ခင် စစ်ကောင်စီ၏ လက်နက်ကိုင်အဖွဲ့ က လာရောက်တားဆီးပြီး စစ်ကြောင်း သပိတ်ဖြိုခွင်း ကာ ချီတက်မရအောင် ပိတ်ပင်ခဲ့ကြောင်း အမျိုးသမီး ထဘီစစ်ကြောင်းတွင် ပါဝင်သည့် အမျိုးသမီး တဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ ကျမတို့လူစုနေတဲ့ အချိန်မှာပဲရှိသေးတယ်။ လုံခြုံးရေးယူပေမယ့် ဒိုင် ကာပေးမယ့် အဖွဲ့တောင်မရောက်သေးဘူး ဖြိုခွင်ခံရးတယ်။ ကျမတို့စီစဉ်ထားတဲ့ဟာတွေနဲ့ ဘာမှ မလုပ်ရတဲ့အတွက်တော့ ဝမ်းနည်းတယ်” ဟု အမျိုးသမီး သပိတ်စစ်ကြောင်းတွင် ပါဝင်သည့် သူက ဆိုသည်။

နိုင်ငံတကာ အမျိုးသမီးများနေ့ အနေဖြင့် ထဘီ အလံလွှင့်ပြီး အနောက်မြို့ပတ်လမ်း ကို အမျိုးသမီး အင်အား ၂၀၀ ကျော် သည် ပြည်တော်သာရပ်ကွက် တွင် လူစုစည်းခဲ့ချိန် ဖြိုခွင်းခံရကြောင်း သိရသည်။

“ အမျိုးသမီးထဘီ စစ်ကြောင်းကို ကြောက်တဲ့သဘောလားပေါ့။ ကျမတို့က ထဘီအလံလွှင့်ပြီး ငြိမ်းချမ်းစွာ စီတန်းဆန္ဒထုတ်ဖော်မှာ ကိုမလိုလားတာလား။ ထီဘီ အလံဟာ တော်တော်အောင်မြင်တယ်လို့ ကျမခံယူတယ်” ဟု တောင်ကြီးမြို့ ထဘီစစ်ကြောင်းတွင် ပါဝင်သည့် အသက် ၂၅နှစ်ကျော် အမျိုးသမီး တဦး ကပြောသည်။

လက်ရှိ အာဏာသိမ်း စစ်ကောင်စီသည် အမျိုးသမီး ထဘီအလံကို ကြောက်နေကြပြီး၊ ယခု စစ်အာဏာရှင်တော်လှန်သည့်နေရာ တွင် ထဘီသည် တန်ဖိုးကြီးသည့် အရာတခုဖြစ်လာပြီး၊ ရဲ၊ စစ်တပ်များ သပိတ်စစ်ကောင်း ကိုဖြိုခွင်းမရအောင် အမျိုးသမီး ထဘီ များနှင့် ခံတပ်ပြုလုပ်လာကြသည်။

May 16, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် မိုးဗြဲ-ဖယ်ခုံ လမ်းပိုင်းတကြောကို စစ်ကော်မရှင်တပ်...
May 15, 2026
သျှမ်းပြည်အရှေ့ပိုင်း မက်မန်းမြို့နယ်အတွင်းရှိ သံလွင်မြစ်အနီးတွင် အွန်လိုင်းလိမ်လည်လောင်းကစားမှု...
May 14, 2026
မန္တလေး- မြစ်ကြီးနား ဗျူဟာလမ်းပိုင်းတစ်လျှောက်ကို စစ်တပ်က အပြည့်အဝပြန်လည်...
May 14, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် အရှေ့ပိုင်း ကျိုင်းတုံမြို့ နှင့် မိုင်းဖြတ်မြို့ကြား...