နမ္မတူ တိုက်ပွဲအတွင်း အမျိုးသမီးတဦးသေ၊ တဦးဒဏ်ရာရ

နမ္မတူ တိုက်ပွဲအတွင်း အမျိုးသမီးတဦးသေ၊ တဦးဒဏ်ရာရ

သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ်အတွင်း တိုင်းရင်းသားလက်နက်ကိုင်အချင်းချင်းတိုက်ပွဲကြောင့် အမျိုးသမီး တဦးသေဆုံးပြီး၊ တဦး ဒဏ်ရာရရှိကြောင်းသိရသည်။

နမ္မတူမြို့နယ် မန်စံကျေးရွာ အနီးတွင် မြောက်ပိုင်းမဟာမိတ် အဖွဲ့ ဖြစ်သည့် SSPP/SSA နှင့် TNLA ပူးပေါင်း တပ် နှင့် RCSS/SSAတို့ တိုက်ပွဲ ယနေ့ အချိန်ထိ ဖြစ်ပွားနေကြောင့် ဒေသခံများပြောပြချက် အရသိရသည်။

မတ်လ (၁)ရက်နေ့တွင်လည်း တိုင်းရင်းသားအချင်းချင်းတိုက်ပွဲကြောင့် အမျိုးသမီး တဦး အသက်ဆုံးရှုံးခဲ့ရပြီး၊ ယနေ့ မတ်(၃)ရက်မှာလည်း တိုက်ပွဲကြောင့် အသက် (၃၅)နှစ်အရွယ် အမျိုးသမီး လက်နက်ထိမှန်ခဲ့ကြောင်း သိရသည်။

“ မတ် ၁ရက်မှာတော့ အသက် (၅၀)အရွယ် အမျိုးသမီး လက်နက်ကြီးထိလို့ လားရှိုးဆေးရုံပို့တယ်။ ဆေရုံမှာဆုံးသွားတယ်။ ဒီနေ့တော့ လက်နက်ကြီးစထိလို့ နဖူး၊ခန္ဓာကိုယ်အနည်းငယ်ထိတယ်။ သူလည်း လားရှိုးဆေးရုံမှာပါ” ဟု နမ္မတူ စစ်ဘေးရှောင်ကော်မတီမှ လုံးဘဉာဏ် က ပြောသည်။

နမ္မတူမြို့နယ် အတွင်း ယနေ့မနက်ပိုင်းမှ တိုက်ပွဲ စတင်ကာ နေ့လည်ပိုင်းထိ ဖြစ်ပွားကြောင်း၊ အမျိုးသမီး တဦး လက်နက်ကြီးထိမှန်ဒဏ်ရာရရှိပြီး စိုးရိမ်ရကြောင်းလည်း ဒေသခံများက ပြောသည်။

လွန်ခဲ့သည့် ဖေဖော်ဝါရီ ၁၅ရက် တွင်လည်း ကျောက်မဲမြို့နယ် တော့ဆန်ကျေးရွာအနီး တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့ အချင်းချင်း တိုက်ပွဲကြောင့် အရပ်သားနေအိမ် လက်နက်ကြီးထိမှန်ကာ ကိုယ်ဝန်သည် အမျိုးသမီး တဦး နှင့် အမျိုးသားတဦး ပွဲချင်းပြီး သေဆုံးခဲ့သည်။

ထိုတိုက်ပွဲများကြောင့် သျှမ်းမြောက် ကျောက်မဲမြို့နယ် နှင့် နမ္မတူမြို့နယ်အတွင်း စစ်ဘေးရှောင် တထောင်ကျော် ရှိကြောင်း စစ်ဘေးရှောင်ကူညီပေးနေသူများက ပြောသည်။

ထို့အပြင် ကျောက်မဲမြို့နယ် တော့ဆန်အတွင်း တိုက်ပွဲများဆက်လက် ဖြစ်ပွားတင်းမာနေသဖြင့် စစ်ဘေးရှောင် ၁၈၀ဦး အတွက် စားနိပ်ရိက္ခာသွားရောက်ပို့ဆောင်ရန် ခက်ခဲနေကြောင်းလည်း စုံစမ်းသိရသည်။

May 16, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် မိုးဗြဲ-ဖယ်ခုံ လမ်းပိုင်းတကြောကို စစ်ကော်မရှင်တပ်...
May 15, 2026
သျှမ်းပြည်အရှေ့ပိုင်း မက်မန်းမြို့နယ်အတွင်းရှိ သံလွင်မြစ်အနီးတွင် အွန်လိုင်းလိမ်လည်လောင်းကစားမှု...
May 14, 2026
မန္တလေး- မြစ်ကြီးနား ဗျူဟာလမ်းပိုင်းတစ်လျှောက်ကို စစ်တပ်က အပြည့်အဝပြန်လည်...
May 14, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် အရှေ့ပိုင်း ကျိုင်းတုံမြို့ နှင့် မိုင်းဖြတ်မြို့ကြား...