နမ္မတူ တိုက်ပွဲအတွင်း အမျိုးသမီးတဦးသေ၊ တဦးဒဏ်ရာရ

နမ္မတူ တိုက်ပွဲအတွင်း အမျိုးသမီးတဦးသေ၊ တဦးဒဏ်ရာရ

သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ်အတွင်း တိုင်းရင်းသားလက်နက်ကိုင်အချင်းချင်းတိုက်ပွဲကြောင့် အမျိုးသမီး တဦးသေဆုံးပြီး၊ တဦး ဒဏ်ရာရရှိကြောင်းသိရသည်။

နမ္မတူမြို့နယ် မန်စံကျေးရွာ အနီးတွင် မြောက်ပိုင်းမဟာမိတ် အဖွဲ့ ဖြစ်သည့် SSPP/SSA နှင့် TNLA ပူးပေါင်း တပ် နှင့် RCSS/SSAတို့ တိုက်ပွဲ ယနေ့ အချိန်ထိ ဖြစ်ပွားနေကြောင့် ဒေသခံများပြောပြချက် အရသိရသည်။

မတ်လ (၁)ရက်နေ့တွင်လည်း တိုင်းရင်းသားအချင်းချင်းတိုက်ပွဲကြောင့် အမျိုးသမီး တဦး အသက်ဆုံးရှုံးခဲ့ရပြီး၊ ယနေ့ မတ်(၃)ရက်မှာလည်း တိုက်ပွဲကြောင့် အသက် (၃၅)နှစ်အရွယ် အမျိုးသမီး လက်နက်ထိမှန်ခဲ့ကြောင်း သိရသည်။

“ မတ် ၁ရက်မှာတော့ အသက် (၅၀)အရွယ် အမျိုးသမီး လက်နက်ကြီးထိလို့ လားရှိုးဆေးရုံပို့တယ်။ ဆေရုံမှာဆုံးသွားတယ်။ ဒီနေ့တော့ လက်နက်ကြီးစထိလို့ နဖူး၊ခန္ဓာကိုယ်အနည်းငယ်ထိတယ်။ သူလည်း လားရှိုးဆေးရုံမှာပါ” ဟု နမ္မတူ စစ်ဘေးရှောင်ကော်မတီမှ လုံးဘဉာဏ် က ပြောသည်။

နမ္မတူမြို့နယ် အတွင်း ယနေ့မနက်ပိုင်းမှ တိုက်ပွဲ စတင်ကာ နေ့လည်ပိုင်းထိ ဖြစ်ပွားကြောင်း၊ အမျိုးသမီး တဦး လက်နက်ကြီးထိမှန်ဒဏ်ရာရရှိပြီး စိုးရိမ်ရကြောင်းလည်း ဒေသခံများက ပြောသည်။

လွန်ခဲ့သည့် ဖေဖော်ဝါရီ ၁၅ရက် တွင်လည်း ကျောက်မဲမြို့နယ် တော့ဆန်ကျေးရွာအနီး တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့ အချင်းချင်း တိုက်ပွဲကြောင့် အရပ်သားနေအိမ် လက်နက်ကြီးထိမှန်ကာ ကိုယ်ဝန်သည် အမျိုးသမီး တဦး နှင့် အမျိုးသားတဦး ပွဲချင်းပြီး သေဆုံးခဲ့သည်။

ထိုတိုက်ပွဲများကြောင့် သျှမ်းမြောက် ကျောက်မဲမြို့နယ် နှင့် နမ္မတူမြို့နယ်အတွင်း စစ်ဘေးရှောင် တထောင်ကျော် ရှိကြောင်း စစ်ဘေးရှောင်ကူညီပေးနေသူများက ပြောသည်။

ထို့အပြင် ကျောက်မဲမြို့နယ် တော့ဆန်အတွင်း တိုက်ပွဲများဆက်လက် ဖြစ်ပွားတင်းမာနေသဖြင့် စစ်ဘေးရှောင် ၁၈၀ဦး အတွက် စားနိပ်ရိက္ခာသွားရောက်ပို့ဆောင်ရန် ခက်ခဲနေကြောင်းလည်း စုံစမ်းသိရသည်။

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...